တရားမဆိုင်ရာမှတ်စုများကို လက်တွေ့အသုံးချခြင်း
3000 (ကျပ်)
အမှုလိုက်ရှေ့နေလို့ပြောလိုက်တာနဲ့ ‘‘ခင်ဗျားဟာ ရာဇဝတ်ကြောင်းကိုဦးစားပေးလိုက်တဲ့ ရှေ့နေလား၊ တရားမကြောင်းကိုဦးစားပေးလိုက်တဲ့ရှေ့နေလား’’ဆိုပြီး ထပ်ပြီးမေးခွန်းထုတ်ခံရတတ်ပါတယ်။ ဘာကြောင့်ဆိုရင် တက်သစ်စရှေ့နေအများစုဟာ ရာဇဝတ်ကြောင်းကို အထူးဦးစားပေးအမှုလိုက်တတ်ကြပြီး ဝါရင့်ရှေ့နေအများစုကတော့ တရားမကြောင်းကို ဦးစားပေးလိုက်တတ်ကြလို့ပါပဲ။ ဒီတော့ တက်သစ်စရှေ့နေတွေက ဘာကြောင့် တရားမကြောင်းကို မလိုက်ကြတာလဲလို့ မေးပါလိမ့်မယ်။ အဖြေက ရှင်းပါတယ်။ ရာဇဝတ်ကြောင်းထက် ပိုပြီးသိမ့်မွေ့နက်နဲရှုပ်ထွေးတဲ့ တရားမကျင့်ထုံးဥပဒေပုဒ်မတွေကြောင့်လို ပြောရပါလိမ့်မယ်။ အဲဒီတရားမကျင့်ထုံးဥပဒေပုဒ်မတွေကို အမြန်ဆုံးသိအောင် ဘယ်လိုလုပ်ဆောင်ရမလဲလို့မေးကြတဲ့ တက်သစ်စရှေ့နေတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို စေတနာထားပြီး ထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။
ဆရာဦးသန့်ဇင်အောင်(တရားလွတ်တော်ရှေ့နေ)ရဲ့ ဒီစာအုပ်မှာ တရားမမှု၏အခြေခံသဘော သဘာဝများ၊ တရားလိုဘက်မှလိုက်ပါဆောင်ရွက်ရလျှင်၊ တရားပြိုင်ဘက်မှလိုက်ပါဆောင်ရွက် ရလျှင်၊ အဆိုလွာ/ချေလွာရေးသားခြင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်ကိစ္စများ၊ တရားလို/တရား ပြိုင်မလာရောက်လျှင်၊ အမှုသည်တို့ကိုစစ်ဆေးခြင်းအနုပညာ၊ ကာလစည်းကမ်းသတ်အကြောင်း၊ လျှောက်လဲချက်၊ စီရင်ချက်၊ တရားမအယူခံ/ပြင်ဆင်မှုနှင့် အထွေထွေလျှောက်လွာအကြောင်း စသည်တို့ကို အခန်း(၁၁)ခန်းဖြင့် အသေးစိတ်ရှင်းပြထားပါတယ်။ တရားမဆိုင်ရာ ကျင့်ထုံးပုဒ်မများကို ကျစ်ကျစ်လျစ်လျစ်ဖြင့် ရှင်းလင်းပြေပြစ်စွာရေးသားထားတာဖြစ်လို့ တက်သစ်စရှေ့နေအပြင် ဥပဒေကျောင်းသား/ကျောင်းသူများ၊ ဥပဒေဝါသနာပါသူ သာမန်ပြည်သူများပါ လေ့လာသင့်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 86 |
---|---|
စာအုပ်အရွယ်အစား | 7.3 × 0.1 × 10.3 inches |
ပုံနှိပ်မှတ်တမ်း | Pica Media၊ 2020 ဒီဇင်ဘာလ၊ (ပ-ကြိမ်) |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ