လူပျို အပျိုဖတ်စာ

( 0 မှတ်ချက်)

3000 (ကျပ်)

သမီးရည်းစားတွေ ဆိုတာ…
အမြဲတမ်း စစ်ပွဲစတင်တယ် ၊
အမြဲတမ်း လက်နက်ချတယ် ၊
အမြဲတမ်း စစ်ပြေ ငြိမ်းတယ် ၊
အမြဲတမ်း ချစ်ကြည်ရေးကတိတွေ ပေးတယ် ၊
အမြဲတမ်း စစ်ပွဲ ပြန်လည်စတင်တယ် ၊
အမြဲတမ်း လက်နက် ပြန်ချတယ် ၊
ဒီ အမြဲတမ်းတွေက ကမ္ဘာဦး ကတည်းက လူပျို အပျိုတွေ ကြုံရတဲ့ ပြဿနာ မဟုတ်လား။
ရောဂါတစ်ခုရဲ့ ဇာစ်မြစ်ကို သိမှ ဆေးကုသနိုင်သလိုပဲ လူငယ်တွေရဲ့ အချစ်ပြဿနာတွေရဲ့ အကြောင်းရင်းကို ဆန်းစစ်ဝေဖန် လမ်းညွှန်ပြထားတဲ့ ဆရာ အကြည်တော်ရဲ့ စာအုပ်အသစ်။
အပျိုလူပျိုဖတ်စာ လို့ ဆိုထားတဲ့ ဒီစာအုပ်လေးက ဆုံးမစာ လုံးဝ မဟုတ် ၊ ရှေ့ကို အရင် ရောက်နှင့်နေသူ တစ်ယောက်ရဲ့ လမ်းညွှန်စာအုပ် ၊ တစ်နည်း ပြောရရင် လမ်းပြမြေပုံလိုပေါ့။
ငယ်ရွယ်နုနယ် အသိမကြွယ်သေးတဲ့ အပျို လူပျိုလေးတွေအတွက် ချစ်မှုနယ်ပယ်မှာ ဆောင်သင့်တာလေးတွေ ၊ ရှောင်သင့်တာလေးတွေကို ဆရာ အကြည်တော်က စေတနာရှေ့ထား အမှာစကား ပါးလိုက်တဲ့ စာလေးတွေလည်း ဖြစ်ပါတယ် ။
လူကသာ လက်တောက်လောက် အတွေ့အကြုံတွေက ဆရာကြီးလောက် ဖြစ်နေကြတဲ့ အခုခေတ်မှာ အပျို လူပျိုလေးတွေ ဟာ အမြန်ချစ်ကြ ၊ အမြန်ကွဲကြ ဖြစ်နေကြတာ များလှချည့် ။ အဲဒီ ကိစ္စ အပေါ် ဆရာ အကြည်တော်ရဲ့ သုံးသပ်ချက် တစ်ခုကတော့ ” သဝန်တိုခြင်း ” ကြောင့်လို့ ဆိုပါတယ် ။ စဉ်းစားစရာ မဟုတ်ပါလား…
“ကိုယ့်ကိုယ်ကိုယ် အင်မတန်မှကို အကောင်းမြင်တတ်ပြီး အင်မတန်မှကို စိတ်ရှည်သည်းခံနိုင်တယ် ထင်နေလား “
“ရည်းစားထားကြည့်ပါ ” လို့ဆိုပြီး သမီးရည်းစား ဖြစ်ခြင်းကြောင့် စိတ်ရှည်တာ ၊ စိတ်တိုတာ ၊ စိတ်မတိုမရှည် ဖြစ်တာတွေကို ရေးပြထားတာလည်း သဘောကျစရာ။
အချုပ်ပြောရရင် ဒီစာတွေဟာ ချစ်ခြင်းတရားရဲ့ လမ်းဆုံးဘူတာ ရောက်ပြီးသူ အိမ်ထောင်သည်တွေနဲ့ မဆိုင်ရေးချ မဆိုင်ဘဲ ငယ်ရွယ် နုပျိုဆဲ အချစ်ဘူတာ အစကနေ ခရီးနှင်မယ့် အပျိုလူပျို လေးတွေ ဖတ်ဖို့ ဖြစ်ပါကြောင်း။
စာမျက်နှာ

127

စာအုပ််အရွယ်အစား

5.7 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2021 ဇန်နဝါရီလ (ပ-အကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူပျို အပျိုဖတ်စာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

အကြည်တော် စာအုပ်များ