ခွာင်ကြွဲပွဲ

( 2 မှတ်ချက်)

3000 (ကျပ်)

“ခွာင်ကြွဲပွဲ” စာအုပ်ဟာ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်( ယခု မတူပီမြို့နယ်) ဇိုတုံးဒေသရှိ ရွာတစ်ရွာတွင် ရိုးရာ ခွာင်ကြွဲပွဲတော် ကျင်းပစဉ် ဖြစ်ပွားခဲ့သော မတော်တဆလူသေမှူ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေပြု၍ စာရေးသူ၏ စိတ်ကူးတို့ဖြင့် ရောမွှေကာ ဇာတ်လမ်းဖွဲ့ထားသော ဝတ္တုရှည်တစ်ပုဒ်ဖြစ်တယ်။
ဒီစာအုပ်ဟာ ဒီနာခါးလ်ရွာသား “ပုံရမ်း” ၊ တစ်ရွာလုံးမှာ အချောအလှဆုံး “နုလျှံ” နဲ့၊ လုံပီးရွာသား သူဋ္ဌေးလေး “ထန်ဇောင်ဗီး”တို့ကို သူငယ်ချင်းသုံးယောက်ကို ဇာတ်အိမ်တည်ပြီး ရေးထားတာပါ။ ပုံရမ်းက သာမန်အရပ်သားတစ်ယောက်၊ ဆင်းရဲချို့တဲ့သူတစ်ယောက်။ ထန်ဇောင်ဗီးက တစ်ရွာလုံးက အချမ်းသာဆုံး သူဋ္ဌေးသားတစ်ဦး။ သူတို့သုံးယောက်ဟာ ငယ်စဉ်ကတည်းက ခင်မင်လာကြပြီး အသက်အရွယ်ကြီးလာလို့ လူပျို၊ အပျိုအရွယ်ဖြစ်လာကြတဲ့အခါမှာ အဖြူရောင်သံယောဇဉ်ကို အရောင်တချို့ စွန်းထင်းလာခဲ့ကြတယ်။
ဒီစာအုပ်မှာ ဇာတ်လမ်းဇာတ်အိမ် ထူးခြားဆန်းပြားတာတွေကိုတော့ မျှော်လင့်လို့မရပါဘူး။ သူငယ်ချင်းသုံးယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ချင်းပြည်နယ်ရဲ့ဇိုတုံးဒေသလေး၊ နဲ့ ခွာင်ကြွဲပွဲတော်ကို အခြေတည်ပြီး ရိုးရိုးရှင်းရှင်းလေးရေးထားတာပါ။ သေချာတာတစ်ခုကတော့ ကွယ်ပျောက်နေပြီဖြစ်တဲ့ ချင်းတို့ရဲ့ ခွာင်ကြွဲပွဲတော် အကြောင်းကို အသေးစိတ်ရေးဖွဲ့ထားတာကို လေ့လာရမှာပါ။ ခွာင်ကြွဲပွဲတော် ကျင်းပပုံအဆင့်ဆင့်ကို စာရေးသူက အသေအချာလေ့လာမှုပြုကာ ရေးထားတာမို့ စာဖတ်သူဟာ လိုချင်တဲ့ ရသတစ်ခုမရရင်တောင် စာရေးသူရဲ့ဒီစာအုပ်အပေါ်ထားရှိခဲ့တဲ့ ရည်ရွယ်ချက်နဲ့ အတူ သုတအကြောင်းအရာ တစ်ခုကိုတော့ လေ့လာခွင့်ရမှာပါ။ ။

စာမျက်နှာ

161

စာအုပ်အရွယ်အစား

5.6x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2020 ဖေဖော်ဝါရီလ၊ (ဒု-ကြိမ်)

3 in stock

ခွာင်ကြွဲပွဲ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. li’l_bunny

    ခွာင်ကြွဲပွဲ (Khaung cawi ni)

    ‘ခွာင်ကြွဲပွဲ’ တဲ့ စာအုပ်နာမည်လေးက ဆန်းသလို ဖတ်လိုက်ရင်လည်း အသံထွက်လေးက မြန်မာစကားလုံးမှာမရှိတော့ နည်းနည်းလေးထူးခြားနေလိမ့်မယ်။ ထူးခြားရတဲ့အကြောင်းက တခြားတော့မဟုတ်ပါ။

    ခွာင်ကြွဲ (Khaung Cawi) ဆိုတဲ့ ဝေါဟာရက ဟားခါး ချင်းမျိုးနွယ်တို့၏ ဘာသာစကားဖြစ်တယ်။ ခွာင်၏မူရင်းအဓိပ္ပာယ်က တောင်ပို့ဖြစ်ပြီး၊ ခွာင်ကို တောင်ပို့သဏ္ဌာန်ပြုလုပ်ရသဖြင့် ခွာင်ဟုခေါ်ဆိုခြင်းဖြစ်တယ်။တကယ်တော့ ‘ခွာင်’ သည် ဝေါစင်တစ်မျိုးဖြစ်ပြီး…’ကြွ’ ဆိုသည်က မြှောက်ချီခြင်းဟု အဓိပ္ပာယ်ရတယ်။ ဒီတော့ ခွာင်ကြွဲပွဲက ‘ဝေါစင်နှင့်မြှောက်ချီ ဂုဏ်ပြုပွဲ’ လို့ အနက်အဓိပ္ပာယ်ရတယ်။

    ခွာင်ကြွဲပွဲက လက်ထက်ပွဲတော့ မဟုတ်ပါ။ လူတစ်ယောက်က မိမိရဲ့ဇနီး၊ ဒါမှမဟုတ် မိမိရဲ့သမီးက ဘယ်လောက်ချောမောလှပကြောင်း၊ ဘယ်လောက်ချစ်မြတ်နိုးကြောင်းကို ပွဲတော်လုပ်ပြီး လူပုံအလယ်မှာ ဂုဏ်ပြုခြင်းဖြစ်တယ်။ ခွာင်ကြွဲပွဲလုပ်ပြီး ဂုဏ်ပြုခံရတဲ့ သတို့သမီးကတော့ တစ်သက်တာအတွက် ဂုဏ်ယူကျေနပ်မဆုံးဖြစ်ရတယ်။

    ဟိုးအရင်တုန်းကတော့ စော်ဘွားမျိုးတွေပဲလုပ်လို့ရပေမယ့် နောက်ပိုင်းတော့ ငွေကြေးချမ်းသာတဲ့သူတွေပါ လုပ်နိုင်လာကြတယ်။ ခွာကြွဲပွဲကို ဘာကြောင့်လူတိုင်းမလုပ်နိုင်ရတာလဲဆိုတော့ ခွာင်ကြွဲပွဲလုပ်မယ်ဆိုရင် ပွဲကျင်းပသူက ပွဲတော်ကိုအနည်းဆုံး ၇ ရက်ကနေ အများဆုံး ၉ ရက်ထိ ကျင်းပရပြီး၊ နွားနောက်အကောင်ရေ အနည်းဆုံး ၁၅ ကောင်မှ အများဆုံး အကောင် ၁၀၀၀ အထိ သတ်ဖြတ်ကျွေး‌မွေးရတယ်။ ဒါ့အပြင် ကြက်နဲ့ဝက်တွေကိုလည်း အများအပြားသတ်ဖြတ်ရသေးတယ်။ ဒါကြောင့် ပွဲကျင်းပသူက အဲ့လောက်ပမာဏကို တတ်နိုင်မှ ပွဲတော်ကျင်းပနိုင်တယ်။

    တကယ်ကတော့ ငွေကြေးတတ်နိုင်သူတိုင်းလည်း လုပ်ချင်တိုင်းထလုပ်လို့မရတဲ့ ပွဲမျိုးဖြစ်တယ်။ ဘာ‌ကြောင့်လဲဆိုတော့… ခွာကြွဲပွဲတစ်ခါကျင်းပမယ်ဆိုရင် ပွဲတော်ကြီး ၇ ရက်မကျင်းပမီ၊ ပွဲတော်အငယ်စားကိုလည်း ၇ ရက်ကျင်းပပေးရသေးတယ်။ ပွဲတော်အငယ်စားကျင်းပရတဲ့ ရက်အတွင်းမှာလည်း ကြက်နဲ့ဝက်တွေကို တစ်ရက်စီသတ်ပြီး နတ်ပူဇော်ရတယ်။ ဒါ့အပြင် ဆွေမျိုးသားချင်းတွေကိုလည်းဖိတ်ပြီး ခေါင်ရည်၊ ဝက်သားတို့နဲ့ ‌‌ ကျွေးမွေးဧည့်ခံပြီး မိမိရဲ့ဇနီးကို ခွာင်ကြွဲပွဲကျင်းပပြီး ဂုဏ်ပြုမယ့်အကြောင်းကို အသိပေးကြေညာရတယ်။ အဲ့လိုပွဲတော်အငယ်စားပြုလုပ်ပြီး ‌၆ လ သို့မဟုတ် ၁ နှစ်ကြာမှ ပွဲတော်ကြီး ၇ ရက်ကို ကျင်းပရတယ်။ ပွဲတော်ကြီး ၇ ရက်မှာက…

    🔸ပထမနေ့ – ဘွိုင်ပွင့် ခေါ် ပွဲတော်အကြိုနေ့
    🔸ဒုတိယနေ့ – အာရ်ဆားအီနီ ခေါ် ကြက်သားစားနေ့
    🔸တတိယနေ့ – ဆာချွန်နိ ခေါ် နွားနောက်များသတ်သောနေ့
    🔸စတုတ္ထနေ့ – ဆာဆားအီနီ ခေါ် နွားနောက်သားစားနေ့
    🔸ပဉ္စမနေ့ – ခွာင်ကြွဲနီ ခေါ် ခွာင်ချီမသောနေ့
    (ခွာင်မြှောက်ချီတဲ့နေရာမှာ ခွာင်ကို ရိုးရာအစီအစဉ်အတိုင်း ၁၃ ကြိမ်တိတိ ‌ရှေ့နောက်ယိမ်းထိုးပြီးမြှောက်ချီရတယ်။ ခွာင်ကို တစ်ကြိမ်မြှောက်လိုက်တိုင်း ခွာင်ပေါ်က သတို့သမီးကလည်း လူအုပ်ကြားထဲကို ရွှေမိုးငွေမိုးရွာပေးရပြီး၊ ပွဲကျင်းပသူကလည်း ခွာင်နောက်လိုက်ကာ တစ်ခါမြှောက်ချီတိုင်း ဂုဏ်ပြုခံသတို့သမီးရဲ့နောက်ကနေ မြားတစ်စင်းကို ၇၅ ဒီဂရီ စောင်းပြီး မိုးပေါ်ကိုပစ်လွှတ်ရတယ်။ အဓိပ္ပာယ်ကတော့ ဂုဏ်ပြုခံသတို့သမီးကို နတ်ဆိုးတွေအန္တရယ်ကနေ ကာကွယ်ပေးခြင်းဖြစ်တယ်။ ခွာင်ချီမြှောက်တဲ့‌ နောက်ဆုံး ၁၃ ကြိမ်မြောက်မှာတော့ ဂုဏ်ပြုခံသတို့သမီးက ကြက်ဖြူလေးတစ်ကောင်ကို လူအုပ်ကြားထဲ ပစ်ပေးပြီး ခွာင်မြှောက်ချီပွဲကို အဆုံးသတ်ကြတယ်။)

    🔸ဆဌမနေ့ – ဆလူလေ့ာနီ ခေါ် နွားနောက်ဦးခေါင်းခွံများ ရွှေ့ပြောင်းသောနေ့
    🔸သတ္တမနေ့ – ငါးဟရိန်းလာခ်နီ ခေါ် အပျော်ငါးဖမ်းသောနေ့

    ‘ခွာင်ကြွဲပွဲ’ ကျင်းပတဲ့ အခါမှာလည်း တစ်ရက်ချင်းစီရဲ့ အစီအစဉ်တွေနဲ့ ရည်ရွယ်ချက်တွေက မတူညီကြသလို ပွဲတော်ကျင်းပဖို့အတွက် ပွဲပြုလုပ်သူရဲ့ကိုယ်စား ပွဲတော်ကိုစီမံခန့်ခွဲဖို့ ထိန်ရှင်ကိုလည်း ရွေးရသေးတယ်။ ဒါ့အပြင် ပွဲတော်အတွင်းမှာ လိုက်နာရမယ့် ဓလေ့ထုံးစံတွေ ရိုးရာအစီအစဉ်တွေကိုလည်း စေ့စေ့စပ်စပ်နဲ့ သိခွင့်ရလိမ့်မယ်။

    ခွာင်ကြွဲပွဲတော်က လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ခန့်က ချင်းပြည်နယ်၊ ဇိုတုံးဒေသရှိ ရွာတစ်ရွာမှာ ရိုးရာခွာင်ကြွဲပွဲတော် ကျင်းပရင်း… မတော်တဆ လူသေမှုဖြစ်ပွားရာကနေ ယခုအချိန်ထိ အဲ့ဒီဒေသတွေမှာ ထိုရိုးရာပွဲတော်ကို မကျင်းပကြတော့ပါ။ ၁၃ ရာစုခန့်လောက်ကတည်းက စတင်ပေါ်‌ပေါက်ခဲ့ပြီး… ယနေ့အချိန်ထိ ထိုတစ်ကြိမ်တည်းသာ လူသေမှုဖြစ်ပွားခဲ့ပြီးနောက်… ဆက်လက်မကျင်းပကြတော့ပါ။

    ဒါကြောင့် ဆရာ ကေ(တောင်တန်းပြာ) အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ပေမယ့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ ထိန်းသိမ်းသင့်တဲ့ ရိုးရာဓလေ့ပွဲတော် အကြာင်းကို ထိုဖြစ်ရပ်မှန်ပေါ်အခြေတည်ပြီး… ဇာတ်လမ်းဖွဲ့ကာ ရေးသားထားခြင်းဖြစ်တယ်။

    ချင်းလူမျိုးတို့ရဲ့ နေထိုင်မှုပုံစံတွေ… အသက်‌မွေးဝမ်းကျောင်းဖို့အတွက် လှုပ်ရှားကြပုံတွေ… ရိုးရာကိုးကွယ်ယုံကြည်မှုတွေကို လည်း…စေ့စေ့စပ်စပ်သိနိုင်မှာပါ။

    ဒါ့အပြင်… ရိုးရားဓလေ့ထုံးတမ်းအတိုင်း လက်ထပ်ထိမ်းမြားပုံတွေ…လက်ထပ်တဲ့အခါ သတို့သားနဲ့ သတို့သမီးလက်မထပ်ခင် နှစ်ဦးနှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ သတို့သားဘက်က မင်္ဂလာအသွင်းဖိုးတင်သွင်းရပြီး သတို့သမီးဘက်ကလည်း အသွင်းဖိုး ပြန်အမ်းကြေးပေးရသေးတယ်။
    အကယ်၍ သတို့သမီးဘက်က ဘာအကြောင်းနဲ့ဖြစ်ဖြစ် မင်္ဂလာပွဲဖျတ်တာတို့၊ သစ္စာဖောက်တာတို့ဖြစ်ခဲ့မယ်ဆိုရင် သတို့သားဘက်က တင်ထားတဲ့ အသွင်းဖိုးရဲ့ တစ်ဆ ကိုပြန်လျော်ရတယ်။ အသွင်းဖိုးပြန်အမ်းကြေးရတော့ သတို့သားတင်ထားတဲ့ အသွင်းဖိုးအားလုံးရဲ့ တန်ဖိုးကို လေးပုံပုံပြီး တစ်ပုံကို သတို့သားဘက်အား ငွေကြေး ဒါမှမဟုတ် ပြန်အမ်းကြေးနဲ့ညီမျှတဲ့ ဝက် သို့မဟုတ် နွားနောက် တစ်ကောင်ကိုသတ်ပြီး သတို့သားဘက်က ဆွေမျိုးတွေကို ‌ဧည့်ခံကျွေးမွေးရတယ်။ အဲ့လိုကျွေးမွေးတဲ့အခါသတို့သမီးဘက်က ထိုအသားဟင်းကို ဘာမှခံစားခွင့်မရှိဘူး။ သတို့သားဘက်က ကြက်သားပြန်ကျွေးရတယ်။

    အဲ့လို ရိုရားဓလေ့အတိုင်း လက်ထပ်ထိမ်းမြားတဲ့အခါ လိုက်နာရတဲ့ ဓလေ့တွေ စည်းမျဉ်းကိုလည်း အများကြီးသိနိုင်တယ်။ ဒါ့အပြင် မင်္ဂလာအသွင်းဖိုးက ခံစားခွင့်ဆိုရင် သတို့သ‌မီးရဲ့မိဘ၊ အစ်မနဲ့ အစ်ကိုတွေမောင်တွေခံစားရပြီး…ညီမဖြစ်သူက မခံစားရ‌တာတွေ၊ လက်ထပ်ပြီးတာနဲ့ ကိုယ့်မိဘဆွေမျိုးတွေနဲ့ တစိမ်းဖြစ်သွားရပြီး…ယောက္ခရဲ့သမီးအဖြစ်ပဲနေကြတော့တယ်။
    ဒါ့အပြင် အိမ်ထဲဝင်တဲ့အခါမှာလည်း အိမ်ရဲ့မိသားစုတွေဝင်တဲ့အပေါက်…တခြားသူတွေဝင်တဲ့အပေါက်ဆိုပြီး အဲ့ဒီလို ခွဲခြားပြီးဝင်ကြရသေးတယ်။ အဲ့ဒီလို ရိုးရာဓလေ့အတိုင်း နေထိုင်ဆောင်ရွက်ကြပုံတွေကို အတော်လေးကိုမှ စုံစုံလင်လင်သိနိုင်တယ်။

    ဘယ်လောက်တောင်စုံသလဲဆို…ကိုယ်ဆိုတစ်နေ့တစ်နေ့ကို တစ်ခန်း နှစ်ခန်းလောက်ပဲ ပြီးအောင်ဖတ်နိုင်တယ်။ အဲ့ထပ်လည်းပိုမဖတ်ဘူး။ ဘာလို့ဆို အဲ့နှစ်ခန်းလောက်နဲ့တင် ရိုးရာဓလေ့တွေကို မရှုပ်ထွေးအောင်မနည်းမှတ်ယူရတယ်:3 လက်ထပ်ဖို့ မင်္ဂလာအသွင်းဖိုး တင်သွင်းတာတို့… ပြန်အမ်းတာတို့… တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ကျွေးမွေးကြတာတို့…
    ခွာင်ကြွဲပွဲလုပ်ဖို့ လူရွေးတာအစ… ပွဲတော်ငယ်လုပ်တာအလယ်…ပွဲတော်ကြီးလုပ်တာအဆုံး… တစ်ခန်းချင်းစီကို သေသေချာချာ အသေးစိတ်ရေးဖွဲ့ထားပြီး ခွာင်ကြွဲပွဲနဲ့ပတ်သက်တဲ့ အခေါ်အဝေါ်တွေလည်းပါဝင်တော့ ဖြည်းဖြည်းချင်းစီ နားလည်အောင်လုပ်ပြီးဖတ်တာက ပိုကောင်းတယ်။

    ချင်းလူမျိုးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေ၊ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံတွေနဲ့ ခွာင်ကြွဲပွဲအကြောင်းကို ပြည့်ပြည့်စုံစုံသိချင်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
    လူဘဝဆိုတာက အနိမ့်အမြင့်အတက်အကျနဲ့ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေရောပြွမ်းနေတဲ့အတွက် ဒီဇာတ်လမ်းမှာပါတဲ့ ဇာတ်ကောင်တွေကလည်း ခံစားချက်အစုံနဲ့ဘဝကိုဖြတ်သန်းခဲ့ကြတယ်။ ဒါကြောင့် ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးသတ်ကို ပျော်ရွှင်စရာဇာတ်သိမ်းဖြစ်မှ ကြိုက်တဲ့သူတွေကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်သိမ်းကိုကြိုက်ကြမှာမဟုတ်ဘူး။ ဒါပေမယ့် ရိုးရာဓလေ့တွေနဲ့ အောက်ချင်းငှက်တို့ကဲ့ သစ္စာတရားကိုတော့ကို ခံစားသိရှိသွားအောင် ဖတ်ကြည့်ကြစေချင်တယ်။
    စာရေးဆရာရွေးပြီးဖတ်သူတွေရော မရွေးပဲဖတ်သူတွေရော ဒီ ‘ခွာင်ကြွဲပွဲ’ ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ပုံရမ်း၊ ထန်ဇောင်ဗီးနဲ့ နုလျှံ ဆိုတဲ့ ငယ်သူငယ်ချင်းသုံးယောက်ကြားက သုံးပွင့်ဆိုင် ဇာတ်လမ်းလေးနဲ့… ရိုးရာဓလေ့ထုံးစံတွေကို သိရှိခွင့်ရပြီး သုတပိုင်းရော ရသပိုင်းပါ ခံစားနိုင်တဲ့အတွက် အပျင်းလည်းပြေသလို ဗဟုသုတပါတိုးနိုင်မှာ ဧကန်ပါပဲ။

    #၂၀၂၂
    #ခွာင်ကြွဲပွဲ
    #ကေ_တောင်တန်းပြာ

  2. li’l_bunny

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ကေ(တောင်တန်းပြာ) စာအုပ်များ