ကြိုးကိုချည်တဲ့ ကြိုး
4500 (ကျပ်)
ဆရာမ ဝေ(စီးပွားရေးတက္ကသိုလ်) ကို မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဦးဆုံးစာအုပ်ဖြစ်တဲ့ နှလုံးသားပေါ်သွေးတဲ့ဓား ၀တ္ထုတိုစုစည်းမှုနဲ့ အမျိုးသားစာပေဆုရော ၊ သဟာယ စာပေဆုပါ ရရှိခဲ့ဖူးတဲ့ စာရေးသူတစ်ဦးပဲဖြစ်ပါတယ် ..
ဒီစာအုပ်လေးကတော့ ဆရာမရဲ့ ဒုတိယမြောက် ၀တ္ထုတိုစုစည်းမှု စာအုပ်လေးပဲဖြစ်ပါတယ် ..
*ယောင်္ကျားတစ်ယောက်ကို အထိအတွေ့နဲ့ ဆွဲဆောင်ပီး သိမ်းသွင်းမယ်ဆိုရင် အငွေ့လိုပဲ ပြန်လည်ပျောက်ကွယ်သွားနိုင်ကြောင်း ကျန်ရစ်လေသော အရာဆိုတဲ့ ဇာတ်လမ်းလေးက ပြောပြတယ် ..
*ချစ်ခြင်းမေတ္တာနဲ့ စေတနာဟာ အသုံးချခံရသလို ဖြစ်လာတဲ့အခါ စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်ပါတယ် .. မြင်ကွင်း၏ အလွန် မှာ ဒီဖြစ်ရပ်လေးကို တွေ့ရတယ် ..
*တစ်ကျိုက်တည်း မော့ပစ်မယ့် ပင်လယ်မှာတော့ ပင်လယ်ရေ တစ်ယောက်တည်းသောက်လို့မကုန်ပေမယ့် သောက်ရမှာကို မျက်နှာနာနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဈေးသည်ချင်း ကိုယ်ချင်းစာတဲ့ စိတ်ဓာတ်ကို မြင်တွေ့နိုင်တယ် ..
*မတူညီတဲ့ ညီမျှခြင်းပုစ္ဆာဆိုတဲ့ ဇာတ်လမ်းလေးကလည်း တမျိုးဆန်းတယ် .. လောကမှာ မိမိရဲ့ သားသမီး ၊ ညီအစ်ကို မောင်နှမ ကောင်းစားတာကို လူတွေက ၀မ်းမြောက်၀မ်းသာပြုတတ်ကြတယ် .. ဒီဇာတ်လမ်းလေးမှာတော့ ညီမဖြစ်သူရဲ့ ဘ၀လေး သာယာအဆင်ပြေ ချောမွေ့နေတာကို အစ်မဖြစ်သူက မနာလို ၊ အမေဖြစ်သူကလည်း သမီးအကြီးဖြစ်သူကိုပဲ ခေါင်းထဲရှိ .. ဒီလို ချစ်ခြင်းမေတ္တာမျှဝေပုံ မညီမျှတဲ့ မိသားစုကနေ ပေါက်ဖွားလာတယ်ဆိုရင် ဒီဇာတ်လမ်းလေးက လုံး၀ကို ရင်ထဲ ထိစေမှာပါ ..
*စီးပွားရေးလုပ်တာ ထိုက်သင့်တဲ့ အမြတ်တစ်ခုရအောင် လုပ်တာဆိုပေမယ့် မတော်လောဘဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ပြန်ပီး ထိခိုက်စေတယ်ဆိုတဲ့ အကြောင်း တံလျှပ်ပေါ်က အရိပ်မှာ မြင်နိုင်တယ် ..
ဒီစာအုပ်လေးထဲမှာတော့ အထက်ပါ အကြောင်းအရာလေးတွေလို အရေးအဖွဲ့နဲ့ ဇာတ်လမ်းပုံဖော်မှု အားကောင်းတဲ့ ရသ၀တ္ထုတို ၁၅ ပုဒ်ပါ၀င်ပြီး အတွင်းသရုပ်ဖော် ၁၅ ပုံကို ပန်းချီ မမြတ်မွန်လက်ရာနဲ့ မြင်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ် ..
စာမျက်နှာ | 208 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.35 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 မတ်လ၊ (ပ-ကြိမ်) |
69 in stock
Pyae Ar Kar –
ရသစာပေကို သဘောကျနှစ်ခြိုက်သူတိုင်း ဒီစာအုပ်လေးကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ကျွန်တော်ပြောရဲတယ် ..
ဆရာမ ဝေ(စီးပွားရေးတက္ကသိုလ်) ဟာ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နှလုံးသားပေါ် သွေးတဲ့ဓား ၀တ္ထုတိုစုစည်းမှုနဲ့ အမျိုးသားစာပေဆု ၊ သဟာယ စာပေဆုတွေကို ရရှိခဲ့တဲ့ စာရေးကောင်းသူတစ်ဦး ဖြစ်တယ် ..
ဒီစာအုပ်လေးကတော့ ဆုရရှိပီး ၉ နှစ်ကျော်ကြာမှ စာအုပ်အသစ်ထုတ်ဝေဖို့ ဆန္ဒတစ်ဖန် ဖြစ်လာခဲ့တဲ့ ဆရာမရဲ့ ဒုတိယမြောက် ၀တ္ထုတိုစုစည်းမှု စာအုပ်လေးပါ .. ကြားထဲမှာ စာအုပ်ထုတ်ဖို့ အကြိမ်ကြိမ် အကြောင်းပေါ်ခဲ့သော်လည်း ဘာလုပ်လုပ် စိတ်အာရုံနှစ်လိုသူမို့ လက်မခံခဲ့ခြင်းသာ ဖြစ်တယ် တဲ့ ..
ဆရာမရဲ့ အရေးအသားတွေကို ကြည့်မယ်ဆိုရင် ၀တ္ထုတို ရေးသားနည်း ဟန်ပန်တစ်ခုကို လေ့လာနိုင်သလို ဖြစ်တာကြောင့် ၀တ္ထုတို ရေးလိုသူတွေလည်း စနည်းနာသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ် ..
အခုနောက်ပိုင်း တချို့မိန်းကလေးတွေဟာ မိမိတို့ အိပ်မက်တွေဆီကို စပွန်ဆာယူပီး ရောက်အောင်သွားကြတယ် .. တချို့ကတော့ အိပ်မက်နဲ့ သိက္ခာမလဲဘူးပေါ့ .. ဒါ့အပြင် အမျိုးမျိုးသော အကြောင်းကြောင်းတွေလည်း ရှိနေနိုင်သေးတယ်ဆိုတာကို အိပ်မက်စရံ၀တ္ထုထဲက အမျိုးသမီးလေးတွေကို မြင်ပီး ခံစားမိတယ် ..
သူတစ်ပါးရဲ့ ရိုးသားမှု ၊ မသိနားမလည်မှုကို အခွင့်ကောင်းယူပီး အမြတ်ထုတ်တတ်တဲ့ လူတန်းစား တစ်ရပ်လည်း ရှိတယ် .. အဲ့လိုလူတွေရဲ့ နာကျင် ခံခက်ရဆုံးအချိန်ဟာ သူတို့လုပ်သလို တစ်ပါးသူက ပြန်လုပ်တဲ့အချိန်ပဲ .. အဲ့အကြောင်းလေးကို တံလျှပ်ပေါ်က ရေအရိပ်မှာ မြင်တွေ့နိုင်တယ် ..
မတူညီသော ညီမျှခြင်းပုစ္ဆာဆိုတဲ့ ၀တ္ထုလေးကိုလည်း ကျွန်တော် တော်တော်ကြိုက်တယ် .. လောကမှာ ကိုယ့်သားသမီး ၊ ကိုယ့်ညီမ ကောင်းစားတာကို မနာလို မရှု့စိမ်ဖြစ်တတ်တဲ့ လူစားမျိုးလည်း ရှိသေးပါလားဆိုတာကို ဒီ၀တ္ထုလေးဖတ်ပြီး ပိုသိလာတယ် ..
ကြိုးကိုချည်တဲ့ ကြိုး ကိုတော့ အကြိုက်ဆုံးပဲ .. တစ်ခါတစ်ရံမှာ အပြစ်ကျုးလွန်သူက ကိုယ်မဟုတ်ပါဘဲ အပြစ်ဒဏ်ပေးခံရတော့ ကိုယ်ဖြစ်နေတတ်တာမျိုး .. ” မိအေး အော်တာပဲ သိတယ် ၊ ကဏန်းညှပ်တာတော့ လူမသိဘူး ” ဆိုတဲ့ စကားပုံကို ဒီဝတ္ထုလေးဖတ်ရင်း ပြေးမြင်မိတယ် ..
ဒီစာအုပ်လေးထဲမှာတော့ အထက်ပါ အကြောင်းအရာလေးတွေလို အရေးအဖွဲ့နဲ့ ဇာတ်လမ်းပုံဖော်မှု အားကောင်းတဲ့ ရသ၀တ္ထုတို ၁၅ ပုဒ်ပါ၀င်ပြီး အတွင်းသရုပ်ဖော် ၁၅ ပုံကို ပန်းချီ မမြတ်မွန်လက်ရာနဲ့ မြင်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ် ..
စာအုပ်အမည် #ကြိုးကိုချည်တဲ့ကြိုး မဂ္ဂဇင်း၀တ္ထုတိုများ
စာရေးသူ #ဝေ(စီးပွားရေးတက္ကသိုလ်)
စာအုပ်တိုက် #ပန်းဆက်လမ်း #PannSattLann
ပုံနှိပ်မှတ်တမ်း – ၂၀၂၂ ခုနှစ် ၊ မတ်လ ၊ ပထမအကြိမ် ၊ အုပ်ရေ ၁၀၀၀
တန်ဖိုး -၄၅၀၀ ကျပ်
မျက်နှာဖုံးနှင့်အတွင်းသရုပ်ဖော် – #မြတ်မွန်
#စာညွှန်းအိမ်
#PyaeArKar