
လစ်ဘရယ်ဝါဒ
2500 (ကျပ်)
အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ လစ်ဘရယ်ဝါဒ၊လစ်ဘရယ်ဒီမိုကရေစီဆိုတာတွေကို အတော်ကလေးတပ်မက်ခဲ့ကြတယ်။ ဒီဝေါဟာရဟာနိုင်ငံရေးအိုင်ဒီယိုလိုဂျီ သက်သက်အဖြစ်သာမကဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ ဝေါဟာရအဖြစ်ပါထင်ရှားခဲ့တယ်။ လွန်ခဲ့တဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်မှာ ပြောရေးဆိုခွင့်မရှိတဲ့ ဝေါဟာရ၊ အယူအဆတွေထဲမှာ လူ့အခွင့်အရေးဆိုတဲ့ အယူအဆအပြင် လစ်ဘရယ်ဝါဒဆိုတဲ့ အိုင်ဒီယိုလိုဂျီပါ ပါဝင်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လစ်ဘရယ်ဝါဒဆိုတာ ဖိနှိပ်ချုပ်ချယ်သူတွေ အင်မတန်မှ ကြောက်ရွံတဲ့နိုင်ငံရေးအိုင်ဒီယိုလိုဂျီတစ်ခုဖြစ်တယ်ဆိုတာ သိသာတယ်။ သိသာတဲ့အတွက်လည်း လစ်ဘရယ်ဝါဒအမြင် သဘောတရားတွေ လူ့အဖွဲ့အစည်းထဲ မထွက်ပေါ်လာနိင်အောင် မရေးသားနိုင်အောင် စိစစ်ကန့်သတ်ခဲ့တာတွေကို တွေ့ရမယ်….။
စာအုပ်ကျောဖုံးကောက်နှုတ်ချက်လေးဖြစ်ပါတယ်။
ယခုစာအုပ်တွင် လစ်ဘရယ်ဝါဒရဲ့ အခြေခံအုတ်မြစ်က ဘာလဲ။ လစ်ဘရယ်တန်ဖိုးစံ ဆိုတာဘာလဲဆိုသည့်အကြောင်းနှင့် အာဏာရှင်နောက်ပိုင်းလစ်ဘရယ်ဝါဒအကြောင်းကို ရှင်းလင်းပြောကြားထားသည့် စာအုပ်ကောင်းတစ်အုပ်….။
စာမျက်နှာ | 216 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | Myanmar Knowledge Society၊ 2016 နိုဝင်ဘာလ |
Out of stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ