လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့

( 0 မှတ်ချက်)

3000 (ကျပ်)

ဒီစာအုပ်လေးထဲမှာတော့ …

သင် … စိတ်အားငယ်နေတာလား?

သင် … ဖြစ်ချင်တာတွေ မဖြစ်လာလို့ စိတ်ဓာတ်တွေ ကျဆင်းနေတာလား?

သင် … တစ်စုံတစ်ယောက်ကို အားကျရုံ အားကျနေတာလား?

စိတ်အားငယ်နေရုံ, စိတ်ဓာတ်ကျနေရုံ, အားကျနေရုံနဲ့ မင်းဖြစ်ချင်တာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဖြစ်ချင်တာတွေဖြစ်အောင် မင်းကိုယ်တိုင် ကြိုးစားပြီးလုပ်ရပါမယ်။ လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်အောင် ဘယ်လိုအခက်အခဲပဲ ကြုံပါစေ အားတင်းပြီး ကြိုးစားလုပ်ကိုင်ရမယ်ဆိုတာကို ဒီစာအုပ်ထဲမှာပါတဲ့ စာရေးဆရာတွေက မိမိတို့ ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲလေးတွေ၊ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာလေးကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အသက်ရှင်ရုံ မနေပါနဲ့ တန်အောင်နေပါ။
ထိရုံကလေး မထိပါနဲ့ ခံစားပါ။
ကြည့်ရုံလေး မကြည့်ပါနဲ့ လေ့လာစစ်ဆေးပါ။
ဖတ်ရုံလေး မဖတ်ပါနဲ့ မှတ်ပါ။
ကြားရုံလေး မကြားပါနဲ့ နားထောင်ပါ။
နားထောင်ရုံလေး မပြီးပါနဲ့ နားလည်ပါ…..လို့ အောင်မြင်ချင်သူတို့ လုပ်ဆောင်ဖို့အချက်တွေကို John Rhoades ပြောခဲ့သလိုပဲ အောင်မြင်မှုဆီသွားတဲ့အခါမှာ စိတ်ကူးနဲ့တင် ရပ်တန့်မနေကြဖို့ သတိချပ်ကြရအောင်ပါ။

စာမျက်နှာ

98

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးသစ်စာပေ၊ 2022 ဧပြီလ

4 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စာရေးဆရာစုံ စာအုပ်များ