အချစ်နှင့်စိတ် (၂)

( 1 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်သည် တရုတ်စိတ်ပညာစာရေးဆရာမ Xiao Yubing ရေးသားထားသည့် “အချစ်၊ အိမ်ထောင်ရေးအမျိုးသမီးတစ်သက် သင်ယူရတဲ့အရာ” ဆိုတဲ့စာအုပ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အိမ်ထောင်ရေးနှင့် ပက်သက်သည့် အဆင်မပြေမှု၊ ဖောက်ပြန်မှုတွေ၊ ကွာရှင်းပြီးနောက် ရလာသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်တွေကို ရေးထားသည့် စာအုပ်ထဲက အဖြစ်လို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က လူတွေမှာပဲဖြစ်ဖြစ်တွေ့ကြုံကြရမှာပါ။
စိတ်ပညာဆရာမ Xiao Yubing ထံသို့ လာရောက်ရင်ဖွင့်သူများ၏ ဇာတ်လမ်းများထဲမှအသိတစ်ခုခုရရှိပြီး မိမိအိမ်ထောင်ရေးအတွက် ကောင်းမွန်သည့် အထောက်အကူကို ရရှိနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

256

စာအုပ်အရွယ်အစား

5.2 × 0.6 × 7.5 inches

ပုံနှိပ်မှတ်တမ်း

Synergy Publication၊ ၂၀၂၀ ဒီဇင်ဘာလ၊ (ပ-ကြိမ်)

Out of stock

အချစ်နှင့်စိတ် (၂) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thinzar Lwin

    ဒီစာအုပ်ထဲမာ ဆရာမက အိမ်ထောင်သည်အမျိုးမျိုးရဲ့ ပြသနာတေ အထင်လွဲမှုတေ နားလည်မှုလွဲပုံတေကို ဇာတ်လမ်းလေးတေနဲ့ပုံဖော်ပြီးရေးထားတာကို မိန်းကလေးတေဘက်က ဘယ်လိုနေသင့်တယ် ဘယ်လိုနားလည်ပေးသင့်တယ်ဆိုတာကို အကြံပေးထားတဲ့သဘောလေးရေးထားတဲ့အတွက် အိမ်ထောင်သည်အမျိုးသမီးတေရော အိမ်ထောင်ကွဲထားတဲ့အမျိုးသမီးတေလည်းဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ