ကုသိုလ်အကျိုးပြု တရားတော်များ

( 0 မှတ်ချက်)

15000 (ကျပ်)

ဤကျမ်းသည် ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကောင်းမှုကုသိုလ် တရားတို့၏ အကျိုးပြဝတ္ထုကျမ်း ဖြစ်ပါသည်။

ဤလောက၌ သတ္တဝါတို့၏ အကျိုးကို ဆောင်တတ်သော တရားကား ကောင်းမှုကုသိုလ်သာ ဖြစ်၏။ ကောင်းမှုကုသိုလ်မှ တစ်ပါး သတ္တဝါတို့၏ကောင်းကျိုးကို ဆောင်တတ်သော တရားသည် မရှိ။

ဒါန၊ သီလ၊  ဘာဝနာတို့မှတစ်ပါး ကောင်းမှုကုသိုလ် တရားမည်သည် မရှိ။ မြတ်စွာဘုရားမှ တစ်ပါး ဒါန၊ သီလ၊  ဘာဝနာတို့၏  အကျိုးအာနိသင်တို့ကို အပြည့်အစုံသိသူသည် မရှိ။ ဤပုညကုသလ ဝတ္ထုမှ တစ်ပါး ဒါန၊  သီလ၊  ဘာဝနာတို့၏ အကျိုးပြ စုံလင်ပြည့်ဝသော ကျမ်းသည် မရှိသေး။

ဤဝတ္ထုကျမ်းကို နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံတိုမှ အကောင်းဆုံး စံနမူနာ ဖြစ်ထိုက်သော အကျိုးပြဝတ္ထုများကို ထုတ်ယူ၍ အတိကျ မြန်မာပြန်ဆိုကာ ဖတ်ချင့်စဖွယ် လွယ်ကူသက်သာအောင် စီစဉ်ထားပါသည်။

ကျမ်းကို စီစဉ်ရာ၌ ပထမ ဒါနခန်း အကျိုးပြုဝတ္ထုများ၊ ဒုတိယ သီလခန်း အကျိုးပြုဝတ္ထုများ၊ တတိယ ဘာဝနာခန်း အကျိူးပြုဝတ္ထုများ ဟူ၍ သုံးခန်း ပိုင်းခြားထားပါသည်။

တစ်ခန်းတစ်ခန်းတွင်လည်း ရှေးဦးစွာ သက်ဆိုင်ရာ ကောင်းမှု ကုသိုလ်၏ အကျိူးအာနိသင်တို့ကို ရှင်းလင်းပြသပြီးမှ ထိုအကျိုးအာနိသင်တို့ကို ခံစားရသော သူတို့၏ ဝတ္ထုသက်သေများကို ထုတ်ဆောင် ထားသည်။

ပိဋကတ်အရသာကို ဗုဒ္စဝါဒီတိုင်း ခံစားရပါစေသတည်း။

စာမျက်နှာ

439

စာအုပ်အရွယ်အစား

5.8 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပြည်မြန်မာစာပေ၊ 2023 ဇူလိုင်လ (ဒုတိယအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကုသိုလ်အကျိုးပြု တရားတော်များ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဦးအောင်မိုး(ပါဠိ ပါရဂူ) စာအုပ်များ