တိမ်ဝှက်ခံရတဲ့ကြယ်

( 1 မှတ်ချက်)

3000 (ကျပ်)

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စိန်မိုးယံစာပေ၊ 2019 ဇွန်လ၊ (ပ-ကြိမ်)

2 in stock

တိမ်ဝှက်ခံရတဲ့ကြယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thet Naing Aung

    🔘 မွန်ပြည်နယ်အောက်အဖျားပိုင်း ၊ ရေးမြို့နယ်တွင်ရှိသော ဖာလိန်ကျေးရွာနောက်ခံဇာတ်လမ်းလေးတပုဒ်။ အဓိကဇာတ်ကောင်ဖြစ်သူ ဒေါက်တာကျော်ဇင် ဟာ ဖာလိန်တိုက်နယ်ဆေးရုံသို့ ဇနီးဖြစ်သူ ခင်ဦးမေနဲ့အတူ ပြောင်းရွှေ့လာခဲ့ရသည်။ ထိုဒေသမှာ ထူးခြားမှုတခုက မကျန်းမာသူများက ဆေးရုံဆေးခန်းကိုအားကိုးခြင်းမပြုကြပဲ နတ်,က ခြင်းများကိုသာ အဓိကထားကြသည်ကို တွေ့ရသည်။ ထို့ကြောင့် သူတာဝန်ကျသောဆေးရုံကို အောင်မြင်စေရန်သူကြိုးစားမှရမည်၊ အယူဆလွဲမှားခြင်းများကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးတာများ မရှိတော့အောင် ကြိုးစားကြဖို့ သူအလေးအနက်ထားဆောင်ရွက်ရတော့သည်။

    🔘 ဖာလိန်ဆေးရုံတိုးတက်ဖို့ တက်ညီလက်ညီကြိုးစားကြပုံတွေ ၊ ဘာသာစကားကွဲပြားမှု့ကြောင့် ဒေါက်တာကျော်ဇင် နဲ့ လူနာတို့အလွဲလေးတွေပါ ထည့်သွင်းရေးထားသောကြောင့် ဖတ်ရတာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ ဆေးရုံရောက်ခါစက ညဘက် ဒေါက်တာကျော်ဇင်တို့အိမ်နား ခြေသံနှင့် အရိပ်မည်းကြီး မြင်ရကြားရတာကိုဖတ်ရတာဟာလည်း ရင်ထိတ်စရာ။

    🔘 ဒေါက်တာကျော်ဇင်၏ သူငယ်ချင်းဖြစ်သူ ဒေါက်တာပြည့်ပြည့်ဝေ သည် ” ဖူးပွင့်ဝေ ” ဂေဟာကို တည်ထောင်ထားသည်။ ဖူးပွင့်ဝေဂေဟာ ဆိုသည်မှာ sex abuse (လိင်အစော်ကားခံရသော ကလေးငယ်)တွေကို ပြုစုစောင့်ရှောက်ပေးသောဂေဟာတခုဖြစ်သည်။ လူငယ်တွေကို Sex Education ပေးဖို့အကြောင်းအရာကိုလည်း ဇာတ်နှင့်လိုက်လျောညီထွေရှိအောင် ထည့်သွင်းရေးသားထားတာကိုလည်း တွေ့ရပါတယ်။

    🔘ဒေါက်တာကျော်ဇင် နဲ့ ဇနီးဖြစ်သူ မေတို့ဟာ အိမ်ထောင်သက်ကို အချိန်ကာလတခုထိရောက်ရှိပြီဖြစ်ပေမယ့် ကလေးမရသေးပေ။ မိဘဆွေမျိုးအသိုင်းအဝိုင်းကလည်း ကလေးမရသေးလို့ပြောကြတဲ့အခါ နောက်ဆုံးမှာ သူတို့ဟာ သူငယ်ချင်းဖြစ်သူ ပြည့်ပြည့်နှင့်တိုင်ပင်ကာ ကိုယ်ဝန်ရဟန်ဆောင်ပြီး ကလေးမွေးသည်ဟု ပြောကြရန်တိုင်ပင်လုပ်ဆောင်ကြတော့သည်။

    🔘 ကလေးတယောက်ကို သာမန်မွေးစားလိုက်လို့ရပေမယ့် သူတို့မွေးစားမယ့်ကလေးလေးဟာ သက်ငယ်မုဒိန်းမှုနဲ့ ကိုယ်ဝန်ရထားသောသူ၏ ကလေးဖြစ်သောကြောင့် ကလေး၏ဘဝရှေ့ရေးတွင် ထိုကဲ့သို့ မွေးဖွားလာသည်ဟု မည်သူမှမသိရှိစေရန် ကိုယ်ဝန်အတုပြုလုပ်ကာ ကိုယ်တိုင်မွေးဟန်ဆောင်ခဲ့ရခြင်းဖြစ်သည်။

    🔘 တိမ်ဝှက်ခံရတဲ့ကြယ်ဆိုသည်မှာ ယခုဝတ္ထုတွင် မည်သို့သောလူတွေကို ရည်ညွှန်းထားသည်လည်းဆိုတာ ဖတ်ကြည့်စေချင်ပါသည်။

    📌 ဟိုးမှာ ကြည့်ပါဦး။ တိမ်တွေကွယ်ထားတော့ ကြယ်တွေရဲ့အလင်းရောင်ကို ကောင်းကောင်းမမြင်ရဘူး။ တိမ်တွေအောက်မှာပျောက်ကုန်တယ်။ တိမ်ဝှက်ခံရတဲ့ကြယ်တွေပေါ့။ တကယ်တော့ မိပလော့ထော ဘဝဟာလည်း တိမ်ဝှက်ခံရတဲ့ကြယ်တွေလိုပဲ အလင်းပျောက်ခဲ့ရတယ်။ မိပလော့ထောလိုပဲ တိမ်တွေအောက်မှာ အလင်းပျောက်ခဲ့ရတဲ့ကလေးတွေ လောကကြီးမှာ ဘယ်လောက်တောင်ရှိဦးမလဲ။(စာ – ၁၈၉ )

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အာကာခေတ်ပိုင် စာအုပ်များ