သမီးဖို့မာလာရှမ်းကော

( 0 မှတ်ချက်)

3500 (ကျပ်)

တနေ့တာအမော အမေကျောကိုသတ်ပေးတော့ ပြေတယ် ကလေးဘ၀ကပေါ့

အသက်အရွယ်ရလာတော့ တနေ့တာအမော ချစ်သူရဲ့အပြောကြောင့် ပြေတယ်

အသက်အရွယ်ကြီးရင့်လာပြန်တော့ တနေ့တာအမော တရားသဘောနဲ့ဖြေမှ ပြေတော့တယ်

 

ဓါတ်ပုံပဲမြင်ဖူးပြီး၊ အပြင်မှာ မမြင်ဖူး မတွေ့ဖူးတဲ့ လေးငါးနှစ်အရွယ် ကလေးမလေးတစ်ဦးကိုအစပြုပြီး ဒီစာအုပ်လေးဖြစ်လာပါတယ်။ မာလာရှမ်းကောဆိုတဲ့အတိုင်း စပ်လည်းစပ်ပါမယ်၊ ထုံတဲ့အခါလည်းထုံပါမယ်။ အရသာစုံစုံလင်လင်လည်းထည့်ပေးထားပြီး မတူညီတဲ့အရသာကိုခံစားရစေပါမယ်။ အဆုံးသတ်မှာတော့ လောကမှာ အချစ်တတ်ဆုံးမိန်းမသားရဲ့ အလွမ်းခန်းကိုလည်း ထည့်သွင်းထားပါသေးတယ်။ မိန်းမတယောက်အချစ်စစ်တဲ့အခါဘယ်လောက်တောင် ချစ်တတ်လွမ်းတတ်သလဲဆိုတာကိုလည်း သိစေချင်တာကြောင့်ရယ်ပါပဲ။ အများကြီးလည်းမပြောချင်ပါဘူး။ တိတ်တိတ်လေးပဲ ဝင်လာခဲ့မလို့ပါ၊ ဒါပေမယ့် ရင်ကော့ပြီးဝင်တာကောင်းပါတယ်လေဆိုပြီးတခါတည်း ကြေညာလိုက်ပါတယ်။

စာမျက်နှာ

161

စာအုပ်အရွယ်အစား

4.4 x 0.3 x 7 inches

ပုံနှိပ်မှတ်တမ်း

ACADEMIC စာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သမီးဖို့မာလာရှမ်းကော” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဘုန်းဝေ စာအုပ်များ