အိုရှိုး၏ ခေတ်သစ်လူ့အခွင့်အရေး ကြေညာစာတမ်း

( 1 မှတ်ချက်)

1200 (ကျပ်)

စာမျက်နှာ

118

စာအုပ်အရွယ်အစား

5 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ ၂၀၁၃ မေလ၊ (ပ-ကြိမ်)

2 in stock

အိုရှိုး၏ ခေတ်သစ်လူ့အခွင့်အရေး ကြေညာစာတမ်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Chan Lin Aung

    Osho ၏ “ခေတ်သစ်လူ့ အခွင့်အရေးကြေညာစာတမ်း”

    ဒီစာအုပ်ရဲ ့အနှစ်ချုပ်ကတော့ အစပိုင်းမှာ လူ့အခွင့်အရေးရဲ ့အခြေခံအချက် ၁၀ ချက်ကို ပြဆိုထားပြီး အလယ်ပိုင်းမှာ ကုလသမဂ္ဂရဲ ့လူ့အခွင့်အရေးကြေညာစာတမ်းအပေါ် ဝေဖန်ထားခြင်း ဖြစ်ပြီးနောက်ဆုံးမှာတော့ သူ့ရဲ ့ကွန်မြူနစ်ဝါဒသဘောတရားကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
    လူတိုင်းရသင့်တဲ့ အခြေခံအခွင့်အရေး ၁၀ ခုကတော့

    (1)ဘဝရပ်တည်ခွင့် ရှိခြင်း

    ဘဝရပ်တည်ခွင့်ရှိခြင်းဆိုတာ လူတစ်ယောက်ရဲ ့လွတ်လပ်မှုနဲ ့ဖွံ့ဖြိုးမှုကို အမှန်တကယ်ပိတ်ပင်တားဆီးထားတဲ့ ဥပဒေတွေ သွေးဆောင်မှုတွေကနေ လွတ်ကင်းနေဖို့ပါပဲ။လူတစ်ယောက်ကို ဘာသာရေး/နိုင်ငံရေး အစွန်းရောက်အတွေးအခေါ်တွေနဲ ့ယုံကြည်မှု /ရပ်တည်မှုတွေ
    ကို ပြောင်းပြီး လိုသလို ခိုင်းစေနေခြင်းတွေမရှိရပါဘူး။

    (2)မတ်ေတာ

    မိဘတွေဟာ သားသမီးတွေရဲ ့အိမ်ထောင်ဘက်တွေကို ရွေးချယ်ပေးခွင့်မရှိပါဘူး။မေတ္တာမပါတဲ့ အိမ်ထောင်ဟာ တစ်သက်လုံး နှစ်ယောက်လုံးကို အဆိပ်သင့်နေစေမှာ ဖြစ်ပါတယ်။ပြီးတော့ လူနှစ်ယောက်ဟာ သဘောထားမတိုက်ဆိုင်လို့လမ်းခွဲသွားကြတဲ့အခါမှာမေတ္တာကုန်ခမ်းမသွားကြသင့်ပါဘူး။လူတစ်ယောက်က တစ်ခြားသူတစ်ယောက်အပေါ်မှာ ပစ္စည်းဥစ္စာတစ်ခုလို သဘောထားပြီး လိုသလိုသုံးလို့မရပါဘူး။ပစ္စည်းဥစ္စာလို သဘောထားတာဟာ မေတ္တာမဟူတ်ပါဘူး အတ္တသာ ဖြစ်တယ်။

    (3)သေဆုံးခွင့်

    လူတိုင်းဟာ လူ့လောကမှာ မပျော်တော့ရင် သေဆုံးခွင့် ရှိရပါမယ်။လူဟာ ဒုက္ခတွေကို ခါးစီးခံနေရတာ အရမ်းများလွန်းသွားရင်ပဲ ဖြစ်ဖြစ်တစ်ခြားအကြောင့်တစ်ခုခုကြောင့် မနေလိုတော့တဲ့အခါ ချုပ်ချယ်တာတွေ ကန့်သတ်တာတွေ မလုပ်ရပါဘူး။သူ့ကို အချိန်အနည်းငယ်လောက်ဆုံးဖြတ်ချက်ခိုင်မာအောင် ဆက်နေခွင့်ပေးပြီး သေဆုံးခြင်းကိုလည်း
    ဆန္ဒအတိုင်း ရွေးချယ်ခွင့်ပြုရပါမယ်။ဒါပေမယါ့ ခုချိန်ထိတော့ သေဆုံးတာဟာ အကျည်းတန်တဲ့ ကိစ္စတစ်ခုလို့သတ်မှတ်ထားကြဆဲပါပဲ။

    (4)အမှန်ရှာခွင့်

    လူဟာ ယုံကြည်မှုတွေနဲ ့မှိုင်းတိုက်မခံရသင့်ပါဘူး။ဘယ်ဘာသာဘယ်ဝါဒကမှ အမြတ်ဆုံးဆိုတဲ့ တစ်ယူသန်မှုတွေကိုလည်း သွတ်သွင်းမခံရသင့်ပါဘူး။သံသယတွေကိုသာ ပျိုးထောင်ပေးရပါမယ်။တွေးရဲအောင်အားပေးရပါမယ်။ဒီလို လူ ့အဖွဲ့အစည်းမျိုးကသာ အမှန်တကယ်တိုး
    တက်မှာပါ။သံသယကနေသာလျှင် သံသယမဲ့မှုဆီကို ရောက်ရှိစေတာဖြစ်ပါတယ်။အမှန်ကို သိသွားတဲ့အခါ လူဟာ ကိုယ်သိထားတဲ့အမှန်နဲ ့ပတ်သတ်လို့သံသယကင်းသွားပါတယ်။ဒါပေမယ့် အမှန်ကို ရှာဖွေမှုကတော့သံသယအမြဲရှိနေရမှာ ဖြစ်ပါတယ်။

    (4)စျာန်ဝင်ခွင့်

    စျာန်ဝင်ခြင်းဟာ ယုံကြည်မှုနဲ့လည်း မဆိုင်သလို ဘာသာတရားနဲ့လည်းမဆိုင်ပါဘူး။ကိုယ့်ကိုကိုယ် စောင့်ကြည့်ဖို့နဲ ့ကိုယ့်ကိုကိုယ်ရှာဖွေဖို့အတွက် ဘယ်ဘာသာမှ ဖြစ်စရာ မလိုပါဘူး။ဘယ်ဘာသာဝင်မဆိုလည်း လုပ်နိုင်ပါတယ်။လူ့ဘဝမှာ “ငါဘယ်သူလဲ”ဆိုတာ သိဖို့ကအရေးအကြီးဆုံးပါ။ဒါကိုသိရင် ဘဝတစ်ခုလုံး စနစ်တကျ ဖြစ်သွားပါလိမ့်မယ်။

    (6)ဘက်ပေါင်းစုံက လွတ်လပ်ခွင့်

    ဘဝဆိုတာ ဘာလဲဆိုတာကို မိဘက အဆုံးအဖြတ်မပေးသင့်ဘူး။ဒသနအမြင်တွေက အဆုံးအဖြတ်မပေးသင့်ပါဘူး။ကိုယ့်ဘာသာပဲ ရှာဖွေရပါမယ်။ယုံကြည်မှုစနစ်တစ်ခုက နည်းလမ်းအဟောင်းတွေအတိုင်းသာ လိုက်စေပါတယ်။ကိုယ့်ကို ပုံသွင်းပေးတဲ့အရာတွေကို ကိုယ်တိုင်သတိထားကြည့်နေရပါမယ်။ဒါမှသာ လွှမ်းမိုးမှု မှန်သမျှကို မျက်မြင်သိ
    နိုင်မှာ ဖြစ်ပါတယ်။

    (7)ကမ္ဘာတစ်ခု မိသားစုတစ်ခု

    မြေပုံတွေက ကျွန်တော်တို့ကို ခွဲခြားမထားသင့်ပါဘူး။ဘာသာတွေအရယုံကြည်မှုတွေအရ စံတန်ဖိုးတွေအရ ခွဲခြားခံရတဲ့ သူတွေဟာ ဘယ်လိုမှ စုစည်းလာစရာ မရှိပါဘူး။ကိုယ့်အကျိုးအတွက် ကိုယ့်အမိမြေအတွက်လို့ကြေညာပြီးတိုက်ခိုက်နေသမျှ ဘယ်လောက်ပဲမေတ္တာတရားတွေအကြောင်း အသံကောင်းဟစ်နေနေ ငြိမ်းချမ်းမှု ရှိလာ
    မှာ မဟုတ်ပါဘူး။

    (8)လူတိုင်းက အနှိုင်းမဲ့ပါ

    လူတစ်ယောက်နဲ ့တစ်ယောက် မတူပါဘူး။လူတိုင်းဟာ သူ့ဗီဆအရသာ ဖွံ့ဖြိုးနိုင်တာ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ ့ဗီဆအရ ဖွံ့ဖြိုးနိုင်တဲ့စွမ်းရည်ဟာ သူမဟုတ်တဲ့ တစ်ခြားသူတွေရဲ ့အဆပေါင်းတစ်သောင်းကြိုးစားတာနဲ့ညီမျှကြောင်း In Search Of Excellence စာအုပ်မှာ
    ဖော်ပြထားပါတယ်။ဒါ့ကြောင့် ကိုယ့်ကိုကိုယ် သိပြီး ကိုယ့်အားသာချက်ကိုဖွံ့ဖြိုးအောင် လုပ်ပါ။ဒါဟာ တစ်ခြားသူတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတာထက် ကိုယ့်ကို ပိုပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

    (9)ကမ္ဘာ့ အစိုးရ

    အခုအချိန်မှာ နိုင်ငံတစ်နိုင်ငံဟာ သူ့အရင်းအမြစ်ရဲ ့၅၀%ကျော်လောက်ကို စစ်ရေးစရိတ်အတွက် အသုံးပြုနေကြပါတယ်။အစိုးရတွေသာ ကွဲမနေဘူး စစ်တပ်တွေသာ ကွဲမနေဘူးဆိုရင် စစ်ပွဲတွေလည်း နည်းလာမှာ အမှန်ပါပဲ။နိုင်ငံတစ်နိုင်ငံဟာ စစ်ရေးအသုံးစရိတ်အစား တစ်ခြားကဏ္ဍတွေမှာ သူ့အရင်းအမြစ်တွေကို သုံစွဲနိုင်မယ်ဆိုရင်
    အားလုံး ဆင်းရဲမှုကနေ တဖြည်းဖြည်းထွက်လာနိုင်မှာပါ။ဒ့ါဆိုရင် ဆင်းရဲမှုကြောင့် ဖြစ်ပေါ်တဲ့ ရာဇဝတ်မှုတွေ လက်နက်ကိုင်မှုတွေကိုလည်း လျော့ချလာနိုင်မှာပါ။

    (10)အရည်အချင်းရှိ အစိုးရ

    အစိုးရဆိုတာ ပြည်သူတွေရဲ ့ရွေးချယ်မှုခံရတဲ့သူဖြစ်ပါတယ်။ပြည်သူတွေ မကြိုက်ရင် ပြည်သူတွေကပဲ ငြင်းပယ်နိုင်ခွင့် ရှိရပါမယ်။ပညာမဲ့တဲ့သူတွေကို အာဏာမက်တဲ့သူတွေက မက်လုံးတွေနဲ့ကတိတွေနဲ ့ရွေးချယ်စေပါလိမ့်မယ်။ဒါ့ကြောင့် ပြည်သူတွေကိုယ်တိုင်က အသိဥာဏ်မြင့်မားဖို့စဉ်းစားတက်ဖို့လိုပါတယ်။ပညာရေးဝန်ကြီးတစ်ယောက်ကို ပညာရေးနဲ့ဆိုင်တဲ့ ကျွမ်းကျင်သူတွေကပဲ ရွေးချယ်ရပါမယ် ။မသိနားမလည်တဲ့အခြေခံလူထုက ရွေးချယ်လို့မရဘူးဆိုတာကို နားလည်ရပါမယ်။ကိုယ်ရွေးချယ်လိုက်တဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူဝန်ကြီးတွေကနေတစ်ဆင့်အစိုးရကို ရွေးချယ်ရပါမယ်။ဒါ့ကြောင့် အခြေခံပြည်သူတွေရဲ ့ရွေးချယ်မှု
    ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်မေဃ စာအုပ်များ