ဗုဒ္ဓအမြင်ကိုလေ့လာခြင်း
5000 (ကျပ်)
…ဤကျမ်းတွင်အပိုင်းငါးပိုင်းခွဲခြားထားသည်။ပထမပိုင်းတွင် ဗုဒ္ဓ၏မူလဓမ္မကိုဖွင့်ဆိုထားသည်မှာလွန်စွာစိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ဒုတိယအပိုင်း၏အကြောင်းမှာ ဗုဒ္ဓဓမ္မ၏ တိုးတက်လာခြင်းဖြစ်သည်။ဤအပိုင်းတွင် ဗုဒ္ဓ၏၁၈ ပါးသောနိကာယဂုဏ်းကွဲများ၏မြင့်မားသောအဖွင့်မှာသမိုင်းအမြင်တွင်လွန်စွာအဖိုးထိုက်တန်လှပေသည်။စာရေးသူသည် မဟာသံဃိကတို့နှင့်သမ္မိတိတို့၏ထူးခြားကွဲပြားသောအယူအဆကိုဖွင့်ပြရာမိမိ၏ပဏ္ဍိအဖြစ်ကိုသိစေလိုက်ခြင်းဖြစ်၏။တြိကာယအကြောင်းအဆုံးအဖြတ်မှာလွန်စွာလှပသောအရေးအသားဖြစ်သည်။နိဗ္ဗာန်နှင့်ပတ်သက်၍အမျိုးမျိုးသောဂိုဏ်းဂဏတို့၏အယူအဆတို့ကိုတပေါင်းတည်းလေ့လာမှုပေးလိုက်သည်မှာချီးကျူးစရာဖြစ်၏။တတိယအပိုင်းမှာ ဤကျမ်း၏အသည်းနှလုံးဖြစ်၏။ဤတွင်ဝေဘာသိက,သုတ္တန္တိက,ယောဂါစာရနှင့်မဇ္ဈမိကဂိုဏ်းဂဏတို့၏လျှို့ဝှက်ချက်သဘောတရားကိုလွယ်ကူစွာ လေ့လာမှုပေးထားရာ သူ့အားမချီးကျူးဘဲမနေနိုင်ချေ။ဤတွင်ကျမ်းဆရာ၏ပညာရှိအဖြစ်မှာအဘယ်မျှနက်နဲကြောင်းထုတ်ဖော်ပေးသကဲ့သို့ဖြစ်၏၊စတုတ္ထပိုင်းတွင်ဗုဒ္ဓနယာယ,ဗုဒ္ဓယောဂနှင့်ဗုဒ္ဓတန္တရတို့ကိုဖွင့်ဆိုထားသည်မှာလုံး၀အသစ်စက်စက်ဖြစ်၏။ပဉ္စမပိုင်းတွင် ဗုဒ္ဓဓမ္မကိုအကျယ်ဝိတ္တာရချဲ့ပေး၏။ဤသို့လျှင်တစ်ကျမ်းတည်းဖြင့်ဗုဒ္ဓ – ဓမ္မ၏အမျိုးမျိုးအမြွှာမြွှာသောအလျဉ်တို့ကိုတစုတရုံးတည်းဖွင့်ဆိုထားသဖြင့်ကျမ်းဆရာသည်အလွန်အကျူးချီးကျူးဖွယ်ကိုပြုလုပ်လိုက်ခြင်းဖြစ်သည်။
စာမျက်နှာ | 268 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 7.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ 2023 မတ်လ (ဒုတိယအကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ