လူငယ်အတွက်ဘ၀လမ်းညွှန်
4000 (ကျပ်)
စာအုပ်လေးမှာ လူငယ်တွေအတွက် ဘ၀ကိုလမ်းညွှန်းပေးနေတဲ့ ခွန်အားဖြည့်စာစု အပုဒ် ၆၀ ပါဝင်ပါတယ်။ စာစုလေးတွေဟာ ဘ၀အတွက် လမ်းညွှန်းချက်တွေကို တိုတိုနဲ့ ထိထိရောက်ရောက် ရေးထားတဲ့အတွက် စာဖတ်တဲ့သူတွေ အချိန်အများကြီးပေးစရာမလိုဘဲ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီစာစုလေးတွေဟာ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဘ၀လမ်းညွှန်အဖြစ် သတ်မှတ်ထားတဲ့ စာစုလေးတွေဆိုရင်လည်း မမှားပါဘူး။ ဘ၀ဆိုတာ အကောင်းတွေချည်း မျှော်လင့်လို့မရသလို အဆိုးတွေချည်းလည်းရှိနေမှာ မဟုတ်ပါဘူး။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာမို့ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုပဲ ပိုပြီးအာရုံစိုက်စေချင်ပါတယ်။ ဒီစာအုပ်လေးယာ လူငယ်အတွက်လို့ ခေါင်းစဉ်ပေးထားပေမယ့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေလည်း ဖတ်လို့ရပါတယ်။ ဖတ်တဲ့နေရာမှာလည်း တစ်ခါတည်း အပြီးဖတ်လိုက်ခြင်းမျိုးထက် တစ်နေ့ကိုနည်းနည်းစီ ဖတ်ကာဘ၀မှာ လက်တွေ့အသုံးချစေချင်ပါတယ်။
စာရေးသူအမှာစာမှ ကောက်နှုတ်ဖော်ပြချက်
စာမျက်နှာ | 132 |
---|---|
စာအုပ်အရွယ်အစား | 5.4x 0.2 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2022 စက်တင်ဘာလ (ပ-အကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ