လက်ဗွေနီနီ

( 1 မှတ်ချက်)

9600 (ကျပ်)

Higashino ဟာ စုံထောက်ဝတ္ထုနဲ့ ကမ္ဘာကျော်သူဖြစ်ကြောင်း ပြောခဲ့ပါပြီ။” လက်ဗွေနီနီ ” ဟာလည်း စုံထောက်ဇာတ်လမ်းပါပဲ။အရင်နေ့တွေက တင်ခဲ့တဲ့အထဲမှာပါတဲ့ ‘ ကာဂါစီးရီး ‘ ထဲကတစ်ပုဒ်ပါ။ဒါပေမဲ့ စုံထောက်သက်သက်မဟုတ်ဘဲ မိဘမေတ္တာ ၊ ဂျပန်လူမျိုးတွေရဲ့ ယဥ်ကျေးမှုနဲ့ နေထိုင်မှုပုံစံလေးတွေကိုဘဝသရုပ်ဖော်ပုံစံလေးရောရေးထားတာတွေ့ရပါတယ်။*** ဇာတ်လမ်းကတော့ သားဖြစ်သူက လူတစ်ယောက်ကို သတ်လိုက်တယ်။ ဒါကို မိခင်နဲ့ဖခင်က ဖုံးကွယ်ပေးဖိူ့ ကြိုးစားရင်း နောက်ဆုံး ဘယ်လောက် ယုတ်မာပက်စက်တဲ့ အတွေးအကြံထိ ဖြစ်လာသလဲဆိုတာကို မိသားစုဝင်တွေကြားက အိမ်တွင်းရေးပဋိပက္ခတွေနဲ့ အမှုကြောင်းကို ဆက်စပ်ပြသွားတာပါပဲ။’ ဤအိမ်တွင် နေထိုင်ကြသူ လူများအားလုံးတွင် စိတ်ပိုင်းဆိုင်ရာ အနှောင်အဖွဲ့များပြတ်တောက်နေကြသည်။ ဤအိမ်တွင်မိသားစုစိတ်ဓာတ်၊ မိသားစုသံယောဇဥ်ဟူ၍ မရှိကြပေ ” တချိန်တုန်းက သေတူရှင်ဖက် ရုန်းကန်ခဲ့ကြတဲ့ ဇနီးမောင်နှံတွေမှာ အပြင်လူတွေဘယ်လိုမှနားမလည်နိုင်တဲ့ နက်ရှိုင်းတဲ့သံယောဇဥ်တွေရှိကြတယ်။ ဒါကြောင့်လည်းသူတို့ဆီမှာ ကိုယ့်ဘဝကြင်ဖော်ရဲ့ ဒုက္ခကို ကူညီမျှခံပေးဖို့ ခွန်အားတွေ ရှိနေကြတာပေါ့ ” လူအိုတွေရဲ့စိတ်အခြေအနေဟာ အတော်ကိုရှုပ်ထွေးကြတယ်။ တကယ်လို့ သေမင်းနဲ့နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတော့မယ်လို့ သိသွားပြီဆိုရင် ပိုဆိုးတော့တာပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့အတွက် လုပ်ပေးနိုင်တာက သူတို့ရဲ့ဆန္ဒတွေကိုအလေးထားဖို့ပဲ။ သူတို့ရဲ့အပြုအမူဟာ ဘယ်လောက်ပေါ့ပြက်နေပါစေ၊ကာယကံရှင်အနေနဲ့ကျတော့ အဲဒါဟာ အင်မတန်အဓိပ္ပါယ်ပြည့်ဝနေတတ်တယ် …။’

စာမျက်နှာ

324

စာအုပ်အရွယ်အစား

5.4 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 မတ်လ (ပ-ကြိမ်)

1 in stock

လက်ဗွေနီနီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. La Pyae

    သားသမီးတစ်ယောက်ရဲ့ စရိုက်ကို အများဆုံး ပုံသွင်းပေးတဲ့ သူတွေဟာ သူတို့ရဲ့ မိဘတွေပဲလို့ ဆိုကြတယ်။ ဒီဝတ္ထုထဲမှာဆိုရင် တကယ်ပဲ မိဘတွေရဲ့သွန်သင်မှုက သားသမီးရဲ့စရိုက်ကိုပြောင်းလဲသွားစေတာလား။
    “လက်‌ဗွေနီနီ”ဆိုတဲ့ဝတ္ထုထဲမှာ စုံထောက်ဆန်ဆန်နဲ့ မိခင်ကသားပေါ်ထားတဲ့ မေတ္တာနဲ့ သားကနေဖခင်ပေါ်ထားတဲ့မေတ္တာတွေရဲ့ မတူညီမှုတွေရယ်၊ ဒီထဲမှာ စိတ်ဝင်စားဖို့‌ကောင်းတဲ့အချက်ကတော့ လူကြီးတွေ အသက်ကြီးလာရင် သူငယ်ပြန်တတ်တဲ့အကြောင်းရယ်၊ တချို့လူကြီးတွေ သူငယ်ပြန်ရတဲ့အကြောင်းအရင်းက သူ့ရဲ့ မိသားစု ပဋိပက္ခကြောင့်ပဲ သူငယ်ပြန်သွားရတာလား ၊
    ဒီစာအုပ်ရဲ့‌ေခါင်းစဥ်အတိုင်းပဲ ၇နှစ်သမီးအရွယ်လေး သတ်ခံရတဲ့ကိစ္စက ဘယ်သူကြောင့်လဲ ၊ သတ်လိုက်တဲ့သူကကော ဘာကြောင့် သတ်လိုက်ရတာလဲ၊ ဘယ်သူအသုံးမကျလို့ ကလေးမလေးက သေသွားရတာလဲ၊ သေသွားသူရဲ့ကိုယ်ပေါ်မှာကော လက်ဗွေနီနီ သဲလွန်စကျန်ခဲ့တာကြောင့် ဒီအမှုက ပေါ်သွားတာလား၊ ဒီထဲမှာ မထင်မှတ်ထားတဲ့သူက အမှုကို ဖော်ထုတ်ပေးသွားတာကိုက အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ် ။
    Review ကောင်းကောင်းမရေးတတ်ပေမယ့် မိဘနဲ့သားသမီးကြားဆက်ဆံရေးနဲ့ စုံထောက်ဆန်ဆန်ဝတ္ထုမျိုးမို့ ဖဝ်ကြည့်သင့်တယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဖြိုးကျော် စာအုပ်များ