ကွိ

( 1 မှတ်ချက်)

5000 (ကျပ်)

ကွိ စာအုပ်သည် အမေရိကန်စာပေတွင် ဂန္တဝင်မြောက်စာပေအဖြစ်ထင်ရှားကျော်ကြားလျက် အကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရသော စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။

ဤစာအုပ်သည် သတင်းစာနယ်ပယ်၌ သတင်းစာဆရာဖြစ်ချင်သူများအတွက် ဘယ်သောအခါမျှ ခေတ်နောက်ကျသော အမျိုးအစားစာအုပ်မျိုးမဟုတ်ပါပေ။ မည်သည့်ခေတ်၌မဆို သတင်းစာလောက၊ သတင်းစာကမ္ဘာတည်ရှိနေသရွေ့လည်း ဤစာအုပ်သည် လေးနက်သော ဂန္တဝင်မြောက် သတင်းစာဆရာဘ၀သရုပ်ဖော် ပုံသဏ္ဍာန်ဖြင့်အသက်ဝင်တည်ရှိနေနိုင်သည့် စာအုပ်မျိုးဖြစ်သည်။ 

( စာအုပ်နှင့် ပတ်သက်၍ ဂျာနယ်မမလေး၏မှတ်ချက်ပြုချက် )

ပြည်သူကိုစည်းရုံးလှုံ့ဆော်ပညာပေးသောတိုင်းပြည်၏ မဏ္ဍိုင်ကြီးဖြစ်သော သတင်းစာလောက၌ ဘ၀ကို မြှုပ်နှံကာ ကိုယ်ကျိုးစွန့်စိတ် အပြည့်အ၀၊ အနစ်နာခံစိတ် အပြည့်အ၀၊ ရိုးသားဖြောင့်တန်းစိတ် အပြည့်အ၀၊ နှိုင်းချိန်စိတ် အပြည့်အ၀ဖြင့် နိုင်ငံ၏ ဝိညာဉ်၊ ပြည်သူ၏လိပ်ပြာကို ကာကွယ်စောင့်ရှောက်မည့် သတင်းစာသမား သွေးသစ်ဉာဏ်သစ်များ ပေါ်ထွန်းပေါက်ပွားရေးကို ဤစာအုပ်က တစ်နည်းတစ်လမ်းအားဖြင့် အထောက်အပံ့ပြုမည်ဖြစ်သည်။

ဤစာအုပ်သည် ရိုးသားသောသတင်းစာဆရာ၊ ကိုယ်ကျိုးစွန့်သော သတင်းစာဆရာ၊ အနစ်နာခံသော သတင်းစာဆရာ၏ ဘ၀ ထို့နောက် ဆင်ခြင်ဉာဏ်ကြီးမားသော အမျိုးသမီးတစ်ဦး၊ ယောကျ်ားသားတို့နှင့် ရင်ပေါင်တန်းလုပ်နိုင်ဆောင်နိုင်သည့် အစွမ်းသတ္တိကြီးမားသော အမျိုးတစ်ဦး၏ ဘ၀သရုပ်ဖော်၀တ္ထုဖြစ်ပါသည်။

စာမျက်နှာ

323

စာအုပ်အရွယ်အစား

4 x 0.3 x 6.2 inches

ပုံနှိပ်မှတ်တမ်း

နေရီရီစာအုပ်တိုက်၊ 2017 အောက်တိုဘာလ (ပဉ္စမ-ကြိမ်)

14 in stock

ကွိ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thurein

    review တွေအရ ဖတ်ကြည့်ချင်လို့ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ဟံသာ၀တီဦးဝင်းတင် စာအုပ်များ