လိုတရ မတ်ခွက်

( 0 မှတ်ချက်)

4500 (ကျပ်)

ပြောင်းလဲတိုးတက်နေသော ခေတ်ထဲမှာ ကလေးများလည်း ခေတ်အရွေ့မှာ စီးမျောလိုက်ပါလာခဲ့ရပြီ။

ကလေးများအတွက် အစစအရာရာ ရယ်ဒီစနစ် ဖြစ်လာခဲ့ပြီ။ ဒါကြောင့်ပဲ ကလေးတို့ကိုယ်တိုင် ဖန်တီးရသော အတွေ့အကြုံက နည်းလာရပြီ။ ဒီလိုပါပဲ သူငယ်ချင်း အပေါင်းအသင်းများနှင့်အတူ ကစားရင်း စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာ အတွေ့အကြုံကလည်း နည်းလာရပြီ။

ဥပမာ စာအုပ်အငှားဆိုင်သို့ သူငယ်ချင်းများနှင့်အတူ စာအုပ်ငှားပြီး စာအတူဖတ်သည့် အရသာမျိုး၊ အတွေ့အကြုံမျိုး ကလေးများ ခံစားခွင့် မရှိတော့ပြီ။ နယ်များတွင် စာအုပ်အငှားဆိုင်များ မရှိသလောက်ဖြစ်သွားပြီ ဖြစ်၏။

ဒါကြောင့် ‘လိုတရ မတ်ခွက်’ ကလေးဝတ္ထုတိုများ စာအုပ်တွင် ကလေးအချင်းချင်း အတူသွား၊ အတူစား၊ အတူကစားရင်းမှ သူတို့ကိုယ်တိုင် တွေ့ကြုံရသည့် အခက်အခဲများကို အတူဖြေရှင်းကြပုံ၊ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ် ထားကြပုံ၊ အတူတူစူးစမ်းကြပုံ၊ တစ်ဦးရဲ့အခက်အခဲကို တစ်ဦးက ဝိုင်းဝန်းဖြေရှင်းပေးကြပုံ၊ ကလေးအချင်းချင်းကစားရင်းမှ တစ်ဦးထံမှကောင်းသောအကျင့်တစ်ဦးထံ ကူးစက်ပုံအပြင် အမြဲရန်ဖြစ်လေ့ရှိသော ညီအစ်ကိုနှစ်ယောက်အပေါ် အမေကြီးဖြစ်သူက ညီအစ်ကို နှစ်ယောက်၏မိခင်နှင့် အတိုက်အခံပြုကာ ထားရှိသော သံယောဇဉ်၊ ဈေးသည်တစ်ဦး၏ ကလေးများအပေါ်တွင် ထားရှိသော အကောင်းမြင်စိတ် စသဖြင့် ကလေးတို့ အတုယူအားကျဖွယ် ဝတ္ထုတိုကလေးများ ပါဝင်ပါသည်။

ကလေးတို့အတွက် သင်ခန်းစာပေးသွားသည်ချည်း မဟုတ်ဘဲ ကလေးများ နားလည်လွယ်အောင် ရေးသားထားပါသည်။ ဗဟုသုတ ရစေမည့်အပြင် ကလေးများအတွက် စိတ်လှုပ်ရှားဖွယ်၊ နှစ်သက်ဖွယ်ဖြစ်စေမည့် စာအုပ်ကောင်းတစအုပ် ဖြစ်ပါသည်။

စာမျက်နှာ

127

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 အောက်တိုဘာလ (ပထမ-ကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လိုတရ မတ်ခွက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နန္ဒမန်းကြယ် (တွင်းငယ် ) စာအုပ်များ