မကြီး၊ မလေး၊ မနီ (၂၀ ရာစု တရုတ်ပြည်၏ ဗဟိုချက်မှ မိန်းမသုံးယောက်)

( 0 မှတ်ချက်)

8000 (ကျပ်)

 “မကြီး…မလေး..မနီ” သည် နှစ်ဆယ်ရာစုတရုတ်ပြည်မှ အထင်ရှားဆုံး စုန့်ညီအစ်မ သုံးဖော် အကြောင်းကို ဉာဏ်သစ် ကမြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။

တရုတ်ပြည်တွင်ညီမအစ်မသုံးဖော်ရှိသည်။တစ်ယောက်ကပိုက်ဆံကိုချစ်သည်။တစ်ယောက်က အာဏာကို ချစ်သည်။တစ်ယောက်က တိုင်းပြည်ကို ချစ်သည်ဟု လူအများပြောဆိုကြသည်။

 မကြီးဖြစ်သူသည် အိုက်လင် သည် တရုတ်ပြည်ကူမင်တန်အစိုးရ ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဏာရေးဝန်ကြီး ၏ ဇနီးဖြစ်ပြီး တရုတ်ပြည်က အချမ်းသာဆုံးအမျိုးသမီးကြီးဖြစ်သည်။

မလေးဖြစ်သူ မေလင် သည် ကူမင်တန်တရုတ်ပြည် ၏ ပထမကတော်ကြီး {ချန်ကေရှိတ် ၏ ဇနီး}ဖြစ်သည် ။

 မနီ ဆိုသည့် ချင်လင် ဆိုသည်ကား ခေတ်သစ် တရုတ်ပြည်၏ ပထမဆုံးသမ္မတဖြစ်သူ ဆွန်ယက်ဆင် ၏ ဇနီးဖြစ်ပြီး ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ၏ ဒု-ဥက္ကဌ ဖြစ်လာသည်။

စုန့်ညီအစ်မ သုံးဖော်၏ ဇာတ်လမ်းသည် တရုတ်ပြည် သက်ဦးဆံပိုင် ခေတ်မှ ဒီမိုကရေစီ သို့ အသွင် ပြောင်းနေချိန်တွင် စတင်သည်။ကွန်မြူနစ်တရုတ်ပြည်တွင်အဆုံးသတ်သည်။

ခေတ်သစ် တရုတ်ပြည် ၏ သမိုင်းပင်လျှင် စုန့်ညီအစ်မ သုံးဖော် ၏ ပုဂ္ဂလိက ဝေဒနာ များဖြင့် အတွင်းကျကျရောယှက်နေသည်။

မဟာများဖြစ်ကြသည့် ဆွန်ယက်ဆင် ၊ ချန်ကေရှိတ် ၊ မော်စီတုန်း ၊ ချိုအင်လှိုင် ၊ ဗိုလ်ချုပ်ကြီးစတီးဝဲလ် ၊ သမ္မတ ရုစဗဲ့လ် ၊ ဝင်စတန်ချာချီ နှင့် စတာလင်တို့သည် ဤစာအုပ်၏ ဇာတ်ဆောင်များဖြစ်ကြသည်။

 မူရင်းစာရေးသူ (ယွန်းချန်း “ငန်းရိုင်းများ”ကိုရေးသူ)သည် ၁၈၆၆ မှ ၂၀၀၃ ခုနစ်အထိတရုတ်ပြည် ၏ နိုင်ငံရေး အလှည့်အပြောင်း ကာလအတွင်း ၊စုန့်ညီအစ်မ သုံးဖော်အကြောင်းကို မှတ်တမ်း၊ မှတ်ရာ ၊အထောက်အထားအကိုးအကားစုံလင်စွာ ဖြင့်ရေးသားတင်ပြထားလေရာ ခေတ်သစ် တရုတ်ပြည်သမိုင်းကို ထင်ဟပ်စေသော စာအုပ်ဖြစ်ပါသည်။

စာမျက်နှာ

390

စာအုပ်အရွယ်အစား

6.1 x 1.2 x 9.13 inches

ပုံနှိပ်မှတ်တမ်း

လွင်ဦးစာပေ 2021 အောက်တိုဘာလ(ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မကြီး၊ မလေး၊ မနီ (၂၀ ရာစု တရုတ်ပြည်၏ ဗဟိုချက်မှ မိန်းမသုံးယောက်)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဉာဏ်သစ် စာအုပ်များ