ညီမျှခြင်းနှင့်လူသားဝါဒ

( 0 မှတ်ချက်)

4500 (ကျပ်)

◾️ ယခု စာအုပ်တွင်ဆောင်းပါး ၁၉ ပုဒ်ပါဝင်ပြီး ဓမ္မရှုထောင့်မှ မိမိအတွေးအမြင်များဖြင့် ပေါင်းစပ်ရေးသားထားသည့် အတွေးအမြင်ဆောင်းပါးကောင်းတွေပဲဖြစ်ပါတယ်။

• ငြိမ်းချမ်းရေးအုတ်မြစ်
• လုံခြုံသောဘဝနေမှု
• ခန္တီမြစ်ဖျား
• ပညာရေးသယံဇာတ
• ဘာသာရေးသယံဇာတ
• စိတ်ကြည့်မှန်
• မျဉ်းဖြောင့်ပေါ်မှ ဖြတ်လျှောက်ခြင်း
• ညီမျှခြင်းနှင့် လူသားဝါဒ
• စိတ်ကိုထိန်း၍ ငြိမ်းသည့် နိဗ္ဗာန်
• လောဘအာရုံနှင့် ကပ်ငြိတွယ်တာမှု
• တဏှာနှင့် ဥပါဒါန်ဒ အမြစ်တည်ရာ
• တဏှာပူး အရူးသံသရာ
• သံဝေဂဉာဏ်နှင့် ယှဉ်၍
• ကမ္မဘဝနှင့် တဏှာမြစ်ဖျား
• ဘဝရေစီး
• ဘဝအဓိပ္ပာယ်နှင့် သံသရာအမြင်
• ဘဝပြဿနာ
• ဘဝလွတ်မြောက်ရေး
• လွတ်မြောက်ရာလမ်း

◾️ ညီမျှခြင်းနှင့် လူသားဝါဒဟူသည်လည်း အမြဲတမ်း ယှဉ်တွဲလျက်ရှိရ၏။ ညီမျှခြင်းဟူသည် ဒီမိုကရေစီသဘောဆောင်သကဲ့သို့ လူသားဝါဒသည်လည်း ဒီမိုကရေစီအသွင်ဆောင်ပါ၏။ လူသားဝါဒဟုဆိုသော် ထွေထွေထူးထူးစဉ်းစားနေစရာ တွေးတောနေစရာ ကြံဆနေစရာ မလိုပေ။ လူသားဝါဒကား သီလတရားသာတည်း။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ယာပြစ်မှားခြင်း၊ မုသားပြောဆိုခြင်း၊ သေရည်သောက်စားခြင်း တို့ကို ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြင့် စောင့်ထိန်းခြင်းတို့သည် လူသားဝါဒမည်ပါ၏။

◾️ မေတ္တာတရား ရှေ့တန်းတင်၍ သီလတရားကို စောင့်ထိန်း ကျင့်ကြံကြမည်ဆိုပါမူ ဒီမိုကရေစီစနစ်သည် အလိုလိုကျင့်သုံးပြီးရာ ရောက်နေပေလိမ့်မည်။ ထိုအခါ ညီမျှခြင်းနှင့် စစ်မှန်သောလူသားဝါဒသည်လည်း ထွန်းကားလာပေလိမ့်မည်တည်း။
(စာရေးသူအမှာစာမှ ကောက်နှုတ်ဖော်ပြချက်)

စာမျက်နှာ

147

စာအုပ်အရွယ်အစား

5.5 × 0.5 × 7.5 inches

ပုံနှိပ်မှတ်တမ်း

pica စာပေ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်)

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ညီမျှခြင်းနှင့်လူသားဝါဒ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သျှင်တေဇမာလာ(နဂါးပေါ်) စာအုပ်များ