ရာဇဝင်တွင်ရစ်မည့် စကားဝိုင်းများ

( 0 မှတ်ချက်)

7000 (ကျပ်)

စစ်အေးခေတ် အရှိန်အမြင့်ဆုံးကာလတလျှောက် လွန်းပျံသံတမန်ခရီးစဉ်များ ဖြင့် ကျော်ကြားခဲ့သူ ဂန္ထဝင်သံတမန် ဒေါက်တာဟင်နရီကစ်ဆင်းဂျား (Super K) မှာ မေလ၊၂၀၂၃ တွင် အသက်(၁၀၀) ပြည့်ခဲ့ပြီးဖြစ်ပါသည်။ ယခုစာအုပ်မှာ သမ္မတနစ်ဆင်လက်ထက် တရုတ်နန်းမြို့ရိုးသို့ လက်ကမ်းလိုက်ပြီးနောက် တရုတ်ပြည်နှင့်အမေရိကန်ပြည်ထောင်စုကြား သူကိုယ်တိုင်ပါဝင်ဖြတ်သန်းလာခဲ့သော စကားဝိုင်းဆွေးနွေးပွဲပါ သံတမန်ရေးရာ အခင်းအကျင်းများ (တနည်းအားဖြင့်) နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို လေ့လာဆည်းပူးနေကြသူများ၊ ခေတ်ပြိုင်သမိုင်းကို စိတ်ဝင်စားသူများ၊ စစ်အေးခေတ်သံခင်းတမန်ခင်းကို လေ့လာလိုက်စားလိုသူများအတွက် ” ရာဇဝင်တွင်ရစ်မယ့် စကားဝိုင်းများ” ဖြစ်ပါသည်။

***

စစ်အေးခေတ်မှာ တောက်လျောက်ရန်ဖြစ်နေကြသော ကာလရှည်ကြီးတော့မဟုတ်ပါ။ အမေရိကန်၊ ဆိုဗီယက်နှင့်တရုတ် အပြိုင်အင်အားစုများကြား အခါအားလျော်စွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်များရှိပါသည်။ စစ်အေးမှ စစ်ပူပြောင်းမသွားစေရန် ထိန်းနိုင်သိမ်းနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သို့နှင့်တိုင် ဤမျှအရေးပါသော ဆွေးနွေးပွဲများအကြောင်းကို မည်သည့်ဘက်ကမှ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိခဲ့ပါ။ သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံတော်လျှို့ဝှက်ချက်များ အဖြစ်နှင့်သာ ငုပ်လျိုးပျောက်ကွယ် နေခဲ့ရပါသည်။

ဟင်နရီကစ်ဆင်းဂျားမှာ အဆိုပါဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် အားထုတ်ခဲ့ကြသူများထဲတွင် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ထို့ထက်တစ်ခါက ဆွေးနွေးဝိုင်းများတွင် အဓိကပါဝင်ခဲ့ကြသူအများစုမှာ မရှိတော့ပြီ ဖြစ်ရာ တစ်ဦးတည်း ကျန်ရစ်ခဲ့သော ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်နေပါသည်။ ယခုအချိန်ထိ သူ၏နောက်ဆုံးစာအုပ် ( The Kissinger Transcripts) ထွက်လာရာ အားလုံးကမျှော်လင့်နေသော တစ်ချိန်က ထိပ်တန်းလျှို့ဝှက်ချက်များကို အရင်းအတိုင်း လေ့လာခွင့်ရခဲ့ပါသည်။

စာမျက်နှာ

203

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပါရီစာပေ ၊ 2023 စက်တင်ဘာလ(ဒုတိယ-ကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရာဇဝင်တွင်ရစ်မည့် စကားဝိုင်းများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကျော်ဝင်း စာအုပ်များ