မောင်းမတထောင် စူးထုန်၏၀တ္ထုလတ်သုံးပုဒ်

( 0 မှတ်ချက်)

7500 (ကျပ်)

စူးထုံ ရဲ့ ဝတ္ထုလတ် ၃ ပုဒ် ဝတ္ထုတိုများ မဟုတ်ပါ ဒီ ၃ ပုဒ်ထဲကမှ ၁ ပုဒ်ရဲ့နာမည်ကို ယူပြီး ခေါင်းစဥ်ပေးထားတယ်။ ‘ မောင်းမတထောင် ‘စာရေးဆရာ ‘ တော်ကောင်းမင်း ‘ က မူရင်းတရုတ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုတယ်။ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထု ၃ ပုဒ်လုံးရဲ့ ထူးခြားချက်က ပင်တိုင်ဇာတ်ကောင်တွေဟာ အမျိုးသမီးတွေ ဖြစ်နေတာပဲ။ “မောင်းမတထောင်”က သူဌေးတစ်ယောက်ရဲ့ မယားလေးယောက်အကြောင်း။ လုပ်ငန်းပြုတ်ပြီး ဖအေက ကိုယ့်ကိုယ်ကိုယ် သတ် သေ သွားလို့ သူဌေးမယားငယ် လာလုပ်ရတဲ့ တက္ကသိုလ်ကျောင်းသူ စတုတ္ထမယားကို အဓိကဇာတ်ကောင် အဖြစ်ထားထားတယ်။မင်းသမီးဂေါင်လီ ပါဝင်ပြီး ဒါရိုက်တာ ကျန်းယီမူးရိုက်တဲ့ နာမည်ကြီးရုပ်ရှင် Raise The Red Lantern ရဲ့ မူရင်းဝတ္ထု။”နှုတ်ခမ်းနီ ပါးနီ” က တရုတ်ပြည် လွတ်မြောက်စကာလကို အခြေခံပြီး လူ့အဖွဲ့အစည်းဟောင်းရဲ့ ဆောင်ကြာမြိုင်က ပြည့်တန်ဆာနှစ်ဦး လူ့အဖွဲ့အစည်းသစ်မှာ တွေ့ကြုံကျင်လည်ရတဲ့ ဘဝဇာတ်ကြောင်းပဲ။ဒီဝတ္ထုကို ‘Blush’ အမည်နဲ့ ရုပ်ရှင်ရိုက်ပြီး ၁၉၅၅ ခုနှစ် မှာပြသခဲ့တယ်။ “မိန်းမသားဘဝ” က ၁၉၃၀ ပြည့်လွန်နှစ်တွေကနေ ၁၉၈၀ အလွန်နှစ်တွေထိ ခေတ်သုံးခေတ်မှာ အမျိုးသမီး မျိုးဆက်သုံးဆက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ရေးဖွဲ့ထားတယ်။ဒီဝတ္ထုကို ‘Jasmine Women’ အမည်နဲ့ရုပ်ရှင်ရိုက်ပြီး ၂၀၀၄ ခု မှာပြသခဲ့တယ်။ဝတ္ထု ၃ ပုဒ်လုံးမှာ မတူညီတဲ့ခေတ်ကာလနဲ့ မတူညီတဲ့ မိသားစုတွေက မိန်းမတွေရဲ့ ဘဝ၊ ဒုက္ခ ၊ နာကျင်မှု ၊ အားနည်းချက်တွေကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။မူရင်းစာရေးဆရာ စူးထုံဟာ မိန်းမသားနေရာကနေ ဝင်ပြီး ခံစားရေးဖွဲ့ထားတာ မယုံကြည်နိုင်စရာကောင်းအောင် ပီပြင်တာကို တွေ့ရတယ်။

စာမျက်နှာ

244

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 မတ်လ(ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မောင်းမတထောင် စူးထုန်၏၀တ္ထုလတ်သုံးပုဒ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

တော်ကောင်းမင်း စာအုပ်များ