လူမကြိုက်တာခံရဲတဲ့ သတ္တိ

( 0 မှတ်ချက်)

12000 (ကျပ်)

ဒီစာအုပ်က အကြမ်းစားစိတ်ပညာပဲ၊ ပြောင်းပြန်စိတ်ပညာပဲ၊ တော်လှန်တဲ့ စိတ်ပညာပဲ၊ ရက်စက်တဲ့ ဒဿနပဲ၊ အသုံးချစိတ်ပညာပဲ၊ သတ္တိရှိရတဲ့စိတ်ပညာပဲ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့စိတ်ပညာပဲ။

စိတ်ပညာနယ်ပယ်က ဖရိုဒ်၊ ယွန်းဂ် တို့နောက် တတိယမြောက်နာမည်ကျော် အက်ဒလာရဲ့ အတွေးအမြင်အဆီအနှစ်တွေကို ထုတ်ယူထားတဲ့စာအုပ်ပါ။ စိတ်ပညာအကြောင်း တီးမိခေါက်မိရှိထားသူတွေအနေနဲ့ကတော့ ဖရိုဒ်ကို သိပြီးသားဖြစ်ကြမှာပဲ။ အက်ဒလာကိုတော့ ကျနော်လည်း မသိခဲ့ပါဘူး။ အက်ဒလာကလည်း လူတွေ သူ့နာမည်ကို မေ့သွားလိမ့်မယ်လို့ ပြောခဲ့တာသိရတယ်။ ဘာလို့ဆို သူ့အတွေးအမြင်ဒဿနတွေက ပညာရပ်‌နယ်ပယ်မှာပဲ တန့်မနေဘဲ လူတွေအသုံးပြုကြတဲ့ ဒဿနဖြစ်သွားမှာမို့ပဲတဲ့။ ဟုတ်တယ်၊ အက်ဒလာစိတ်ပညာက အသုံးချစိတ်ပညာ၊ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲတဲ့စိတ်ပညာပဲ။

ဒဿနပညာရှင်အဘိုးကြီးနဲ့ လူငယ်လေးတစ်ယောက် အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံနဲ့ရေးထားပြီး အသက်ဝင်လှုပ်ရှားနေတယ်။ အဘိုးကြီးက အက်ဒလာရဲ့ အတွေးအမြင်တွေကို အသုံးပြုဆွေးနွေးပြီးတော့၊ ကျနော်တို့ရဲ့ သံသယတွေ ပြန်မေးချင်တာတွေကို လူငယ်လေးက ကိုယ်စားပြုနေပါတယ်။

စာမျက်နှာ

366

စာအုပ်အရွယ်အစား

6.1× 0.5×8.3 inches

ပုံနှိပ်မှတ်တမ်း

The Book Town၊ 2023 ဇွန်လ (ပထမအကြိမ်)

27 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူမကြိုက်တာခံရဲတဲ့ သတ္တိ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကက်စပါဇော် စာအုပ်များ