ကိုရီးယားစစ်သူကြီးလီဆွန်းရှင်း

( 0 မှတ်ချက်)

3000 (ကျပ်)

ရန်သူ့လှေပေါင်း (၁၀၀) ကျော်ကို တိုက်လှေ (၁၂)စင်းနဲ့ အနိုင်တိုက်ချေမှုန်းနိုင်ခဲ့သူ။

 

သမိုင်း​​ဝင် ရှားပါးတိုက်ပွဲကို မဟာအောင်ပွဲအဖြစ် ဒဏ္ဍာရီဆန်ဆန် ဖော်ဆောင်နိုင်ခဲ့သူ။

 

ကိုရီးယားနိုင်ငံဟာ အားလုံး သိထားကြတဲ့အတိုင်း အရှေ့အာရှမှာတည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၄၅ ခုနှစ်ကစပြီး နှစ်ပိုင်းကွဲကာ တောင်ကိုရီးယား(ကိုရီးယားသမ္မတနိုင်ငံ) နဲ့ မြောက်ကိုရီးယား (ကိုရီးယား ဒီမိုကရက်တစ်သမ္မတနိုင်ငံ) ဆိုပြီး တည်ရှိနေပေမယ့် မြန်မာ့သမိုင်းတွေထဲကလိုပဲ ဘုရင်ခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒေဒီ ၆၇၆ ခုနှစ်မှာ ကိုရီးယားကျွန်းဆွယ်ဟာ သုံးပြည်ထောင်လို့ လူသိများတဲ့ ဂိုဂူလျော၊ဘတ်ဂျယ် နဲ့ ရှီလာ သုံးနိုင်ငံအဖြစ် ကွဲသွားခဲ့ပါတယ်။နောက်ပိုင်းမှာ ရှီလာဟာ ဘတ်ဂျယ် နဲ့ ဂိုဂူလျောတို့ကို အနိုင်ယူခဲ့ပြီး ရှီလာပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ပြည်တွင်းစစ်ဖြစ်ပွားပြီး သုံးနိုင်ငံ ထပ်မံ ပြိုကွဲသွားကာ နောက်ပိုင်းမှာ ဂိုဂူလျောဟာ အင်အားတောင့်လာပြီး အခြားနှစ်နိုင်ငံကို သိမ်းပိုက်အောင်မြင်ခဲ့လို့ ဂိုလျောဆိုတဲ့ နာမည်နဲ့ ကိုရီးယားကျွန်းဆွယ်ကို အုပ်စိုးခဲ့ပါတော့တယ်။အရှိန်အဟုန် အားကောင်းစွာ စိုးစံခဲ့တဲ့ ဂိုလျောခေတ်ဟာ ၁၃ ရာစုအရောက်မှာတော့ မွန်ဂိုအင်ပါယာရဲ့ ကျူးကျော်မှုနဲ့ ပြန်လည်အားနည်းသွားခဲ့ပါတယ်။၁၃၉၂ ခုနှစ်မှာတော့ ဂိုလျောစစ်ဗိုလ်ချုပ် ယီဆောင်ဂဲရဲ့ ဦးဆောင်တော်လှန်မှုနဲ့ မွန်ဂို ကျူးကျော်တပ်တွေကို တော်လှန်နိုင်ခဲ့ပြီး ယီဆောင်ဂဲကပဲ ၁၃၉၂ ခုနှစ်မှာဂျိူဆောင်န်ဆိုတဲ့ အမည်နဲ့ကိုရီးယားနိုင်ငံကို ပြန်လည်တည်ထောင်နိုင်ခဲ့ပါတယ်။အနှစ်၂၀၀ နီးပါးဂျိုဆောင်န်ပြည်ဟာ ငြိမ်းချမ်းစွာ အုပ်စိုးနိုင်ခဲ့ပြီး ဒီစာအုပ်ထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ စစ်သူကြီး လီဆွန်းရှင်းဟာ ဂျိုဆောင်န်ခေတ် ၁၅ ရာစုအလယ်မှာ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ ကိုရီးယားဂျိုဆောင်န်ခေတ်ရဲ့ သမိုင်းကြောင်းကိုလည်း အတော်အသင့် သိထားမှသာ ဒီစာအုပ်ထဲမှာ ပါရှိတဲ့အကြောင်းအရာတွေကို လေ့လာတဲ့အခါ ပိုပြီးနားလည်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ အရင်ဆုံး လီဆွန်းရှင်းရဲ့  ဘ၀ဖြစ်စဉ် အကျဉ်းချုပ်နဲ့ သူရှင်သန်ဖြတ်သန်းခဲ့တဲ့ ဂျိုဆောင်န်ခေတ် အခြေအနေကို လေ့လာကြည့်ကြပါစို့။

စာမျက်နှာ

110

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.5 inches

ပုံနှိပ်မှတ်တမ်း

HOPE PUBLISHING ၊ 2022 မတ်လ၊ (ပ-ကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုရီးယားစစ်သူကြီးလီဆွန်းရှင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

HOPE Publishing အယ်ဒီတာအဖွဲ့ စာအုပ်များ