သေလို့မရသောအခါ

( 0 မှတ်ချက်)

3200 (ကျပ်)

ဒီစာအုပ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံး စီ ရင်တာ မအောင်မြင်တဲ့ ကောင်မလေးတစ်ယောက်က သူ့အတွေ့အကြုံတွေကို ပြန်ပြောတာ ဖတ်ရှုရမှာပါ။ အဆုံး စီ ရင်တာ မအောင်မြင်တော့ ဆေးရုံရောက်တယ်။ ဆေးရုံက တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ စိတ်ရောဂါကုဆေးရုံထပ်ရောက်တယ်။ရောဂါကြောင့် ဆေးရုံတက်ရတာ မဟုတ်ဘဲ အဆုံး စီ ရင်မှု မအောင်မြင်ဘဲ ဆေးရုံတက်ရတော့ ဆရာဝန်တွေ၊ သူနာပြုတွေက ဘယ်လိုဆက်ဆံသလဲဆိုတာ ရေးပြထားတာ စိတ်ဝင်စားစရာပါ။ စိတ်ကုဆေးရုံရောက်ပြန်တော့လည်း စိတ်ရောဂါသည်တွေကြားမှာ နေရထိုင်ရပုံနဲ့ အခန်းဖော်တွေရဲ့ ဇာတ်လမ်းတွေက ဝတ္ထုတစ်ပုဒ်ထဲက ဝတ္ထုတိုလေးအဖြစ် လှပစွာ ပုံဖော်နေပါတော့တယ်။”အော်ဟစ်ခြင်း အကြောင်းရင်းက ကြောက်လန့်လို့၊ စိတ်လှုပ်ရှားလို့၊ ရန်လိုလို့ ဆိုကြပေမယ့် ခက်နေတာက အော်သူရဲ့ အသံကိုသာ ကြားပြီး အော်ဟစ်သူရဲ့ အကြောင်းရင်းကို နားမလည်နိုင်ကြတာ .. ” “နာကျင်မှုကို ဖွင့်ဟပြောတာဟာ ညည်းတွားတာ မဟုတ်ဘူး၊ အသိအမှတ်ပြုစေချင်ရုံပါ။ နားလည်မှု ပေးတဲ့အခါ ဒဏ်ရာသက်သာသွားမယ်လို့ ယုံကြည်လို့ပါ။ ဒါကို ပါးစပ်ပိတ်ပြီး ကြိုးစားလိုက်စမ်း လို့ ပြောဖို့ သင့်ပါရဲ့လား။ ပြီးတော့ ကြိုးစားပါ ဆိုတဲ့ စကားက စိတ်ကျဝေဒနာခံစားရသူတွေကို သက်သာမှုပေးတဲ့ စကားလုံး မဟုတ်ပါဘူး”စာရေးဆရာမ မယ့်ကိုးဟာ ကိုယ့်ကိုယ်ကိုယ် အဆုံး စီ ရင်ခြင်းအကြောင်းနဲ့ ပတ်သက်တဲ့ research paper တွေ အများကြီးကို ကိုးကားပြီး ဒီစာအုပ်ကို ရေးထားတယ်။
ဒီစာအုပ်ဟာ စိတ်ကျရောဂါခံစားနေရသူတွေ ဘာကိုလိုချင်သလဲဆိုတာ ဖွဖွလေး လာပြောနေသလိုပါပဲ။မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ နားလည်ပေးနိုင်မှုဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပါလားဆိုတာ သတိချပ်စေမိမှာလည်း ဖြစ်ပါတယ်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.3x 0.3 x 8.0 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2022 ဇွန်လ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သေလို့မရသောအခါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

မယ့်ကိုး စာအုပ်များ