မန်နေဂျာတွေကို မုန်းတယ်

( 0 မှတ်ချက်)

4000 (ကျပ်)

ယခုစာအုပ်၏ရည်ရွယ်ချက်သည် မန်နေဂျာတွေနဲ့ HR ပညာရှင်တွေအတွက် သူတို့ဝန်ထမ်းတွေ မပျော်ရွှင်ကြတဲ့ အကြောင်းရင်းနဲ့  သူတို့ရဲ့ လုပ်ငန်းခွင်ကို ပိုမိုရင်းနှီးဖော်ရွေပြီး ကုန်ထုတ်စွမ်းအားကောင်းတဲ့ ပတ်ဝန်းကျင်စေဖို့ အကူအညီဖြစ်စေပါတယ်။
စာအုပ်ထဲတွင် ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပက်သက်ပြီး သုတေသနကိစ္စရပ်များအတွက် အပိုင်း (၅)ပိုင်းပါဝင်ပါတယ်။
အပိုင်း (၁)တွင် ဝန်ထမ်းတွေ အလုပ်လုပ်တဲ့ နေရာမှာ  လွတ်လပ်ခွင့်မပေးတာရယ်၊ သူတို့က ကလေးလိုပဲ ဆက်ဆံခံရတာနဲ ပက်သက်ပြီး ဘယ်လို မကျေနပ်ဖြစ်ကြလဲဆိုတာ ဖော်ပြထားပါတယ်။ ပြီးတော့ မန်နေဂျာတွေက ဝန်ထမ်းတွေကို လူကြီးလို ဘယ်လိုဆက်ဆံလို့ရလဲဆိုတာ ဆွေးနွေးထားပါတယ်။
အပိုင်း (၂) တွင် အဖွဲ့အစည်းအများစုမှာ မန်နေဂျာတွေက ဝန်ထမ်းတွေရဲ့အလုပ်ကို မလေးစားကြပါဘူး။ ဝန်ထမ်းတွေကလည်း မန်နေဂျာတွေရဲ့ ဆုံးဖြတ်ချက်ကို မလေးစားကြပါဘူး။ ဒီသံသရာစက်ဝန်းကို ဘယ်လိုဖောက်ထွက်မလဲ ဆွေးနွေးထားပါတယ်။
အပိုင်း (၃) တွင် ဝန်ထမ်းတွေရဲ့ အလုပ်လိုအပ်ချက်တွေကို ဘယ်လိုထောက်ပံ့ပေးဖို့၊ စည်းကမ်းအရမ်းတင်းကျပ်တာတွေ ဘယ်လို ရှောင်ကြဉ်ဖို့၊ ဌာနအချင်းချင်း ပြောဆိုဆက်သွယ်မှုမရှိတာ၊ အစည်းအဝေးကို အဓိပ္ပာယ်ရှိရှိမလုပ်တာနဲ့ ပက်သက်ပြီး ဆွေးနွေးထားပါတယ်။
အပိုင်း (၄) တွင် ဝန်ထမ်းအများစု က ထိုက်တန်တဲ့ လုပ်ခလစာတိုးတာ၊ ရာထူးတိုးတာတွေ ရနိုင်တဲ့ အခွင့်အရေးမရှိည့်အတွက် မန်နေဂျာတွေကို ကျေးဇူးမတင်ကြပါဘူး။ အဲဒီပြဿနာတွေကို မန်နေဂျာတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာနဲ့ ပက်သက်ပြီး ဆွေးနွေးထားပါတယ်။
နောက်ဆုံး အပိုင်း (၅) တွင် ဝန်ထမ်းတွေဘက်က အဖွဲ့အစည်းနဲ့ ဝေးကွာနေသလို ခံစားနေရတာ၊ အဖွဲ့အစည်းအပေါ်စိတ်နှစ်မှုမရှိတာ၊ အလုပ်ကို “အလုပ်လေးပါပဲ” လို့မြင်တာ၊ အဖွဲ့အစည်းအတွက် စိတ်အားထက်သန်မှုမရှိတာတွေကို မန်နေဂျာတွေဘက်က ဘယ်လို ကူညီနိုင်မလဲ ဆွေးနွေးထားပါတယ်။

စာမျက်နှာ

234

စာအုပ်အရွယ်အစား

5.6 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကောင်းကျော်စာပေ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မန်နေဂျာတွေကို မုန်းတယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဝင်းနိုင်စိုး စာအုပ်များ