လရောင်ဆာတဲ့မြစ်
3000 (ကျပ်)
လရောင်လင်း၊သူသူနှင့်မြစ်တို့သုံးယောက်ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်း။သူသူနဲ့လရောင်လင်းကကျောင်းနေဖက်သူငယ်ချင်းဖြစ်သလို တိတ်တခိုးရင်ခုန်ကြပြီးးပွင့်လင်းခွင့်မသာလိုက်ပဲသူသူကအိမ်ထောင်ကျသွားတယ်။သူသူ့ကိုအကြောင်းပြုပြီးမြစ်နဲ့လရောင်လင်းဆုံတယ်။လရောင်လင်းကိုရင်ခုန်သွားတဲ့မြစ်ကလရောင်လင်းကိုရေလာမြောင်းပေးလုပ်ပီး စမ်းသက်မှူတွေနဲ့အတူရင်ဖွင့်လာအောင်လုပ်လိုက်နိုင်တယ်။လရောင်လင်းနဲ့မြစ်တို့ ချစ်သူတွေဖြစ်သွားကြတယ်။လရောင်လင်းကမိသားစုများပြီး မပြည့်စုံတဲ့ဘဝကနေကြိုးစားအောင်မြင်လာတော့မိသားစုကိုပျိုးထောင်ပေးတဲ့အလုပ်တွေလုပ်နေရတော့မြစ်နဲ့လက်ထပ်ဖို့ကိစ္စမှာအချိန်ဆိုင်းထားလိုက်ရတယ်။သူသူကအိမ်ထောင်ရေးကံမကောင်းဘူးကလေးတယောက်ရပြီးမှကွာရှင်းလိုက်ရတယ်။လရောင်လင်းဟာသူသူကအကူအညီတောင်းတိုင်းစိတ်ပိုင်းဆိုရာအင်အားဖြည့်တဲ့အကူအညီတွေပေးတယ်။မြစ်က သူသူနဲ့လရောင်လင်းဇာတ်လမ်းတွေသိထားတော့စိုးရိမ်ပူပန်မှုတွေဖြစ်တယ်။လရောင်ဆာတဲ့မြစ်မှာလရောင်လင်းနဲ့မြစ်တို့ကထက်မြက်တဲ့ဇာတ်ကောင်တွေဖြစ်တယ်။ဒိုင်ယာလော့တွေကလည်းစိတ်ပိုင်းဆိုင်ရာ၊အောင်မြင်မှုပိုင်းဆိုင်ရာတွေဖြစ်တယ်။စကားပြောတွေဟာလည်းကိုယ့်ကိုကိုယ်ယုံကြည်မှုထားတဲ့သဘောတွေနဲ့ဖွဲ့ထားတယ်။အချစ်နဲ့အောင်မြင်ရေးရောမျှထားတဲ့ဝတ္ထုဖတ်ချင်သူတွေအတွက်သဘောကျနိုင်တဲ့ လုံးချင်းဝတ္ထုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
စာမျက်နှာ | 164 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.1 |
ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီ၊ 2020 ဖေဖော်ဝါရီလ၊ (ပ-ကြိမ်) |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ