တစ်သက်လျာ
3000 (ကျပ်)
ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။ ငယ်ချစ် ချစ်သူ ]ကိုလှရွှေ}နှင့် မင်္ဂလာပွဲ ကျင်းပပြီး နောက်ဝေးခဲ့ရသူ ‘မြိုင်’ ဆိုသော မိန်းမချောလေးတစ်ဦး၊ ဘဝလောကဓံ အလှည့်အပြောင်းတွင် နှစ်ဦးသား ထပ်မံငြိတွယ်မိကြသည့် ‘မောင်တင် ညွန့်’၊ ဘဝတစ်လျှောက်လုံး အိမ်ထောင်ရေး မသာမယာ ကွဲကွာဝေးလွင့် မှုများကြောင့် ဖခင်ဖြစ်သူ၏ ဆန္ဒအလိုကို လိုက်လျောဖို့ ကြိုးစားရာ မှ အရေးပိုင်မင်းနှင့် ထပ်မံဆုံဆည်းရပြန်သည်။ ဘဝတစ်လျှောက်လုံး အချစ်အတွက် ကံမကောင်းရှာခဲ့သူ ‘မြိုင်’ ဆိုသော မိန်းမချောလေးအဖို့ ဆရာမကြီး၏ရေးကွင်းရေးကွက် ဇာတ်အိမ်အလှည့်များကြားတွင် မည်သို့ ဆက်လက်ကြုံတွေ့ရမည်ကို စာဖတ်သူများ ဖတ်ရှုခံစားနိုင်မည် ဖြစ်ပါသည်။ တတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သည်။
စာမျက်နှာ | 154 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 7.5 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2023 ၊ ဇူလိုင်လ ( တတိယ-ကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ