ဓမ္မပူဇာတေးသီချင်းများလေ့လာချက်
15000 (ကျပ်)
ကျမ်းဂန်တွေနဲ့ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေကို အကိုးအထောက်စုံစွာနဲ့ တင်ပြထားပါတယ်။ သီချင်း ရဲ့ သဘောတရား တွေ အပြင် ဓမ္မပူဇာတေးသီချင်းတွေကို အခန်းကဏ္ဍအလိုက် ခွဲခြမ်းစိစစ်ထားပါတယ်။ နောက်ထပ် ထူးခြားချက်ကအောင်ခြင်းရှစ်ပါးသီချင်း အကြောင်းပါအောင်ခြင်းရှစ်ပါးလို့ ဆိုလိုက်တာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အောင်မြင်ခဲ့သော အကြောင်းဖြစ်လို့ သုတ္တန်မှာ ပါရှိတယ် ထင်ကြပါတယ်။တကယ်တော့ ဗားမဲ့ဆရာတော်ကြီးရဲ့ဂါထာတော်ကို သီချင်းရေးဖွဲ့ထားကြောင်းကို လေ့လာထားပါတယ်။ လူတွေဟာ ဂါထာတော်တွေကို နေ့စဉ် ရွတ်ဖတ်ကြပေမယ့် အနက်သဘောသိတာရှားပါးကြပါတယ်။ ဒါကြောင့်သေချာ လေ့လာတင်ပြထားပါတယ်။ တရားတော်တွေကို နာယူကြချိန်မှာ သုတ္တန်၊အဘိဓမ္မာ၊ဂါထာတွေ ကွဲပြားကြောင်း တင်ပြထားပါတယ်။ စာအုပ်မှာ ထူးခြားချက်အနေနဲ့ သီချင်းတွေ အပြင် သီချင်းနဲ့ဆက်စပ်တဲ့နောက်ခံအကြောင်းအရာတွေကိုပါ စိစစ်လေ့လာသုတေသနပြုထားတာမို့ တေးသီချင်းရဲ့ အနှစ်သာရအပြင် ဗုဒ္ဓဘာသာတို့ရဲ့ အခြေခံ ဓမ္မသဘောတရားတွေရဲ့ အဆီအနှစ်ပါ ရရှိလိမ့်မယ်လို့ ယုံကြည်ပြီး ထားခြင်းဖြစ်ပါတယ်။
စာမျက်နှာ | 262 |
---|---|
စာအုပ်အရွယ်အစား | 6 x 0.5 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | PST FOUNDATION စာပေ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ