
မနက်ဖြန်မှပြုံးတော့မယ်
4000 (ကျပ်)
…
စာမျက်နှာ | 240 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.4 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2018 သြဂုတ်လ၊ (ပ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.12.2021 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၄၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
2 in stock
Rachel Lian –
အရမ်းကောင်းတယ် ။
Myint Myat Kyi Phyu –
#မနက်ဖြန်မှပြုံးတော့မယ်
#သော်တာအေးလဲ့
စာအုပ်နာမည်ကလည်း ”မနက်ဖြန်မှပြုံးတော့မယ်” တဲ့ ဒီနေ့ပြုံးလို့မရဘူးလားလို့ ကျွန်တော့်လို တွေးတဲ့လူတွေရှိရင်ရှိမှာ
နာမည်ကိုကြည့်ရုံနဲ့ ပျော်စရာအချစ်ဝတ္ထုမဟုတ်ဘူးဆိုတာတော့ သိကြမယ်လို့ထင်တယ်
ဇာတ်လမ်းအကျဥ်းချုပ်လေးကို ပြောပြမယ်
အဓိကဇာတ်ကောင်က ကျီးညို (ခ) စိမ့် ဆိုတဲ့ မိန်းမကလေးပေါ့။
“မောင်နှမ ဝမ်းကွဲချင်းယူပြီး ရလာတဲ့ကလေးက ကျပ်မပြည့်ဘူး” လို့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေအောက်မှာ အမြဲအနှိမ်ခံဘဝနဲ့ နေခဲ့ရတဲ့ကျီးညို
မိဘအုပ်ထိန်းမှုနဲ့ကင်းမဲ့၊ အဒေါ်နဲ့သာအတူနေပြီး ကြီးပြင်းခဲ့ရတဲ့ ကျီးညို
အပျိုဖော်ဝင်တဲ့အချိန်မှာတောင် အစ်ကိုဝမ်းကွဲဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို လက်တုန့်မပြန်ရဲဘဲ အောင့်အီးသည်းခံခဲ့ရတဲ့ ကျီးညို၊
(မိခင်ကွယ်လွန်ပြီး အဖွားဖြစ်သူနဲ့အတူ ရန်ကုန်ကိုလိုက်ခဲ့ပြီး စိမ့် ဆိုတဲ့နာမည်နဲ့ ဘဝအသစ်တစ်ခုကိုစခဲ့ရတယ်)
အိမ်သားတွေရဲ့ မကြည်ဖြူမှုအောက်မှာ အဖွားဖြစ်သူရဲ့ မျက်နှာတစ်ခုကို ကြည့်ကာ အဖွားရဲ့ ပဲ့ကိုင်ထိန်းသိမ်းမှုအောက်မှာ ရှင်သန်ခဲ့ရတဲ့ စိမ့်
အရွယ်လေးကလည်းရောက် စိတ်ကစားတဲ့အရွယ်မှာ လူတစ်ယောက်ကိုချစ်မိတဲ့နောက် စိတ်ကူးယဥ်အိပ်မက် မက်ခဲ့တယ်
” ချစ်တာကချစ်တာပဲ၊ တခြားရှုပ်ယှက်ခတ်မယ့် ဘယ်ကိစ္စမျိုးမှ မပါဘူး။ ချစ်တယ်ဆိုတဲ့ ခံယူချက်ဟာ သိပ်သန့်စင်တာ။ တခြားဘာမှမပါဘဲ သူ့အတိုင်းနဲ့တင် ပြည့်စုံနေတယ်မဟုတ်လား” ဆိုပြီး သူခံယူထားတဲ့ အချစ်
ဒါပေမယ့်…သူထင်သလိုမျိုး ဖြစ်မလာခဲ့ဘူး
ထိုလူနဲ့ပဲ မယူရင်မဖြစ်တော့တဲ့ အခြေနေတစ်ခုမှ သူ့ဆန္ဒမပါဘဲ အတင်းကျပ် လက်ထပ်ခဲ့ရတဲ့နောက်
ချစ်သူအပေါ် အချစ်တွေသေဆုံးသွားခဲ့တဲ့ စိမ့်
ငယ်ငယ်ကတည်းကလည်း စိတ်ဒဏ်ရာကို အလူးလဲခံစားခဲ့ရတာတွေ၊ မိသားစုအချင်းချင်း ၊ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ကဲ့ရဲ့ရှုတ်ချမှုတွေကြား ခေါင်းမဖော်ရဲအောင် ဖြစ်ခဲ့ရတာတွေ၊ အိမ်ထောင်ရေးမသာယာမှုတွေကြောင့် တဖြည်းဖြည်း စိတ်ဝေဒနာသည် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီး ဘယ်လိုမျိုး ဒုက္ခတွေ၊ သောကတွေနဲ့ ပူလောင်ခဲ့ရလဲဆိုတာ ဖတ်နေရင်း ရင်ထဲမွန်းကျပ်လာတာပဲ
နောက်ပြီး ဒီစာအုပ်က Psychoဘက်ကို လုံးလုံးသွားတယ်လို့ထင်တယ် (မိမိအမြင်သက်သက်)
စိတ်ဝေဒနာကို ခံစားနေရတဲ့လူတွေရဲ့ လက္ခာတွေ၊ လူနာရဲ့ဇာစ်မြစ်ကိုလိုက်ပြီး ရောဂါကိုဖော်ထုတ်တာတွေကိုလည်း သေချာ လေ့လာလို့ရတယ်
လူလူချင်း စာနာမှုကင်းမဲ့တဲ့ ပတ်ဝန်းကျင်၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး သေသွားအောင် စကားလုံးတွေနဲ့ အမျိုးမျိုး ထိုးနှက်တဲ့လူတွေ၊ ကျွန်တော့်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုလူမျိုးတွေ ရှိသင့်တယ် မရှိသင့်ဘူးဆိုတာပါ ဆင်ခြင်သုံးသပ်လို့ရနိုင်မယ်
တစ်ခုသတိပေးချင်တာက စစဖတ်ချင်း နည်းနည်းတော့ အကြောင်းရာကို နားမလည်ဖြစ်ချင်ဖြစ်လိမ့်မယ် ၊ နောက်ပြီး စိမ့်ကိုပါ နားမလည်ဘဲဖြစ်လိမ့်မယ်
ဒါပေမဲ့ စာအုပ်ရဲ့ သုံးပုံနှစ်ပုံလောက်ရောက်သွားရင်တော့ အကုန်လုံးကို တဖြည်းဖြည်း သိပြီးသဘောပေါက်လာပါလိမ့်မယ်
ဒါကြောင့် စိမ့်ဆိုတဲ့ မိန်းကလေး မနက်ဖြန်မှာရော ပြုံးနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ဖတ်ပြီးတော့သာ ခံစားကြည့်ပါလို့ တိုက်တွန်းပါရစေ။
#ကြည်ဖြူသန့်
Aye Thiri Nyein –
#မနက်ဖြန်မှပြုံးတော့မယ်
#သော်တာအေးလဲ့
စိမ့်လှယဥ်တဲ့..။
ကျီးညိုလို့ထပ်ခါထပ်ခါပြောနေပေမယ့် ကျီးညိုလို့မခေါ်ရက်ခဲ့ပါဘူး။
အစပိုင်းမှာ စိမ့်ကိုချဥ်းကပ်ရခက်ပါတယ်။
စိမ့်က အမြဲတမ်း အားငယ် စိတ်ဓာတ်ကျနေတဲ့ မိန်းကလေးဆိုတာလောက်ပဲ နားလည်ရင်း ဆက်ဖတ်ခဲ့ရတာ။
စိမ့်ရဲ့စိတ်အခြေအနေကြောင့် စိမ့်ရဲ့အနီးအနားဝန်းကျင်တောင် အုံ့မှိုင်းနေသလိုခံစားရပါတယ်။ ဘာမှန်းမသိ တခါတခါအော်ငိုပစ်ချင်တာမျိုးတွေရော တခုခုကိုဝမ်းနည်းနေရသလိုမျိုးတွေရော..စိမ့်က လွှမ်းမိုးနိုင်ပါတယ်။
ဘာလင်ရောက်တော့ စိမ့်အခြေအနေကို အကဲခတ်မိပေမယ့် မြန်မာပြည်ပြန်လာရင် အဆင်ပြေသွားမယ်ပဲ ထင်ခဲ့တာပါ။
ပြီးတော့..
ဘဘကြီးကို မုန်းပါတယ်။
စိမ့်က မုန်းမိလားမမုန်းမိလားမသိပေမယ့်
ကိုယ်ကတော့ မုန်းပါတယ်။
ပြီးတော့ ကျော်ကျော့်ကို မုန်းပါတယ်။
နားရင်းတွေပူပြီး သွေးတွေဖျဥ်းခနဲဖြစ်ရတယ်။
ကျော်ကျော့်ကို ထပြီးပါးရိုက်ချင်စိတ်ကို တော်တော်ထိန်းရပါတယ်။(ကိုယ်လည်းရိုက်လို့မရတော့ ခံရလည်းတယ်ခက်ပါတယ်)
တငွေ့ငွေ့နဲ့ မွေးကတည်းက လောင်လာတဲ့မီးက စိမ့်ကို ပိုဆိုးစေပါတယ်။ စိမ့်ရဲ့ဘဝကို မှောင်မည်းနေတဲ့ အခန်းကျဥ်းကျဥ်းလေးလိုမြင်မိတယ်။ စိမ့်ဘဝမှာ အမေနဲ့အတူရှိရတဲ့ ရက်လေးအနည်းငယ်ကပဲ အပျော်ဆုံးဖြစ်ခဲ့ဖူးတာလား။
လင်းသာနဲ့ကိစ္စကတော့ သာမာန်လူဆိုအဲလိုမဖြစ်လောက်ပေမယ့် စိတ်အခံရှိတဲ့စိမ့်နဲ့မို့ ပိုဆိုးသွားတာပါ။ ဒါပေမယ့် ဘေးလူအမြင်မှာ ဘာမှမဟုတ်ဘူး ဘာမှမဖြစ်ဘူးလို့ ထင်တာတွေကပဲ ကျမတို့ဘဝကို ခြောက်လှန့်တတ်တာပဲမလား။
ယမုန့်ဆီကို ဂျိမ်းကိုခေါ်သွားတော့ ကြက်သီးတွေတောင်ထရတယ်။ စိမ့်ရယ်..လို့။
အဲလောက်ထိလုံးဝမမျှော်လင့်ခဲ့တာပါ။
သနားတာထက် ပိုပါတယ်။
ဘယ်လိုနားလည်ပေးရမှန်းမသိလောက်အောင် စိမ့်ရဲ့နာကျင်မှုတွေက နက်ရှိုင်းတယ်။
မနက်ဖြန်မှ ပြုံးတော့မယ်တဲ့
စိမ့်တကယ် ပြုံးနိုင်ရဲ့လား။
မနက်ဖြန်က စိမ့်အတွက်တကယ်ရှိလားတောင် မတွေးတတ်တော့ပါဘူး။
မိန်းကလေးတွေရော ယောင်္ကျားလေးတွေရော ဖတ်ကြည့်သင့်တဲ့စာအုပ်ပါ။