ခေါင်းဆောင်နှင့်သတ္တိ
3000 (ကျပ်)
ယခုစာအုပ်သည် “Profile In Courage” ဆိုသည့် စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ မူရင်းစာရေးဆရာမှာ အမေရိကန်ပြည်ထောင်စုသမ္မတ ဂျွန်အက်ဖ်ကနေဒီ ဖြစ်သည်။ အမေရိကန် ဆိနိတ်လွှတ်တော်သမိုင်းတွင် ပြည်သူတို့ကိုယ်စား ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ပေးခဲ့သည့် အမတ်ရှစ်ဦးအကြောင်းကို ဖော်ကျူးထားသည့် ၁၉၅၇ ခုနှစ်အတွက် ပူလစ်ဇာဆုရစာအုပ်ဖြစ်သည်။ ဤစာအုပ်အတွင်း ဖော်ပြထားသော လွှတ်တော်အမတ်များသည် လက်ညှိုးထောင်၊ ခေါင်းညိတ်အမတ်များမဟုတ်။ အတိုက်အခံပါတီလိုင်းမှ ရပ်တည်ကာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားများကို လွှတ်တော်အတွင်း တင်ပြခြင်း၊ ပြည်သူ့အကျိုး၊ဒီမိုကရေစီအကျိုးနှင့် ဆန့်ကျင်သည့် အမိန့်အာဏာများကို ဖီဆန်ခြင်း၊ လွှတ်တော်အတွင်း ရဲဝံ့ပြောင်မြောက်စွာ တိုက်ပွဲဆင်နိုင်ခဲ့ခြင်းတို့ကြောင့် ထင်ရှားခဲ့သူများ ဖြစ်ကြသည်။
ဒီမိုကရေစီကို စိတ်ဝင်စားသူတိုင်း၊ နိုင်ငံ့အရေးမှာ တက်ကြွစွာပါဝင်လုပ်ဆောင်နေသူတိုင်း၊ ယနေ့ခေတ်ပြည်သူကိုယ်စားပြု ဒီမိုကရေစီ ပြည်သူ့ကိုယ်စားလှယ်တိုင်း မဖြစ်မနေလက်စွဲထား ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ်..။
စာမျက်နှာ | 226 |
---|---|
စာအုပ်အရွယ်အစား | 5.1 x 0.4 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | Wisdom House၊ 2020 ဩဂုတ်လ(တ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ