မလွန်ခင်လေးလွမ်းရအောင်

( 0 မှတ်ချက်)

5000 (ကျပ်)

နေ့မြင် ညပျောက်လို ဖြစ်ရပ်တွေဟာ ဒီကာလကြီးမှာ သိပ်ကို မြန်ဆန်စွာ ဖြစ်ပေါ်နေပါတယ် .. အနားမှာ ရှိတဲ့သူတွေကို တန်ဖိုးထားတတ်အောင် ၊ ပြန်ဆုံစည်းဖို့ မဖြစ်နိုင်တော့မှ နောင်တတွေ တပွေ့တပိုက်နဲ့ မကျန်ရစ်အောင် ” အချိန်မလွန်ခင် လွမ်းရအောင် ” ဆိုတဲ့ ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ် .. ဒီစာအုပ်ထဲမှာ ချစ်ခြင်းမေတ္တာနဲ့ အမှတ်တရ တချို့ရဲ့ နွေးထွေးမှု ၊ ရသစာပေ ရေးသူတစ်ယောက်ရဲ့ ရသစာပေအပေါ် မချင့်မရဲ ဖြစ်ခဲ့ရမှု ၊ လွမ်းစရာကောင်းလောက်သည့် ကာလ/အခြေ‌အနေ/ဖြစ်ရပ်များ ၊ လူ့သဘာ၀ကို ချည်းကပ်ကြည့်မှုများ အပြင် မိန်းမသားတစ်ယောက်ရဲ့ ခံစားချက် အတွေးအမြင် ၊ ယုံကြည်မှု ၊ ချစ်သမီးနဲ့ စကားစမြည်လို ရသစုံစာစုနဲ့ အက်ဆေးစုစည်းမှု အပုဒ် ၂၀ ပါရှိပါတယ် .. ” အလွမ်းဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရပါလျှင် နှမြောသောအလွမ်းနှင့် တသသော အလွမ်းဟု ဆိုရပါမည် ။ နှမြောသည့်အလွမ်းဆိုသည်မှာ လုပ်သင့်သည်ကို မလုပ်ခဲ့မိ၍ အချိန်လွန်မှ နောင်တရသော အလွမ်းကို ဆိုလိုပါသည် ။ တသသည့် အလွမ်းကတော့ မိမိလုပ်ပေးခဲ့ဖူးသည့် အဖြစ်အပျက်တို့ကို နောက်တစ်ကြိမ် ထပ်လုပ်ပေးခွင့် မရတော့သည့်အတွက် ထိုအဖြစ်အပျက်တို့ကို တမ်းတကာ တသသ လွမ်းနေရသည်ဟု ဆိုချင်ပါသည် “

စာမျက်နှာ

151

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မလွန်ခင်လေးလွမ်းရအောင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ခင်သန္တာ စာအုပ်များ