အပ္ပမာဒေန

( 1 မှတ်ချက်)

7000 (ကျပ်)

စာအုပ်နာမည် အပ္ပမာဒေန ဆိုတာကတော့ အားလုံးသိပြီးသား အနက်အဓိပ္ပါယ်မို့ မရှင်းပြတော့ပါဘူး။ လူဆိုတာ အတိတ်နဲ့ ရန်ဖြစ်နေလေ့ရှိတဲ့ သတ္တဝါဆိုတဲ့ အာရင်ဘတ်စကားကို ကျနော်သဘောကျပါတယ်။ လူ့ဘ၀ဆိုတာ နှစ်တွေနဲ့ ရေတွက်လို့မရဘူးဆိုတဲ့ ဩဂပ်စတပ်အီဗန်ရဲ့ စကားကိုလည်း ကျနော်နှစ်ခြိုက်မိပါတယ်။ ဒါကြောင့်လည်းခုလိုမျိုး အပ္ပမာဒေန လို့ နာမည်ပေးရတာပါပဲ။ ဘ၀မှာ ဘယ်တော့မှ မမေ့မလျော့ အမြဲအမှတ်ရနေမယ့်အဖြစ်အပျက်တွေကို ကျနော်တို့လို ရှင်သန်ဆဲလူသားများက မသယ်ဆောင်ချင်ပေမယ့်လည်း ဘ၀တလျှောက်လုံး သယ်ဆောင်သွားရပါတယ်။ အတိတ်ဆိုတာ ဖြစ်ပျက်ပြီးပြီဆိုတာနဲ့ရော့ဟာ ဆိုပြီး အတိတ်မှာတင်ပဲ လွှတ်ချထားလိုက်လို့ရတဲ့ ရုပ်၀တ္ထုပစ္စည်းတခုမဟုတ်ပဲ။ ဒီတော့ ဘ၀တလျှောက်လုံး မိမိဘယ်နေရာ ဘယ်အရပ်ပဲ သွားသွား သွားလေရာကို သယ်ဆောင်သွားရတယ်။

ဘယ်ဆောင်သွားရင်း သယ်ရတာ ပင်ပန်းညောင်းညာလာတဲ့အခါ ရောက်ရာပစ္စပ္ပန်တိုင်းမှာ အတိတ်ကသယ်လာတဲ့  အထုပ်ကြီးကို ဖြည်ချပြီးတော့ ပြန်လည်ဆန်းစစ်ရတယ်။ ဆင်ခြင်ရတယ်  လည်ပြန်ကြည့်ရတယ် ဒီလိုမျိုးအတိတ်ကိုအမြဲပြန်လည် ဆန်းစစ်ဆင်ခြင်မှုတွေများလာတဲ့အခါ အတိတ်ကနေ စိစစ်ပြီးတော့မှရလာတဲ့ သင်ခန်းစာတွေ အတွေ့အကြုံတွေက ကျနော်တို့အတွက် ရင့်ကျက်မှု ဆုလာဘ်တခုအဖြစ် အမြတ်အနေနဲ့ ရရှိလာခဲ့ပါတယ်။

စာမျက်နှာ

123

စာအုပ်အရွယ်အစား

4.8 x 0.4 x 7.5 inches

ပုံနှိပ်မှတ်တမ်း

Book Tree စာပေ 2022 စက်တင်ဘာလ (ပထမအကြိမ်)

Out of stock

အပ္ပမာဒေန အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thu Shyan

    စာအုပ်နာမည်ကိုစိတ်ဝင်စားလို့ဝယ်ဖတ်ကြည့်တာ
    ရောက်”ချင်း တစ်ထိုင်တည်းဖတ်ဖြစ်ခဲ့တယ်
    စာအုပ်ကတော့ ၂၀၀၈ နာဂစ်မုန်တိုင်းတိုက်တဲ့အချိန် မြစ်ဝကျွန်းပေါ်‌ဒေသကိုအခြေတည်ထားတယ် စာအုပ်ထဲကအဖြစ်အပျက်တွေဟာ စာရေးသူကိုယ်တိုင်ကြုံခဲ့တာတွေကိုပြန်ရေးထားတာလို့သိရတယ်။ စိတ်ဝင်စားဖို့လည်းကောင်းသလို အဲ့တုန်းကလူမသိသူမသိအဖြစ်အပျက်တွေလည်းသိခဲ့ရတယ်။ အစိုးရရဲ့‌ညံ့ဖျင်းမှုတွေ၊လိုအပ်ချက်‌ေတွလည်း တစိတ်တဒေသထည့်သွင်းရေးထားတော့ အကြောင်းအရာစုံ”လင်”နဲ့ဖတ်လို့ကောင်းတဲ့စာအုပ်ပါ။(နှလုံးရောဂါအခံရှိသူ‌‌တွေ၊ ရက်”စက်”အဖြစ်အပျက်တွေကိုမခံစားနိုင်တဲ့သူတွေတော့မဖတ်သင့်ပါ့ဘူးလို့ စာရေးဆရာကပြောထားပါတယ် စာအုပ်တစ်အုပ်လုံးနီးပါး အနိဌာရုံမြင်ကွင်းတွေနဲ့ပြည့်နေလို့ပါပဲ)

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကွိုင် စာအုပ်များ