မဟူရာပုလဲ
6500 (ကျပ်)
ကြံ့ခိုင်ရဲရင့် ယဉ်ကျေးတဲ့နှလုံးသားဆိုတာ မေတ္တာတွေနဲ့ပြည့်နေပြီး သည်းခံခြင်း၊ ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊စွန့်လွှတ်ရဲခြင်း၊ ရက်ရောခြင်း၊ ဝတ္တရားကျေပြွန်ခြင်းစတဲ့ သတ္တိထူးတွေရှိနေတယ်။ ဒီလို နှလုံးသားမျိုးကိုတော်ပြီးကောင်းတဲ့ လူများထံမှာ တွေ့ရပါတယ်။ယုတ်ညံ့၊ ပျော့ညံ့တဲ့ နှလုံးသားကတော့ ကိုယ့်အတ္တကိုပဲ ဦးစားပေးတယ်၊ ကတိပျက်တယ်၊ သစ္စာဖျက်တယ်၊ ကျေးဇူးကန်းတယ်၊ မိုက်ရိုင်းတယ်၊ တွန့်တိုစေးနှဲတယ်၊ ဒီလို အမူအကျင့်ဆိုးတွေကို..လူပျော့လူညံ့တွေဆီမှာ တွေ့ရတယ်။မိဘထက် ငွေကို ပိုတန်ဖိုးထားတဲ့ သားသမီးတွေ၊သားသမီးထက် ငွေကို ပိုမက်တဲ့ မိဘတွေ၊မိဘကို စွန့်ပစ်တဲ့ သားသမီးတွေ၊သားသမီးတွေ ဘာဖြစ်ဖြစ် အရေးမထားတဲ့မိဘတွေများလာနေတဲ့ ကျွန်တော်တို့ လူပတ်ဝန်းကျင်အကြောင်း စာရေးသူ လမင်းမောင်မောင်က ”မဟူရာပုလဲ” ဝတ္ထု ကနေ မီးမောင်းထိုးပြထားပါတယ်။မိဘမေတ္တာကို အပြည့်အ၀ မခံစားခဲ့ရတဲ့ သားသမီးတွေအသက်အရွယ်ကြီးလာတဲ့အခါ ဖြတ်သန်းရာဘဝတစ်လျှောက်လုံးမှာ ဘယ်လို စိတ်ဒဏ်ရာများ ကြုံတွေ့ခံစားရသလဲဆိုတာ ရေးဖွဲ့ပုံဖော်ထားတဲ့ ဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။
စာမျက်နှာ | 252 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကောင်းဆုသာစာပေ၊ 2023 မတ်လ (ဒုတိယအကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ