လာနာအန်းယန်းနှင့် အခြားဝတ္ထုတိုများ

( 0 မှတ်ချက်)

5000 (ကျပ်)

အမေရိကန်ဝတ္ထုတိုရေးဆရာ ဘင်လူရီ(Ben Loory)၏ ဝတ္ထုနှစ်အုပ်မှာ ထုတ်နုတ်ဘာသာပြန်ထားသော စာအုပ်ဖြစ်သည်။ ဘင်လူရီ၏ဇာတ်ဆောင်အများစုမှာ တိရစ္ဆာန်များဖြစ်တတ်ကြသည်။ သို့မဟုတ် အသက်ဝင်ကာ လူကဲ့သို့ ပြောဆိုနေထိုင်သည့် သက်မဲ့ပစ္စည်းများဖြစ်တတ်ကြသည်။ လူသားဇာတ်ဆောင်များပါတတ်သော်လည်း အဓိကမှာ တိရစ္ဆာန်များဖြစ်ကြပြီး အပြင်တွင်ရှိသည့် တိရစ္ဆာန်များဖြစ်သလို ယုံတန်းပုံပြင်များထဲမှလည်းဖြစ်တတ်ကြသည်။

ဘင် လူရီ၏အရေးအသားများသည် သတင်းစာအရေးအသားဆန်သည်။ ဇာတ်လမ်းဇာတ်ကွက်အတိအကျကို ဖွဲ့ဖွဲ့နွဲ့နွဲ့နှင့်မဟုတ်ဘဲ ရိုးရှင်းသည့် ဘာသာစကားနှင့် ဖွဲ့တတ်သည်။ ထူးဆန်းပေ့ဆိုသည့် ဇာတ်လမ်းမျိုးတောင် သူ့နေရပ်က သတင်းတစ်ပုဒ်လိုမျိုးဖြစ်နေတတ်သည်။

ဥပမာတချို့ပေးလိုပါသည်။ စစ်နှင့် ငြိမ်းချမ်းရေး ဆိုတဲ့ အရေးအသားကပါ။ “စစ်ပွဲနှင့် ငြိမ်းချမ်းရေးသည် ရှုပ်ထွေးပွေလီသော ဆက်ဆံရေးရှိခဲ့သည်- သူတို့သည် နှစ်အတန်ကြာ အတူမှီတင်းနေထိုင်ခဲ့ကြသည်။ သူတိုသည် မြို့၏အစွန်အဖျားရှိ တဲအိမ်တစ်လုံးထဲတွင် နေထိုင်ကြပြီး စစ်သည် ထိုနေရာတွင် တစ်ချိန်လုံးအော်ဟစ်နေခဲ့သည်။”

ဘင် လူရီသည် ဟာသလည်းနှောတတ်သည်။ သို့သော် သူ့ဟာသများ ထူးဆန်းနေတတ်တာမျိုးပါ။ မသိစိတ်ထဲက တောင့်တမှုတွေကိုလည်း သူကရေးတတ်သည်။ ပြီးတော့ ကလေးဘဝအကြောက်တရားကိုလည်း ဖော်ပြတတ်သည်။ ဘီလူးဆိုသည့် အရေးအသားကို ဖတ်ကြည့်လျှင်သိနိုင်သည်။ “ကောင်လေးတစ်ယောက် သူ့ဗီရိုကို သန့်ရှင်းရေးလုပ်တုန်း ဗီရိုအနောက်ဘက်မှာ ကပ်နေသည့် ဘီလူးပေါက်လေးတစ်ကောင်ကို တွေ့လိုက်သည်။ ကျွန်တော့်ကို မရိုက်ပါနဲ့ ဟု ဘီလူးက ပြောလိုက်သည်။” ကျွန်တော်တို့အားလုံးမှာ ငယ်ဘဝစိတ်ကူးတွေရှိခဲ့ကြတယ်မလား။ လူရီ၏ဇာတ်လမ်းများသည် ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီးမဆိုထားနှင့် ယမမင်းကိုယ်တိုင်ပင် တစ်ခုခုဖြစ်သွားတတ်သည်။

ဘင်လူရီ၏ဝတ္ထုတိုအများစုမှာ အိပ်မက်ဆန်ဆန်ဖြစ်တတ်သလို အိပ်မက်ဆိုးဆန်သည့် အရာများလည်းရှိသည်။ သို့သော် ချစ်စရာကောင်းပြီး ပျော်ရွှင်စွာအဆုံးသတ်သည့် ဇာတ်လမ်းများပါဝင်သည်။ ဘင်လူရီမှာ စိတ်ဝင်စားအောင် ရေးတတ်သူဖြစ်သည်။ မှော်ဆန်သည့် အရေးအသားများလည်းပါသည်။ ထို့ပြင် စာရေးသူသည် လောကအပေါ် စိတ်စေတနာထားသူလည်းဖြစ်သည်။ သူမျှော်မှန်းသောလောကမှ ကြင်နာသနားမှုနှင့် ခွဲခြားမှုနည်းပါးသော လောကသာဖြစ်သည်။ နာရီအနည်းငယ်ခန့် ပိုမိုကောင်းမွန်သော ကမ္ဘာ၊ လက်ရှိကမ္ဘာနှင့်မတူသော ကမ္ဘာတစ်ခုသို့ ခေတ္တခဏခိုလှုံလိုသူများ၊ အထီးကျန်နေသူများ၊ အခြားလူများနှင့်မတူသဖြင့် ဖယ်ထုတ်ခံရသူများအတွက် ဖတ်ရန်သင့်လျော်သော စာအုပ်ပင်ဖြစ်သည်။

စာမျက်နှာ

100

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 ဩဂုတ်လ (ပထမ-အကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လာနာအန်းယန်းနှင့် အခြားဝတ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဘိုဘိုဝင်း စာအုပ်များ