ကျွန်တော်ကျွန်မတို့သည်
6500 (ကျပ်)
ကျွန်တော်ကျွန်မတို့သည် မှာ -ကြော့မောင်၊ သက်ထား၊ ခင်မောင်ငြိမ်း၊ ဝင်းမာ၊ အေးဇော်၊ သီတာမျိုးနဲ့ စိန်ထွန်း တို့ သူငယ်ချင်း ၇ ယောက်အကြောင်းကို ရေးဖွဲ့ထားတာ ဖတ်ရပါမယ်။ဒါပေမယ့် အခြား ဆရာမင်းလူရဲ့ စာအုပ်တွေထဲကလို ငယ်ဘဝ ကလေးအရွယ်ဇာတ်လမ်းတွေ မပါပါဘူး။ တက္ကသိုလ်ကျောင်းနောက်ခံ အချစ်ဇာတ်လမ်းတွေ မပါပါဘူး။ လူငယ်တို့ဘဝ ရင်ခုန်လှုပ်ရှားမှုတွေ မပါပါဘူး။ ဘဝရဲ့ လူလတ်ပိုင်းအရွယ်ကို အခြေခံကျကျ ဖြတ်သန်းနေသူ ၇ ယောက် အကြောင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး အိမ်ထောင်တွေကျ၊ မိသားစုဘဝတွေကို ရင်ဆိုင်ရတဲ့အခါ တွေ့ရ ကြုံရတဲ့ အကြောင်းတွေကို ဆရာမင်းလူရဲ့ ဟန်အတိုင်း ရယ်စရာလေးတွေ အရွှန်းဖောက် ရေးသားထားပြီး မောစရာ ဘဝဇာတ်ခုံကို လှစ်ခနဲ ပြတဲ့ ဇာတ်ကွက်တွေနဲ့ တည်ဆောက်ထားပါတယ်။လွန်လေပြီးတဲ့ ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်မှန်တွေကို ပါးပါးလေး မှတ်တမ်းတင်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဟုတ်ရဲ့။ခင်မောင်ငြိမ်းတစ်ယောက် ကုန်တိုက်မှာ အအေးပုလင်း မဝယ်တတ်ဘဲ ဝယ်ခဲ့ရာက အရှုံးခံပြီး ပြန်ရောင်းခဲ့ရလိုမျိုး။ တကယ်တော့ ကျွန်တော်ကျွန်မတို့သည်ဟာ ကြော့မောင်တို့ သူငယ်ချင်းတစ်စုအကြောင်း ဖြစ်သလို တစ်ချိန်က ခေတ်ကာလတစ်ခုကို ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့နားက အန်တီတို့ ဦးဦးတို့ရဲ့ ဇာတ်လမ်းတွေဆိုရင်လည်း မမှားပါဘူး။
စာမျက်နှာ | 216 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2022 စက်တင်ဘာလ( စတုတ္ထအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ