သူ့ကို ကိုယ်ကြည့် ကိုယ့် သူကြည့်နဲ့

( 0 မှတ်ချက်)

4500 (ကျပ်)

🔸 တန်ဖိုးထား ချစ်ခင်ရသူ သုံးဦး၏ ဘဝတစိတ်တပိုင်းကို ရင်ထဲက သွန်ချဖူးသည့် ဝတ္ထုရှည် သုံးပုဒ်… လို့ ဆိုတဲ့ သူ့ကို ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့…။

🔸 သူ့ကို ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့ စာအုပ်လေးဟာ ယုံကြည်ရာပန်းတိုင် တူကြပေမဲ့ လျှောက်လှမ်းကြပုံချင်း မတူညီခဲ့ကြတဲ့ လူသုံးဦးရဲ့ ဘဝအစိတ်အပိုင်းတွေနဲ့ ယှက်နွယ်ထားတဲ့ Trilogy ဆန်ဆန် ဝတ္ထုမျိုးပါ။

🔸 ဝတ္ထုရှည် သုံးပုဒ်ဟာ တပုဒ်ချင်းစီ ဖတ်ပြန်တော့ ဘဝတခုချင်းကို မြင်ရသလို သုံးပုဒ်လုံးကို စုဖွဲ့ဖတ်ရတော့ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုဆီက ခေတ်စနစ်စုတ်ချက်မှာ အရုပ်ထင်ခဲ့တဲ့ ပန်းချီကားတချပ်ကို လှလှပပကြီး မြင်တွေ့ရပြန်တယ်။

🔸 တခုသော ခေတ်ဆီက ဘဝပုံရိပ်များလို့ ဆိုပေမဲ့ အဲဒီပုံရိပ်များကို ရသဥယျာဥ်မြေမှာ ပျိုးခဲ့ခြင်းမို့ ရနံ့တွေက လတ်ဆတ်မြဲ၊ မွှေးမြမြဲ။

🔹 ဘဝဝန်းကျင်၊ ခေတ်ဝန်းကျင်မှာ အဓိက စိတ်ဝင်စားသင့်တဲ့ အရေးအခင်းတွေကို မမြင်သာအောင်၊ ဘာမဟုတ်တဲ့ တုတ်တပြက် ဓားတပြက် ကိစ္စတွေမှာ ငေးမောပြီး အချိန်ကုန် လူညွန့်တုံးအောင် လူငယ်တွေကို သွေးဆောင်နေတာ၊ ပကတိ အခြေအနေကို မသိကျိုးကျွန် ကြီးပြင်း လူလားမြောက်ရတဲ့ လူဟာ အညွန့် ဘယ်တော့မှ မလူဘူးကွ၊ ပကတိကို မမြင်သာအောင် တွေဝေငေးမော အံ့ဩစရာတွေနဲ့ ဖုံးကွယ်ပစ်တာကို မှိုင်းတိုက်တာ ခေါ်တယ်… ဆိုတဲ့ ကိုအောင်ခိုင်။

🔹ပကတိကို နားလည်လွယ်တဲ့ ကျွန်မဟာ ပဟေဠိဆန်လွန်းရင်တော့ သဘောပေါက်ဖို့ ခဲယဥ်းမှာ အမှန်ပါပဲ… ဆိုတဲ့ မအေးမြင့်။

🔹 တို့က မြက်တော မကလို့ ခယောင်းတောပဲ ဖြစ်ဖြစ် လျှောက်ရဲတယ် ကြွယ်၊ လမ်းဖုန်ဖုန်ကို ရွေးလျှောက်တယ် ဆိုတာ ဇိမ်ခံလူတန်းစားပျက်တွေရဲ့ စရိုက်… ဆိုတဲ့ ကိုနီအောင်။

🔹 လမ်းဖောက်ထားတာ လူသွားဖို့ပဲလေ၊ လမ်းရှိရင် လမ်းပေါ်က လျှောက်ရမှာပဲ၊ ငါ ကြီးလာလို့ ငါ ဖြစ်ချင်တဲ့ ဆရာဝန် ဖြစ်ရင် လမ်းပေါ်က လျှောက်ရုံမက ကားတောင် မောင်းလိုက်ဦးမယ်၊ အဲဒါ ဇိမ်ခံတာ၊ အဲ… ဘာလဲ၊ နင်တို့အပြော ဖောက်ပြန်တာ မဟုတ်ဘူး၊ လုပ်ငန်းတွင်အောင်၊ ခရီးပေါက်အောင် လေယာဥ်ပျံတောင် မောင်းသင့် မောင်းရမှာပဲ၊ အဲ… နယ်စွန်ရပ်ဖျား လမ်းမပေါက်တဲ့ နေရာမျိုးကျတော့ ကြွယ်တို့က တောကို ထွင်ပြီး တောင်စဥ်ခုနစ်ထပ်ကို ခြေကျင် ဖြတ်ပစ်လိုက်မယ် သိလား… ဆိုတဲ့ ကြွယ်မိုးမြင့်။

🔹 ဝတ္ထုဆိုတာ အနုပညာပစ္စည်း၊ အနုပညာသဘောမှာ လိုတိုး ပိုလျှော့ အဖိအဖော့ ရှိတယ်၊ ပကတိ အရှိတရားတွေပေါ်မှာ အသစ်ဖန်တီးယူတာ အနုပညာပဲ၊ အရှိကို အရှိအတိုင်း ပြန်ရေးပြတာမျိုးလဲ ဝတ္ထုခေါ်ချင် ခေါ်ပေါ့၊ ဒါပေမဲ့ ရှုခင်းပုံကားချင်း အတူတူ ဓာတ်ပုံနဲ့ ပန်းချီ ခြားနားသလိုပေါ့၊ စက်ကိရိယာနဲ့ အနုပညာ ခြားနားတယ်၊ စက်ဆရာနဲ့ ပန်းချီဆရာ ခြားနားတယ်၊ မမစုက စက်ဆရာ အလုပ်မျိုး မလုပ်ချင်ဘူး၊ အရှိကို အရှိအတိုင်း မြင်ချင်သပဆိုရင် ဝတ္ထုမြတ်နိုးတတ်ဖို့တောင် မလိုပါဘူး၊ အနုပညာ ခံစားတတ်တဲ့ ဝိညာဥ်လိပ်ပြာလဲ မလိုပါဘူး၊ အနုပညာအကြောင်း မဆွေးနွေးနဲ့၊ ဝတ္ထုဆိုတာ စိတ်မဝင်းစားနဲ့၊ လူတကာ အိမ်ထရံပေါက်တွေကို လိုက်ဖြဲကြည့်ရုံနဲ့ အာသာပြေလောက်ပါတယ်… ဆိုတဲ့ စုစုထား။

🔹 ထမင်းတလုတ်အတွက် ဂုဏ်သိက္ခာကို မချနင်းလိုဘဲ ရေဆန်ကိုသာ လှော်ခတ်လိုသူ ကျူရှင်ဆရာ ကိုသာကျော်။

🔸 သူတို့ သူတို့တွေရဲ့ ဘဝပုံရိပ်တွေဟာ ဘယ်သို့ဘယ်ပုံ ဆက်စပ်ယှက်နွယ်နေမလဲ ဆိုတာကို သူ့ကို ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့ မှာ မြင်တွေ့ခွင့်ရမှာပါ။

စာမျက်နှာ

118

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ 2023 ဩဂုတ်လ (ပထမ-အကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သူ့ကို ကိုယ်ကြည့် ကိုယ့် သူကြည့်နဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စမ်းစမ်းနွဲ့(သာယာဝတီ) စာအုပ်များ