လှိုင်းပေါ်ကလူ (20% OFF)

( 0 မှတ်ချက်)

2800 (ကျပ်)

• လှိုင်းပေါ်ကလူ စာအုပ်လေးထဲမှာ ၀တ္ထုတို (၁၅) ပုဒ် ပါဝင်လေရာ အားလုံးကို ရေးမပြနိုင်သောလည်း ဆရာငဒိန်း၏ အလေးထား အားစိုက်မှုတွေကို မြင်တွေ့ရသည့်အတွက် ရသစာပေမျိုးဆက်သစ်အတွက် အားတက်မှုဖြစ်ရကြောင်းကိုတော့ မှတ်တမ်းတင်ပါသည်။ အပြောကျယ်လှသော ပင်လယ်ပြင်ထဲမှာ သင်္ဘောသားဖြတ်သန်းမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ချင်ပါသေးသည်။ ဒီလောကထဲရောက်လို့ ဒီစာရေးနိုင်တာဟု မှတ်ချက်ပေးသူရှိသလို ဒီလောကထဲရောက်သူတိုင်းလည်း ပြန်လည်ရေးသားတင်ပြဖို့ စာရေးဆရာ မဖြစ်နိုင် ဆိုသည်ကို ပြန်လည်ဆင်ခြင်ပေးလိုက်ပါသည်။
— ဆရာမ မိချမ်းဝေ

• ကုန်းမြေပေါ်မှာသာ ရှင်သန်နေထိုင် လုပ်ကိုင်စားသောက်နေရသည့် လူအများစုအတွက် ဆရာငဒိန်း၏ သ‌‌ေင်္ဘာသားများဘ၀ကို အခြေခံထားသော ၀တ္ထုများသည် ရသအရသာ ပြည့်၀သည့် ဟင်းပွဲကို သုတဟင်းခတ်မှုန့်လေး ထပ်ဖြူးလိုက်သလို စားရသည်မှာ လေးလေးပင်ပင် အရသာ ပြည့်၀လှသည်။ ဖတ်ရသည်မှာ နင့်နင့်နဲနဲ ထိထိရှရှဖြစ်ရသည်။ ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” စာအုပ်သည် ဆရာငဒိန်းအတွက် အမှတ်တရ ဖြစ်ရမည့် စာအုပ်ဖြစ်သလို အားပေးဖတ်ရှု့ရမည့် စာဖတ် ပရိသတ်အတွက်လည်း အားပေးရကျိုးနပ်စေမည့် စာအုပ်တစ်အုပ်ဟု ညွှန်းဆိုရင်း ….. ( ဆရာမြစ်ကျိုးအင်း မုဒိတာစကားမှ )

• ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” ဆိုသည့်အတိုင်း ငဒိန်း၀တ္ထုတိုတွေက တကယ့်လှိုင်းပေါ်က ၀တ္ထုတိုစစ်စစ်တွေ ဖြစ်နေသည်။ တချို့ ၀တ္ထုတိုတွေက ပင်လယ်လှိုင်းပေါ်က ၀တ္ထုတိုတွေဖြစ်ပြီး တချို့ ၀တ္ထုတိုတွေက လောကဓံလှိုင်းပေါ်က ၀တ္ထုတိုတွေဖြစ်ကြသည်။ ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” ဆိုသည့်အတိုင်း ငဒိန်း၀တ္ထုတိုတွေက မူးယစ်စေသည်။ ပြီးတော့ စီးဆင်းအားကောင်းသော သူ့၀တ္ထုတိုတွေက စွဲလမ်းစရာကောင်းသည်။ (ဆရာမိုးကျော်ဇင် အမှာစာမှ)

ဒီစာအုပ်လေးကို ထူးထူးခြားခြားအနေနဲ့ အမျိုးသားစာပေဆုရ စာရေးဆရာနှစ်ယောက်က မုဒိတာစကားနဲ့ အမှာစာ ချီးမြှင့်ပေးထားပါတယ် .. တစ်ခါမှ အမှာစာ မရေးသားဖူးသေးတဲ့ ဆရာမြစ်ကျိုးအင်းရဲ့ မုဒိတာစကားနဲ့ အမှာစာ အရေးအသားကောင်းတဲ့ ဆရာမိုးကျော်ဇင်တို့ရဲ့ အမှာစာပဲ ဖြစ်ပါတယ် ..

ရွှေအမြုတေ မဂ္ဂဇင်းလို စာပေအစဉ်အလာရှိတဲ့ မဂ္ဂဇင်းမှာ ၀တ္ထုတွေဖော်ပြခံရတဲ့ ကမ်းလက်ရဲ့ ၂၀၁၈-၂၀၁၉ တစ်နှစ်တာ အကောင်းဆုံးဆုရှင် စာရေးဆရာငဒိန်းရဲ့ ၀တ္ထုတိုတွေဟာ စာဖတ်သူတွေသာမက စာရေးသူတွေကပါ သတိထားမိပြီး စောင့်‌ေမျှာ်ဖတ်ရှုနေရတဲ့ ၀တ္ထုတိုတွေပဲ ဖြစ်ပါတယ် ..

ဒီစာအုပ်ထဲမှာ မဂ္ဂဇင်းပါ ၀တ္ထုတိုများအပြင် မည်သည့်မဂ္ဂဇင်း ၊ ဂျာနယ်များတွင်မှ မဖော်ပြရသေးသော လက်ကမချချင်တမ်း ဖတ်ရှုချင်လောက်အောင် စွဲဆောင်အားကောင်းသည့် ရသ၀တ္ထုတို ၁၅ ပုဒ်ကို ဆရာမ မမြတ်မွန်ရဲ့ သရုပ်ဖော်လက်ရာတွေနဲ့တကွ ဖော်ပြပေးထားတဲ့အတွက် ဝယ်ယူလိုက်ရတာ နောင်တမရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ် …..

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.5 × 0.4 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 စက်တင်ဘာလ (ပ-ကြိမ်)

29 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လှိုင်းပေါ်ကလူ (20% OFF)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ငဒိန်း စာအုပ်များ