ဂျိုးဘိုင်ဒင်၏ဘ၀၊ လာရာနှင့်လားရာ

( 0 မှတ်ချက်)

6000 (ကျပ်)

အမေရိကန် ပြည်ထောင်စု၏ ၄၆ ယောက်မြောက် သမ္မတဖြစ်လာမည့် ဂျိုးဘိုင်ဒင်၏ အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သည်။ စာအုပ်ကို ရေးသားပြုစုသူမှာ The New Yorker မှ နာမည်ကြီး သတင်းထောက်အီဗန် အော့စ်နော့စ် ဖြစ်သည်။ အော့စ်နော့စ်သည် ပူလစ်ဇာဆုနှင့် အမျိုးသားစာပေဆု(National Book Award)တို့ကို ရရှိထားသူလည်း ဖြစ်သည်။ တရုတ်ပြည်နှင့် ပတ်သက်သည့် သတင်းများကို နှစ်ပေါင်းများစွာ ရေးသားခဲ့ခြင်း ကြောင့် လူသိများခဲ့ပြီး အမေရိကန် ပြည်တွင်း နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းချင်းရာများကိုလည်း ရေးသားခဲ့ပါသည်။

Joe Biden: The Life, the Run and What Matters Now (ဂျိုးဘိုင်ဒင်၏ ဘဝ၊ လာရာနှင့် လားရာ) စာအုပ်တွင် ဂျိုးဘိုင်ဒင်၏ မိသားစုဘဝ အိမ်တွင်းရေးများအပါအဝင်၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ သမ္မတအိုဘားမားလက်ထက်တွင် ဒုသမ္မတအဖြစ် တာဝန်ယူခဲ့ပုံများမှသည် လက်ရှိသမ္မတ ဒေါ်လ်နယ် ထရမ့်ကို ယှဉ်ပြိုင်အနိုင်ယူခဲ့သည့် သမ္မတ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုများကိုပါ စုံစုံလင်လင် ဖတ်ရှုရမည်ဖြစ်သည်။

စာမျက်နှာ

350

စာအုပ်အရွယ်အစား

5.3 x 1 x 8.3 inches

ပုံနှိပ်မှတ်တမ်း

Myanmar Knowledge Society၊ 2021

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဂျိုးဘိုင်ဒင်၏ဘ၀၊ လာရာနှင့်လားရာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စည်သူကျော် စာအုပ်များ