ကြာပန်းရေစင်
6000 (ကျပ်)
ကြာပန်းရေစင်မှာ လွတ်လပ်ရေးရပြီးနောက် လှုပ်ရှားလျက်ရှိသော ငြိမ်းချမ်းရေးလှုပ်ရှားမှုကို နောက်ကားခံ၍ ရေးထားသော ၀တ္ထုဖြစ်သည်။ ဒီမိုကရေစီတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲသည် ယနေ့ခေတ်၏ရုပ်လုံးကြွများဖြစ်ကြပေသည်။ ၀တ္ထုရေးသူသည် ၁၉၅၁ လောက်ကစ၍ငြိမ်းချမ်းရေးကော်မတီအတွင်း၌ ပါဝင်သူဖြစ်သည်။ ထို့ကြောင့် သူ၏၀တ္ထု၌ အတွင်းရေးများထင်ဟပ်လျက်ရှိသည်။ သမိုင်းဆန်သော မှတ်တမ်းများပါဝင်ချက်ရှိသည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုသာမက စာပေလောက၊ သတင်းစာ ဂျာနယ်လောက၏ ရှုခင်းများကိုလည်းချယ်ထားပေသည်။ ချိူးဖြူအပြာရောင်ကားပေါ်၌ စာပေအနုပညာဆေးရောင်များ ပက်ထားလိုက်သည်။ ထို့နောက် နိုင်ငံရေး အခြေအနေဘောင်ကျက်၍ ထောင်ပြထားလိုက်သည်။
ဤ၀တ္ထု၏ဇာတ်လိုက်မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုဖြစ်ပေသည်။ လှုပ်ရှားမှုတပ်သားများသည် စုပေါင်းဇာတ်လိုက်ဖြစ်ပေသည်။ စာဖတ်သူသည် စစ်ပြီးခေတ် ၁၉၅၁-၁၉၅၂ အခြေအနေကို ခံစားတွေ့မြင်နီုင်သည့် ၀တ္ထုစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 390 |
---|---|
စာအုပ်အရွယ်အစား | 6.3 x 0.7 x 8.7 inches |
ပုံနှိပ်မှတ်တမ်း | နေရီရီစာအုပ်တိုက် ၊ 2017 ဇွန်လ (တ – ကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ