Strategic Marketing
14000 (ကျပ်)
ဒီစာအုပ်ဟာ မားကတ်တင်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် သီအိုရီတွေ ရေးပြထားတဲ့ စာအုပ်တစ်အုပ်မဟုတ်ပါဘူး။ #AskAlex ဟာ စာရေးသူရဲ့ Live Session တွေ ဖြစ်တဲ့ မေးချင်ရာမေး ကဏ္ဍတွေကနေ စုစည်းထားတဲ့ လက်တွေ့ကျကျအဖြေတွေနဲ့ အကြံဉာဏ်တွေကို စုစည်းထားတာဖြစ်ပါတယ်။ စာအုပ်မှာပါဝင်တဲ့ အရာအားလုံးကလည်း ဝယ်သူတွေရဲ့ အပြုအမူအခြေခံတွေနဲ့ ထိရောက်နိုင်တဲ့ မားကက်တင်းနည်းလမ်းတွေကို အခြေခံထားပါတယ်။
AskAlex ထဲမှာပါတဲ့ ဆွေးနွေးချက်တွေက အတွေ့အကြုံ၊ ရာထူး၊ လုပ်ငန်းနယ်ပယ်၊ အရွယ်အစားမရွေး ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို ကူညီဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ အခန်းတစ်ခုစီကို ဘယ်လုပ်ငန်းအဖွဲ့အစည်းကမဆို လက်တွေ့အသုံးချနိုင်မှာဖြစ်ပြီး မားကက်တင်းနဲ့ လုပ်ငန်းတစ်ခုကို လူတွေရင်ထဲရောက်ဖို့ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မားကက်တင်းသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ ဆက်နွယ်နိုင်တဲ့ ပြဿနာတွေကို အခန်းလိုက်ဖြေရှင်းချက်တွေနဲ့အတူ ဒီစာအုပ်မှာ ဖတ်နိုင်မှာပါ။ ဒီစာအုပ်မှာ အရောင်းအဝယ်လုပ်ငန်းတွေကိုပဲ အာရုံစိုက်ပြီးပြောထားပေမယ့် တချို့အဖြေတွေကိုတော့ NGO/NPO ကဏ္ဍတွေမှာလည်း အသုံးချနိုင်မှာဖြစ်ပါတယ်။
စာမျက်နှာ | 190 |
---|---|
စာအုပ်အရွယ်အစား | 5.7 x 0.4 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | စာပေလမ်းစာပေ ၊ 2023 ဇူလိုင်လ(ပထမ-ကြိမ်) |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ