လူတစ်လုံး သူတစ်လုံး
3500 (ကျပ်)
” ကျွန်ုပ်တို့တစ်သက်တာအတွင်း နေ့စဉ်နှင့်အမျှသွား၍ရနေသော ဘ၀ခရီးလမ်းမကြီးတစ်လျှောက်၌ အမှားနှင့်အမှန်ကို မုချတွေ့ရမည်ဖြစ်ရာ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုယ်တိုင်မှန်လှပြီထင်၍ပြောလိုက်သောစကားများသည်ပင် နောင်သေချာစွာ စိစစ်ဝေဖန်ကြည့်လိုက်သောအခါ ကျွန်ုပ်တို့ထင်သကဲ့သို့ မဟုတ်ဘဲ ဖြစ်နေသည်ကိုတွေ့ရတတ်သည်။
နေ့ရှိသလောက် ပြော၍နေသော စကားများထဲမှပင် ကျွန်ုပ်တို့ မလိုလားအပ်သောစကားသည် တစ်ခွန်းတစ်လေမျှ အမှတ်မထင်ပါသွားတတ်ရာ ထိုစကားကို ကျွန်ုပ်တို့ကိုယ်တိုင်အမှုမဲ့အမှတ်မဲ့ထားလိုက်တတ်၏။ ဤသို့အမှတ်မဲ့ထားလိုက်သောစကားသည် အကြောင်းမသင့်သောအခါအလွန်မနှစ်မြို့ဖွယ်ကောင်းသောအရာများ၊ မလိုမုန်းတီးဖွယ်ကောင်းသောအရာများ၊ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာများကိုဖြစ်စေနိုင်၏။ တစ်ခါတစ်ရံဘေးအန္တရာယ်ကိုပင်ဖြစ်စေနိုင်၏။ အချက်ကျစွာပြောအပ်သော စကားတစ်လုံးသည်လည်း ထိုသူအား နစ်မွန်းပျက်စီးအောင်ဖန်တီးနိုင်လေသည်။ ထို့ကြောင့် စကားကျွံသောနှုတ်၍မရဟုဆိုကြလေသည်။
သို့သော်စကားလုံးများကို ရွေးချယ်၍သတိတရားဖြင့် စေ့စပ်စွာ သုံးပါမူထူးမြတ်သော အကျိုးအာနိသင်ကို ဖြစ်စေနိုင်၏။ မုန်းသောသူကိုချစ်စေနိုင်၏။ မိတ်ပျက်ခြင်းကို ပြန်၍စေ့စပ်နိင်၏။ ချိုသာ၍အကွက်ကျစွာ ပြောသောစကားထက် တန်ခိုးကြီးသောပီယဆေးသည်ကမ္ဘာပေါ်၌မရှိချေ။
ကျွန်ုပ်တို့၏တိုးတက်ကြီးပွားမှုသည် ကျွန်ုပ်တို့၌ မိတ်ဆွေပေါများမှုနှင့် မိတ်ဖွဲ့နိုင်သော အရည်အချင်းပေါ်၌ တည်ရှိ၏။
ဤစာအုပ်သည် “အသင်၌ အဘယ်ကြောင့် မိတ်ဆွေနည်းသေးသနည်း”ဟူသော ပြဿနာကို ဖြေရှင်းပေးမည့် ပညာမှန်ဘီလူးပင်ဖြစ်သည်။ ”
(စာရေးသူ၏အမှာစာမှ ကောက်နှုတ်ချက်)
စာမျက်နှာ | 238 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | Quality Publishing House၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ