ကုန်သွယ်ရေးစစ် စတင်ခြင်း

( 0 မှတ်ချက်)

4000 (ကျပ်)

ကမ္ဘာ့ ယဥ်ကျေးမှု ရိုက်ခတ်ချက်သည် မြန်မာသို့ အင်တာနက်နှင့် အတူထိုးဖောက်ဝင်ရောက်လာခဲ့ရာ စီးပွားရေးအခြေခံရှိ အပြောင်းအလဲကို လေ့လာရာတွင် နည်းနည်းပဲ ဖြစ်စေ အထောက်အကူ ဖြစ်စေဟူသည့် အနေဖြင့် အရင်းစနစ်နိဂုံးကို ရေးဖြစ်ခဲ့သည်။ စီးရီးမဟုတ်သော်လည်း ယခု ကုန်သွယ်ရေးစစ် စတင်ခြင်း သည် နောက်ဆက်တွဲ ဆက်လက်ဖတ်ရှူသွားနိုင်သည့် သဘောမျိုးဖြစ်သည်။ ကုန်သွယ်ရေးစစ်စတင်ခြင်း တွင် အခန်း(၁၅)ခု ပါဝင်ပြီး အခန်းတိုင်းတွင် အပိုင်း(၂)ပိုင်း တွေ့ရပါမည်။ တစ်ပိုင်းက ၂၀၁၈ မှ ၂၀၁၉ အတွင်း တဆင့်ချင်းမြင့်တက်လာခဲ့သည့် ကုန်သွယ်စစ် ဖြစ်ရပ်များဖြစ်ပြီး၊ နောက်တပိုင်းက ထိုဖြစ်ရပ်များနှင့် ချိတ်ဆက်နားလည်သင့်သည့် စီးပွားရေးနှင့် သမိုင်းနောက်ခံများ ဖြစ်သည်။

ယခုစာအုပ်၌ စိတ်ဝင်စားဖွယ် အခန်းခွဲ ခေါင်းစဉ်များအနေနဲ့ —
– အမေရိကန် ဗဟိုဘဏ်နှင့် ကုန်သွယ်ရေးလိုငွေ၊
– အမေရိကန်နှင့် တရုတ်စစ်အင်အား နှိုင်းယှဥ်ချက်၊
– အမေရိကန် ဘွန်းဈေးကွက်၊
– ဂလိုဘယ်လိုက်ဇေးရှင်း နောက်ပြန်ရိုက်ချက်၊
– လက်တင်အမေရိက ရွှေ့ပြောင်းခရီး၊
– နည်းပညာရဲ့ ရှေ့ဆောင်လမ်းပြ အယ်ဖာဘက်၊
– ကုန်သွယ်စစ်ထဲက သမိုင်းအရိပ်၊
– မော်ဒန်ငွေကြေး သီအိုရီ၊
– အမေရိကန်၊ တရုတ်နည်းပညာစစ်မျက်နှာ.. (စသဖြင့်) ဖတ်ရှုရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

216

စာအုပ်အရွယ်အစား

6 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ရန်ကုန်လမ်းမများစာပေ၊ 2021 ဖေဖော်ဝါရီလ(ပ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကုန်သွယ်ရေးစစ် စတင်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကျော်ဇောခိုင် စာအုပ်များ