မေတ္တာ…အလင်းနဲ့စွမ်းအား

( 60 မှတ်ချက်)

6500 (ကျပ်)

မေတ္တာဆိုတာ အင်မတန်ကြီးမားမြတ်တဲ့ အမြင့်မားဆုံး စွမ်းအားတစ်ခုဖြစ်ပါတယ်…အလင်းဆိုတာလည်း ဒီသဘောပါပဲ… အမှောင်ထဲက အလင်းစက်သေးသေးလေးပေမယ့် သူ့အလင်းရဲ့စွမ်းအားဟာ ကျွန်မတို့အတွက် အင်အားတွေကို ပေးတယ်… စွမ်းအားဆိုတာကတော့ စိတ်ရဲ့စွမ်းအား၊ အသိဉာဏ်ပညာရဲ့စွမ်းအား၊ သတိရဲ့အလေ့အကျင့် စွမ်းအားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

တကယ်တော့ ကျွန်မဟာလည်း မေတ္တာ…အလင်းနဲ့စွမ်းအားတွေကို ဝေမျှနေတာပါပဲ။ ဒီလိုဝေမျှမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံးမဟုတ်တောင် ကျွန်မရဲ့ပတ်ဝန်းကျင်… ကျွန်မစာတွေကို ဖတ်ကြတဲ့ စာဖတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ အချင်းချင်း ချိတ်ဆက်မျှဝေပြီး မေတ္တာတွေ..၊ အလင်းတွေ..၊ စွမ်းအားတွေ.. ပြည့်လျှံလာစေဖို့ ရည်ရွယ်ပါတယ်။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေ များနေလေ ကျွန်မတို့ရဲ့ ကမ္ဘာလောကကြီးဟာ အမှောင်ဓာတ်တွေ ကြီးစိုးလာလေပဲ ဖြစ်ပါတယ်…။ ဒါကြောင့် မေတ္တာ… အလင်းနဲ့စွမ်းအားတွေကိုလည်း အချင်းချင်း မျှဝေဖို့ ပြောလိုပါတယ်…။

စာမျက်နှာ

280

စာအုပ်အရွယ်အစား

4.6 × 0.5 × 7.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်)

144 in stock (can be backordered)

မေတ္တာ…အလင်းနဲ့စွမ်းအား အား ဝေဖန်သုံးသပ်မှု 60 ရှိပါသည်။

  1. Cho Ei Nway (verified owner)

    ရှေ့မှာ ဆရာမ မွန် ရဲ့ စာအုပ် တွေ
    တော်တော် များများ ဝယ်ခဲ့ ဖတ်ခဲ့ပြီးပေမယ့်၊
    ဒီစာအုပ်လေး ထွက်လာတော့ သာမန်ထက် စိတ်ဝင်စားမှုက မပိုခဲ့ဘူး။
    ဒါပေမဲ့ review လေးရေးမဲ့ အစီအစဥ်လေး ဖတ်ရတော့ စိတ်ဝင်စား လာတယ်။
    ဒါနဲ့ပဲ စာအုပ် order တင်တော့
    ဘယ်နရက်ကြာမလဲ မေးတော့ ၈ရက် လောက်တော့ ကြာမယ် တဲ့။
    ကိုယ့်ဆီ ရောက်ရင်ဖတ်မဲ့ အချိန်နဲ့ သိပ်အဆင်မပြေဘူး။
    ပန်းဆက်လမ်း က ၈ရက်လောက်ကြာရင် အဆင်ပြေပါ့မလား မေးတော့၊ကိုယ်က review လေးရေးချင်လို့ပါ။မမီလဲ နေပါစေ။order confirm ပါလို့ ပဲ ပြောမိတယ်။
    တကယ် ကျေးဇူးတင်မိတာက ၃ရက်အကြာမှာ စာအုပ်လေး ကိုယ့်ဆီ ရောက်လာတယ်။
    ဒီစာအုပ် က online မှာလဲ
    review တွေ အများကြီး ရှိပါတယ်။
    ကိုယ့် အမြင်ကတော့
    အရေးအသား ပိုင်းမှာ…………
    ကျစ်လျစ်ပြီး စကားလုံး အသုံးအနှုန်း ရိုးရိုး ရှင်းရှင်း နဲ့ စာဖတ်သူ အသဲနှလုံး ကို ဆုပ်ကိုင်ထားနိုင်တယ်။စကားလုံးတိုင်းမှာ ဆရာမ မွန် ရဲ့ စာဖတ်သူ အပေါ် ထားတဲ့ စေတနာ ကို ကွက်ကွက် ကွင်းကွင်း မြင်ရပါတယ်။
    ဆရာမ မွန် ရဲ့ အရေးအသား တွေမှာ
    တစ်ခု သဘောကျတာက ဆရာမရဲ့ ကိုယ်တိုင်ခံစားခဲ့ရဖူးတာတွေ နဲ့ ယှဥ်ထိုးပြီး ချပြ ရေးပြတာ ပါပဲ။
    ဒီစာအုပ် ထဲက ခေါင်းစဥ်ငယ်လေးတွေဟာ ကိုယ့် အပေါ် တော်တော် လေးဆွဲဆောင် ပါတယ်။
    အကြိုက်ဆုံး ခေါင်းစဥ်ငယ် လေးတွေက
    ⭐ခွင့်လွှတ် လိုက်တဲ့အခါ
    ⭐Shadow Self
    ⭐Attitude of Gratitude
    ⭐Evil Power ကို အနိုင်တိုက်ခဲ့သူ
    ⭐ကိုယ့်ကိုကိုယ် ရှာဖွေပါ…။
    ဒီစာအုပ် က ပေးချင်တဲ့ message ကတော့ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု၊ပျော်ရွှင်မှု၊အောင်မြင်မှုတွေဟာ ကိုယ့်ဆီမှာပဲ ရှိပါတယ်။
    ဒါကို တွေ့မြင်အောင် ကြည့်တတ်ဖို့။ကိုယ်တိုင် ပျော်ရွှင် ငြိမ်းချမ်းလာတဲ့ အခါ ကိုယ့် ပတ်ဝန်းကျင် ကိုပါ မျှဝေရင်း၊
    ပြီးပြည့်စုံတဲ့ Universe တစ်ခု ဖြစ်လာစေဖို့ပါပဲ။

  2. Shwe Zin Win (verified owner)

    #Review
    #မွန်ဟော်စီ
    #မေတ္တာ အလင်းနဲ့စွမ်းအား
    တကယ်တော့ ဆရာမ မွန်ဟော်စီရဲ့စာတွေစဖတ်တာအထူးသဖြင့်
    Morning Vitamins တွေစဖတ်ဖြစ်တာ ဖတ်ရင်းနဲ့ positive vibesတွေကိုယ့်မှာရလာတယ်ထင်လို့ပါ
    အဲလိုနဲ့ ဆရာမရဲ့Light,love and powerကိုဖတ်ချင်သွားတာပါ😊
    ဆရာမရဲ့ မေတ္တာအပိုင်းမှာတော့
    📔မေတ္တာမှာ ခွင့်လွတ်ခြင်းက ရှေ့ကပါတယ်ဆိုပါတယ်
    လူတယောက်ကိုခွင့်လွတ်လိုက်ဖို့ကသာမန်လူတွေအဖို့မလွယ်ပါဘူး ဒါပေမဲ့
    တွေးကြည့်ရင်
    ခွင့်လွတ်လိုက်ပီဆိုကတည်းက ကိုယ့်ရဲ့
    နာကျင်မူတွေကိုလျှော့ချလိုက်တာဘဲဆိုတော့ တော်တော်လေးလွပ်လတ်ပေါ့ပါးနဲ့စိတ်နဲ့နေနိုင်သွားမယ်လို့တွေးမိပါတယ်
    📔ဆရာမရဲ့Light အလင်းအပိုင်းမှာတော့ စိတ်လေးကို
    Mentally groundedဖြစ်အောင်နေရတယ်ဆိုတာ အကြိုက်ဆုံးပါဘဲ ကျွန်မတို့တော်တော်များများစိတ်နဲ့ကိုယ်နဲ့မကပ်ကြဘူးလေ ကိုယ်ကိုယ်တိုင်တောင်အဲလိုဘဲ meditation လုပ်ရင်ပိုသိသာတယ် စိတ်တွေကယောက်ကယက်နဲ့
    ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေရော စိတ်တွေကgroundedဖြစ်မနေဘူး ဘဝမှာ တည်ငြိမ်စွာနဲ့အမှားနည်းလာတဲ့လူတွေဟာတကယ်ကို Mentally groundedဖြစ်နေတဲ့သူတွေပါလားလို့သိခဲ့ရပါတယ်😊😊
    📔ဆရာမရဲ့ powerစွမ်းအားအပိုင်းမှာတော့Dr.David Hawkinsရဲ့
    Consciousness Mapဆိုတဲ့အာရုံသိစိတ်မြေပုံကိုသဘောကျမိပါတယ်
    စိတ်ခံစားမူကိုကြိမ်နှုန်းနဲ့ပြသထားတာလေး ဟိုးအောက်လွှာကနေ အပေါ်ဆုံး အဆင့်ထိ၁၇ဆင့်ပါတဲ့ဒုလုံးချွန်မှောက်ထားတဲ့ပုံလေးပေါ့ (ကျွန်မကဒုလုံးချွန်လို့မြင်မိလို့ပါ)အဲထိထဲမှာကျွန်မတို့ရဲ့စိတ်တွေက ဒုလုံးချွန်ရဲ့အောက်ကျဥ်းကျဥ်းလေးထဲကနေ စပြီးရေတွက်ကြည့်ရင်သုံးပုံတပုံလောက်ဘဲရှိတဲ့စိတ်ခံစားချက်တွေလောက်ပါဘဲ
    အပေါ်ကိုရောက်လေလေအတွေးတွေကကျယ်ပြန့်လာ
    လေလေပါဘဲ အဲဒီကိုရောက်ဖို့ကျင့်ယူကြရမယ်ဆိုတဲ့အသိလေးလည်းရပါတယ်
    အားလုံးကိုခြုံပီးပြောရရင်ဆရာမရဲ့စာတွေဟာ ကျွန်မတို့အတွက်စိတ်ဓါတ်ခွန်အားတွေ စိတ်စေတနာကောင်းဖြစ်လာအောင်နိူးဆွပေးတဲ့စာအုပ်လေး
    တအုပ်လို့ဆိုချင်ပါတယ်😊😊😊

  3. July Lin (verified owner)

    🌿Review မဟုတ်သော review🌿
    မမွန်ရဲ့စာအုပ်လေးတွေဖတ်ချင်တယ်ဆိုတော့ အကို Fredy Linn က ပေးရှာတယ်။
    Love, Light, Powerကို အရင်ဆုံးဖတ်ပါဆိုလို့ ဖတ်ဖြစ်ပါတယ်။ အရင်အပတ်Saturdayက စဖတ်တာ ဒီနေ့မှာ ဖတ်လို့ပြီးပါတယ်။
    ☘️
    ဂျူးက စာအုပ်ဖတ်ရင် တစ်အုပ်တည်းပဲ ဖတ်လေ့ရှိတာ မဟုတ်တော့ ဒီစာအုပ်ဖတ်နေရင်း ဆရာတော် ဦးဇောတိကရဲ့ “ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်း”ဆိုတဲ့ စာအုပ်လည်း ဖတ်နေသလို၊ တစ်ဖတ်ကလည်း အောက်စဖို့ဒ်ဆရာတော် ရဲ့ “လုပ်ငန်းခွင်မှာ တရားမှတ်နည်း”ကိုလည်း စာအုပ်နဲ့လည်းဖတ်ပြီး audioလည်းနားထောင်ရင်း တစ်နေ့၂ကြိမ် mediatationလုပ်နေတာပါ။
    ဒီတစ်ပတ်ထဲမှာပဲ စိတ္တာနုပဿနာနဲ့ ပတ်သတ်တဲ့တရား (ပါချုပ်ဆရာတော်ဘုရားနဲ့ အောက်စဖို့ဒ်ဆရာတော်ဘုရားဟောထားတဲ့) ၂ပုဒ်လည်း နာဖြစ်သေးပါတယ်။
    မမွန်ရဲ့ စာအုပ်မှာပါတဲ့ အကြောင်းအရာတွေ‌နဲ့ရော ကိုယ်လုပ်နေတဲ့ အရာတွေနဲ့ရော ဆက်စပ်မှုရှိနေတော့ ပိုပြီးတော့ နားလည်ရပါတယ်။
    ☘️
    Book Reviewလေး ရေးချင်လို့ ရေးလိုက်ပေမယ့် တစ်ခါမှ မရေးဖူးတော့ အမှန်အတိုင်း ပြောရင်မရေးတတ်ပါဘူး။ ဘာတွေရလိုက်လည်းပဲ ရေးတော့မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။
    🌷စိတ်အေးချမ်းအောင် စိတ်ကို ဘယ်လိုထားရမလဲ။
    🌷ကိုယ်စိတ်နှလုံးကို tune inဘယ်လို ညှိရမလဲ။
    🌷စိတ်ထားတတ်ဖို့ဆိုတာကလည်း ‌အတွေးတွေကို လေ့ကျင့်ပေးရတယ်။ မမွန်က ဘယ်လိုလေ့ကျင့်နေလဲ။
    🌷ပစ္စုပ္ပန်တည့်တည့်နေတတ်အောင် ဘယ်လို လေ့ကျင့်မလဲ။
    🌷အကောင်းမြင်တဲ့အတွေးတွေကို ဘယ်လိုလေ့ကျင့်ပြောင်းလဲယူရမလဲ။ စတာတွေ ဂျူးရလိုက်ပါတယ်။
    နောက်တစ်ခုက မမွန်ရဲ့ လူတွေကို အေးချမ်းစေချင်သော၊ ပျော်ရွှင်စေချင်သော၊ အဆင်ပြေစေချင်သော မေတ္တာကိုပါ ခံစားရရှိပါတယ်။
    စိတ်မှာတစ်ခုခုဖြစ်တိုင်း ဂျူးပဲဖြစ်တာမဟုတ်ဖူး မမွန်လိုလူမျိုးလည်း ဖြစ်တတ်ပါလားဆိုတဲ့အသိက အေးငြိမ်းဖို့အတွက် အထောက်အပံ့အတွေးလေးတစ်ခုဖြစ်စေပြန်ပါတယ်။
    #7L
    2022Sep10
    #bookreview
    #lovelifeandpower
    #monhalsey
    #မေတ္တာအလင်းနဲ့စွမ်းအား

  4. Khine Sanda Winn (verified owner)

    #BookReview
    #Love_Light_Power
    #Mon_Halsey
    ကျွန်မတို့တွေဟာ ကျန်းမာဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ(Physical health)သာမက စိတ်ပိုင်းဆိုင်ရာ(Mental health)ကိုပါ ဂရုစိုက်ဖို့လိုပါတယ်။
    ကျွန်မရဲ့ Mental health အတွက်ကတော့
    “စာဖတ်ခြင်း”က အကောင်းဆုံးနည်းလမ်းပါ။ အရမ်းကြိုက်တဲ့စာအုပ်တွေဆို တိတ်ဆိတ်တဲ့ ညဘက်တွေမှာ ဖတ်တာများတယ်…. တိတ်ဆိတ်တဲ့အချိန်တွေဟာ တွေးလို့ကောင်းတဲ့အချိန်ဖြစ်သလို စိတ်ကူးစိတ်သန်းကောင်းတွေကို ရစေတယ်။
    ခုတလော ဆရာမ မွန်ဟော်စီ ရဲ့စာအုပ်တွေ ဖတ်ဖြစ်ပါတယ်…..
    Love, Light & Power ( မေတ္တာ.. အလင်း နှင့် စွမ်းအား )
    ဒီစာအုပ်လေးထဲမှာ Love…Light….Power ကို အပိုင်းသုံးပိုင်းခွဲပြီး သေချာလေး ရှင်းပြထားတယ်…..
    မေတ္တာ ဆိုတာ စကားလုံးလေးကြားလိုက်ရုံနဲ့ အေးချမ်းသွားတာမျိုးပါ။
    “မေတ္တာမျိုးစေ့ဆိုတာ ကျွန်မတို့မှာ မွေးကတည်းက ပါလာခဲ့ပြီးသား ပိုပြီးသန်စွမ်းလာအောင် ရေလောင်း ပေါင်းသင်ဖို့က ကျွန်မတို့ရဲ့ တာဝန်ပါ “လို့ ပြောထားပါတယ်။ အထက်တန်းကျောင်းတုန်းက ဆရာမ တစ်ယောက်ကပြောဖူးတယ် သူအမြဲ တောင်းတဲ့ဆုတစ်ခု က ဘယ်နေရာပဲရောက်ရောက် မေတ္တာ ကြီးမားတဲ့ သူတွေနဲ့သာ တွေ့ရပါလို၏ တဲ့ ဟုတ်ပါတယ် မေတ္တာတရားကြီးမားတဲ့သူ ၊ သဘောထားကြီးမားတဲ့သူတွေနားမှာနေရတဲ့ အခါ စိတ်လည်း ချမ်းသာသလို စိတ်ရဲ့လုံခြုံမှု(sense of security)ကိုလည်းပေးစွမ်းနိူင်ပါတယ်။
    “တစ်ဦးမေတ္တာ တစ်ဦးမှာ”ဆိုသလို မေတ္တာဟာ ကူးစက်နိုင်စွမ်းရှိပါတယ်။
    ” ခွင့်လွှတ်ခြင်းက မေတ္တာတရားရဲ့ ပထမအဆင့်ဖြစ်ပါတယ်” တဲ့
    ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်မြောက်ခွင့်ပေးလိုက်တာပါ မကျေနပ်တာတွေ နာကျင်မှုတွေကို လွှတ်ချလိုက်လို့ လွတ်မြောက်သွားတာမျိုးပေါ့……
    ဒီလို ခက်ခဲနေတဲ့ ကာလမျိုးမှာ တစ်ဦးနှင့် တစ်ဦး ဖေးမဖို့၊ ခွင့်လွှတ်ဖို့၊မေတ္တာထားဖို့ဆိုတာ အရေးကြီးပါတယ်။
    အလင်း💙
    လောကရဲ့သဘဝအရ အမှောင်ထက် အလင်းကိုပိုလိုလားကြတယ် ။အလင်းက နွေးထွေးစေတယ်၊Energyတွေရတယ်။ အမှောင်ကတော့ ကြောက်ရွံ့စေတယ်၊အားငယ်စေတယ်၊ ဆုံးဖြတ်ချက်တွေကိုဝေဝါးစေတယ်။ ဒီတော့ စိတ်ကိုလည်း အလင်းဓာတ်၊အကြည်ဓာတ်တွေရအောင်
    Positive energy တွေရအောင် ဘယ်လိုပြုမူနေထိုင်ရမယ် ဘယ်လိုစိတ်နေစိတ်ထားရမယ်ဆိုတာ ဆရာမကသူရဲ့အတွေ့အကြုံလေးတွေနဲ့ ပြောပြထားပါတယ်။
    Positive Energy ရှိတဲ့သူတွေဟာ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ စိတ်ပိုင်းဆိုင်ရာ အရ မြှင့်တင်ပေးတယ် တက်ကြွလန်းဆန်းစေတယ်….
    ကျွန်မတို့ဟာ Positive Energy ရအောင် ပတ်ဝန်းကျင်အတွက် အဆိပ်အတောက် မဖြစ်စေအောင် အတွေးတွေက အစ ဂရုစိုက်ဖို့လိုတယ်ဆိုတာ ဒီစာအုပ်ထဲမှာ သေချာလေး ရေးထားပါတယ်……
    I make myself rich by making my wants few
    လိုချင်တာတွေနည်းလေ…စိတ်ချမ်းသာလေ…တဲ့
    Luxury တွေများလာတဲ့ခေတ်ကြီးမှာ ရောင့်ရဲတင်းတိမ်နိုင်ခြင်းဟာလည်း စိတ်အေးချမ်းစေတာပါပဲ။
    စွမ်းအား💙
    တချို့အင်မတန် အကြည်ဓာတ်များတဲ့သူတွေရှိတယ်။ဒီလိုလူတွေနဲ့ စကားပြောခွင့်ရတဲ့အခါ ကိုယ်ပါကျေနပ်သွားတယ်။အေးချမ်းသွားတယ်။ဒါတွေဟာ Energyလို့ခေါ်တဲ့ စွမ်းအင်တွေပဲ။
    ” လူတွေက သူတို့မှာရှိတဲ့ စွမ်းအင် Energy တွေပေါ်မူတည်ပြီးပြင်ပအခြေအနေတွေကို ဖန်တီးယူနိုင်ကြတယ်။အချင်းချင်းထွေးပွေ့ဆွဲငင်ထားတတ်ကြတယ်”တဲ့ ဆရာမရေးထားတဲ့စာလေးကို ကောက်နုတ်ထားတာပါ ။ဒါကြောင့်လည်း ကျွန်မတို့ဟာ ကိုယ်နဲ့Typeတူတဲ့သူတွေနဲ့ပဲ ပေါင်းလိုရတာပေါ့ ။ ဓာတ်တူချင်းဆွဲငင်ကြတဲ့အခါ ညှိနှိုင်းစရာတွေလည်းသိပ်မလိုတော့သလို သူတို့နဲ.နေရရင် Comfort ဖြစ်နေတာမျိုးပေါ့။
    ပြီးတော့ Happy Money & Unhappy money
    Consciousness Map
    Manifestationအကြောင်းတွေကိုလည်း
    သေချာရှင်းပြထားတာဖြစ်လို့ တကယ်ကို ဖတ်သင့်တဲ့ စာအုပ်ပါ။
    Positive Energy တွေရအောင် မေတ္တာ…အလင်း…စွမ်းအားတွေအကြောင်း အချင်းချင်းမျှဝေကြရအောင်ပါ……..
    ( 4:16 am/10.9.22 )
    KSDW

  5. Naing Lin Htut

    ဖတ်ချင်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မွန်ဟော်စီ စာအုပ်များ