ကျော်ကြားတဲ့ဝန်ဆောင်မှုရဲ့ သော့ချက်ကဂရုစိုက်ရေးပါပဲ

( 0 မှတ်ချက်)

6000 (ကျပ်)

ကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားသည့် အလုပ်ဖြစ်စေ၊ ဆောင်ရွက်မှု ဆားဗစ်ပေးသည့် လုပ်ငန်းမျိုးဖြစ်စေ၊ လုပ်ငန်းတိုင်း အတွက် အရေးကြီးသည်မှာ ဖောက်သည်ရရှိရေးပင် ဖြစ်သည်။ လုပ်ငန်း တိုင်းပင်လျှင် ရရှိပြီးသော ဖောက်သည်တည်မြဲရေးနှင့် ဖောက်သည် အသစ် ရရှိအောင် ဆွဲဆောင်ရေးဆိုသည်မှာ အလွန်အရေးကြီးသည့် အချက်အဖြစ် ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ဖောက်သည်စိတ်ကြိုက် တွေ့နိုင်သော ကုန်ပစ္စည်း သို့မဟုတ် ဆောင်ရွက်မှု ဖန်တီးပေးနိုင်ခြင်း က အရေးကြီးသလို အဆိုပါ မိမိ၏ထုတ်ကုန်ကို ဖောက်သည်ထံ ပို့ ဆောင်ရာတွင် ပို၍ ပို၍ အရေးပါလာသည်မှာ ဝန်ဆောင်မှု ဘယ် လောက်ကောင်းသလဲဆိုသည့် အချက်ဖြစ်သည်။ ဝန်ဆောင်မှုကောင်း၏ သော့ချက်သည် အဘယ်နည်း၊ ယခုစာအုပ်က ကျော်ကြားသည့် ဝန် ဆောင်မှု၊ ဖောက်သည်များ ကျေနပ်စွဲမက်သည့် ဝန်ဆောင်မှုတို့၏ အဓိက မြှုပ်ကွက်မှာ မိမိ၏ ဖောက်သည်အား အစဉ်သဖြင့် တတ်နိုင်သည်ထက် တတ်နိုင်အောင် ဂရုစိုက်ရေးသာဖြစ်ကြောင်း ဤစာအုပ်က အသေးစိတ်ညွှန်ပြထားသည်။ ထုတ်လုပ်သူ လုပ်ငန်းရှင်များအတွက် ဖြစ်စေ၊ စီအီးအိုအဆင့်မှ အခြေခံဝန်ထမ်းများအထိ လက်မလွှတ်တမ်း လေ့လာသင့်သည့် စာအုပ်ငယ်တစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

137

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2021 နိုဝင်ဘာလ (ပထမကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကျော်ကြားတဲ့ဝန်ဆောင်မှုရဲ့ သော့ချက်ကဂရုစိုက်ရေးပါပဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကောင်းသာ စာအုပ်များ