လေနံရံ

( 0 မှတ်ချက်)

10000 (ကျပ်)

စာဖတ်သူကို ကျေနပ်မှုအပြည့်အဝပေးနိုင်မယ့် ပင်ကိုရေးဝတ္ထုကောင်းတွေကို ငံ့လင့်နေကြတယ် မဟုတ်လား။ ဒီဝတ္ထုကို အစအဆုံး ဖတ်လို့ပြီးချိန်မှာ ရင်ထဲစိမ့်ဝင်ပြီး ဘဝင်ကျသွားစေရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ စာဖတ်သူဆီ ပို့ပေးပါမယ်။ ၁၉၉၀ အလွန် ကာလရဲ့ အခင်းအကျင်းကို နောက်ခံထားပြီး မြန်မာစာပေ ၊ ဂီတ ၊ လူမှုထုံးဓလေ့ ၊ မိဘနဲ့သားသမီးဆက်ဆံရေး တို့ ဝန်းပတ်ထားတဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာကထိကဆရာ နဲ့ တပည့်မလေးတို့ရဲ့ မေတ္တာဇာတ်လမ်းတစ်ပုဒ်ပါ။ ဦးမင်းဟန်ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ကထိက ဆရာတစ်ဦး၊ အပျိုပေါက် သမီးတစ်ယောက်အဖေ တစ်ခုလပ်။ သမီးဖြစ်သူက မိခင်နဲ့တူတူ နေထိုင်တဲ့အတွက် ဦးမင်းဟန်ကတော့ လူပျိုသဖွယ် ရန်ကုန်မြို့မှာ တစ်ယောက်တည်း။ သူက စာပေ၊ဂီတ၊ ရုပ်ရှင်ဝါသနာပါတယ်။ ပြီးတော့ အရက်ကောင်းကောင်းနဲ့ မိန်းမ။ သူဝါသနာမပါတာက အိမ်ထောင်ထပ်ပြုဖို့။သူက ကျန်းမာရေးလည်းကောင်းတော့ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက်တွဲပြီး ဘဝကိုစိတ်ချမ်းသာစွာဖြတ်သန်းနေသူမို့ အိမ်ထောင်ရေးဒုက္ခကို သည်းမခံနိုင်သူ။ တစ်ဖက်ကလည်း သူ့ကျောင်းမှာတော့ မြန်မာစာပေ သင်ကြားရေး အပိုင်းမှာ တိုးတက်တဲ့အမြင်ရှိပြီး ခေတ်မီအောင်ကြိုးစားနေတဲ့ ဆရာတစ်ယောက်။ တပည့်ကျောင်းသူတွေအပေါ်မှာလည်း စည်းခြားပြီး ဆက်ဆံတတ်တဲ့ ဂုဏ်သိက္ခာရှိ ဆရာတစ်ဦး။ ဒီလိုနဲ့ တစ်ရက်မှာ ဦးမင်းဟန်ဟာ သူ လုံးဝမသိဖူးတဲ့ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားတယ်။ ဖြစ်ချင်တော့ ဒီကလေးမက သူ့အတန်းမှာတက်ရမယ့် သူ့တပည့်။ သူခြားထားတဲ့စည်းကို ကိုယ်တိုင်မကျော်မိဖို့ ကြိုးစားရင်း စွဲလန်းလွန်းလို့ဖြစ်လာတဲ့ဝေဒနာကို ဘယ်လိုထိန်းသိမ်းမလဲ။ ဆရာဆိုတာ မိဘနဲ့ အတူတူထားရတဲ့ မြန်မာ့ထုံးဓလေ့မှာ ဖြစ်ပေါ်လာတဲ့ မေတ္တာဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲ၊ ဘယ်လိုအဆုံးသတ်မလဲ သိချင်စိတ်နဲ့ ဆက်ဖတ်မိရတဲ့ စာအုပ်တစ်အုပ်ပေါ့။ ဝတ္ထုကိုဖတ်ပြီး အဆုံးသတ်ဟာ ကိုယ်တွေးထင်ထားတာထက် အလွန်လှပသေသပ်စွာ ဖြစ်သင့်တဲ့အတိုင်း သိမ်းပေးထားလို့ စာရေးသူကို ကျေနပ်ကျေးဇူးတင်ရတယ်။

စာမျက်နှာ

332

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်)

2 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လေနံရံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဝေယံဘုန်း စာအုပ်များ