မနက်ခင်းရဲ့အစ(သို့)ကမ္ဘာကိုပြောင်းလဲနိုင်သောအတွေး
4500 (ကျပ်)
မနက်ခင်းရဲ့အစ (သို့မဟုတ်) ကမ္ဘာကိုပြောင်းလဲနိုင်သောအတွေး စာအုပ်ဟာ ကမ္ဘာမှာ နာမည်ကျော် စာအုပ်ကောင်းတစ်အုပ် အဖြစ် မှတ်တမ်းဝင်ထားပါတယ်။မူရင်းရေးသားသူဟာ William H. Mcraven ဖြစ်ပြီးတော့ မူရင်းစာအုပ်အမည်ကတော့ Make Your Bed လို့အမည်ရပါတယ်။ မူရင်းရေးသားသူဟာ အမေရိကန် Navy Sealဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ လေ့ကျင့်ပျိုးထောင်မှုတွေအပေါ် အခြေပြုပြီး ဘဝတည်ဆောက်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကိုပါ လမ်းပြပေးထားတာပဲ ဖြစ်ပါတယ်။အခန်းတစ်ခန်းချင်းစီတိုင်းဟာ လက်တွေ့ လုပ်ဆောင်ဖို့ သင့်တော်တဲ့ အခြေအနေတွေကို ရည်ညွှန်း လမ်းပြထားတာကို တွေ့ရပါတယ်။အိပ်ယာသိမ်းတဲ့အလုပ်ဟာ မနက်ခင်းတစ်ခုရဲ့ အစပြုမှုအတွက် သေးငယ်တဲ့ အလုပ်တစ်ခုဖြစ်ပေမယ့် တစ်နေ့တာလုံးအတွက် အကောင်းမွန်ဆုံး အစပြုတဲ့ လုပ်ငန်းတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ဒီသေးငယ်တဲ့ အလုပ်ကလေးကို စနစ်တကျ သေသေချာချာ လုပ်သွားနိုင်မယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲဖို့ထိတောင် အစပြုလုပ်ဆောင်နိုင်တယ်ဆိုတဲ့ အတွေးအမြင်မျိုးကိုလည်း ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ဘာသာပြန်စာအုပ်တွေကို စကားပြေ အရေးအသား သေသေသပ်သပ်နဲ့ ဘာသာပြန်လေ့ရှိတဲ့နေထွန်းလင်းရဲ့ စိတ်ဝင်စားဖွယ်ရာ ဘာသာပြန်လက်ရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
စာမျက်နှာ | 124 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ