ဘ၀အိုအေစစ်
4000 (ကျပ်)
ငြိမ်းချမ်းမှုကိုရှာဖွေခြင်း* The Things You Can See Only When You Slow Down စာအုပ်ရေးသားသူ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟေမန်ဆူနင်၏ ဒုတိယမြောက် စာအုပ်ဖြစ်ပါသည်။ ကိုရီးယားနိုင်ငံရဲ့ ၂၀၁၆ ခုနှစ်အတွင်း အရောင်းရဆုံးစာအုပ်တစ်အုပ် ဖြစ်သလို ကမ္ဘာတစ်ဝှမ်း အခြားဘာသာပေါင်းများစွာကို ဘာသာပြန်ဆိုထားပြီးဖြစ်သည့် အထင်ကရ စာအုပ်တစ်အုပ်ပါ…
‘ဒီစာအုပ်ဟာ စာဖတ်သူအတွက် ဘ၀မှာ စိတ်ပျက်စရာတွေ ကြုံလာတဲ့အခါ နားခိုရာလေးတစ်ခု… အားပေးဖော် ကမ်းလက်တစ်စုံဖြစ်ပါစေလို့ ဆန္ဒပြုထားပါတယ်။
လူရယ်လို့ဖြစ်လာရင် အခက်အခဲ၊ ပြဿနာတွေကတော့ မလွဲမသွေ ကြုံရမှာပါပဲ။ ဘာအခက်အခဲမှမရှိတဲ့သူဆိုတာ လောကမှာ မရှိပါဘူး။ ဒါကြောင့် ဘ၀မှာ ကြုံရတဲ့ အခက်အခဲပြဿနာတွေကို ဗုဒ္ဒစိတ်ပညာရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာပြထားပြီး လူတွေကြုံနေရတဲ့ အခက်အခဲပြဿနာတွေကို နားလည်လာဖို့၊ အသိသတိရှိရှိ ဖြေရှင်းတတ်ဖို့ စာရေးသူရဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး လမ်းညွှန်ထားတဲ့ စာအုပ်တစ်အုပ်ပါ။
ကိုယ်ရဲ့ မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကိုယ်တွယ်နိုင်ခြင်းဖြင့် ဘ၀ရဲ့ ပိုအရေးကြီးတဲ့အရာတွေကို အာရုံစိုက်လာနိုင်စေဖို့၊ တစ်နည်း ဘ၀ရဲ့အမှိုက်သရိုက်တွေကို ဖယ်ရှင်းပြီး ကိုယ့်ဘ၀ကို စိတ်ကြည်ကြည်လင်လင်နဲ့ ဦးဆောင်ဦးရွက်ပြုနိုင်ဖို့ အကူအညီ အထောက်အပံ့ဖြစ်စေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 200 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ ၂၀၂၁ ဇန်နဝါရီလ (ပ-ကြိမ်) |
16 in stock
Hla,myo –
အရမ်းကောင်းပါတယ် တအုပ်လုံး မဖတ်ရသေးပေးမဲ့ အစပိုင်းကို နည်းနည်း လေး ဖတ်စာဖတ်ထားတော့ စိတ်ဝင်းစား ပါတယ်