အိုရှိုးကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ

( 0 မှတ်ချက်)

3500 (ကျပ်)

မေး။ ခင်ဗျားဘယ်သူလဲ။

ဖြေ။ ကျုပ်ဟာ ကျုပ်ပါပဲ။ တမန်တော်မဟုတ်ဘူး။ မေသျှီရမဟုတ်ဘူး။ ခရစ်တော်မဟုတ်ဘူး။ ခင်ဗျားလို လူသာမန်တစ်ဦးပါ။

မေး။ လုံး၀ မဖြစ်နိုင်ပါဘူး။

ဟုတ်ပါတယ်၊ လုံး၀မဖြစ်နိုင်ပါဘူး။ ခင်ဗျား အိပ်ပျော်နေတာကိုး။ ဒါပေမယ့် ထူးထူးခြားခြား ဘာမှမဟုတ်ပါဘူး။ ကျုပ်လည်းခင်ဗျားလို အိပ်ပျော်ခဲ့သူတစ်ဦးပါ။ ဒါပေမယ့် တစ်နေ့ အိပ်ရာက နိုးလာပါလိမ့်မယ်။ အဲဒီ အခိုက်အတန့်ကနေ ခင်ဗျား နိုးလာမှာပါ။ ဘယ်သူမှ  အဲဒါကို တားလို့မရနိုင်ပါဘူး။ အဲဒါကြောင့် ခြားနားခြင်းဆိုတာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။

(စာအုပ်ကောက်နှုတ်ချက်)

အိုရှိုးသည် သူ့ခေတ်ကိုကျော်လွန်နေသူ ပုဂ္ဂိုလ်ဖြစ်လေသည်။ ထူးခြားသော အိုရှိုး၏ အတွေးအမြင် အကျင့်အကြံတွေကို လူတွေနားလည်သဘောပေါက်စေရန်အလို့ငှာ အချိန်သည် သူ့ကို အမီလိုက်နေရသည်။ အိုရှိုး၏ ဟောပြောပို့ချချက်များတွင် အကြောင်းအရာပေါင်းစုံပါဝင်သည်။ ယခုစာအုပ်မှာ အိုရှိုး၏ တရားဒေသနာတွေကို ၃ နှစ်မျှ လေ့လာစီစစ် သုတေသနပြုရာမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။

သူ့ဘ၀ကို လေ့လာဖို့ ကျွန်ုပ်တို့ကို အိုရှိုးကိုယ်တိုင် ဖိတ်ခေါ်ခဲ့ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ဘ၀ကို ကျွန်ုပ်တို့ကိုယ်တိုင် အပြည့်အ၀ နားလည်နိုင်မှသာလျှင် အိုရှိုးအတ္ထုပ္ပတိ္တသည်လည်း အဓိပ္ပာယ်ပြည့်၀နိုင်လေသည်။

စာမျက်နှာ

264

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2020 နိုဝင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အိုရှိုးကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နိုင်ဦး စာအုပ်များ