ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်
8000 (ကျပ်)
ဆရာကြီးဟံသာဝတီဦးဝင်းတင်ကိုယ်တိုင် RFA ရေဒီယိုမှာပြောကြားခဲ့တဲ့ သူ့ရဲ့ ကိုယ်ရေးအထုပ္ပတ္တိ အဖြစ်အပျက်တွေကို စုစည်းထားတဲ့စာအုပ်ပါ။ မူရင်း RFA အသံလွှင့်ချက်များကို နားဆင်နိုင်ရန် Audio CD ခွေလည်း ထူးထူးခြားခြားပါဝင်တဲ့ စာအုပ်ဖြစ်ပါတယ်။
ဟံသာဝတီဦးဝင်းတင်ဟာ သတင်းစာလောက၊ စာနယ်ဇင်းလောကမှာ လူသိများပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြစ်ယုံသာမက သတင်းသမားများ၊ စာနယ်ဇင်းသမားများက ချစ်ခင်လေးစား တန်ဖိုးထားကြတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ထိုနည်းတူ နိုင်ငံရေးနယ်ပယ်မှာလည်း အများက ကြည်ညိုလေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
”နိုင်ငံရေးဟူသည် ပြည်သူအတွက်ဖြစ်ရမည်၊ ပြည်သူဘက်ကရပ်တည်ရမည်၊ ပြည်သူကို မျက်နှာမူရမည်” ဟူ၍ ရှင်းရှင်းပြတ်ပြတ် ရပ်တည်ခဲ့သူ ဟံသာဝတီဦးဝင်းတင်၏ ထောင်တွင်းဘဝဖြတ်သန်းခဲ့သည့် နိုင်ငံရေးအဖြစ်အပျက်များ၊ အတွေ့အကြုံများကို ဖတ်ရှုကြရမည်ဖြစ်သလို ဦးဝင်းတင်၏ နိုင်ငံရေးခံယူချက် စိတ်ဓာတ်များကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
စာမျက်နှာ | 624 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 0.8 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ရွှေပြည်တန်စာပေ ၂၀၂၀ ၊ ဧပြီလ (ပ-ကြိမ်) |
Out of stock
Phyoe Zin Htun (verified owner) –
အာဏာရှင်ကိုထာဝရဆန့်ကျင်သူ၊လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် သံမဏိသူရဲကောင်း တော်လှန်ရေးစာပေသမားကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိဖြစ်တဲ့ “ခေတ်ဝန်ကိုထမ်းခေတ်လမ်းကိုလျှောက်”ဒီစာအုပ်ဟာအတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ဖြစ်ရုံသာမကNLDစတင်ဖြစ်ပေါ်လာပုံနှင့်သမိုင်းတစ်လျှောက်ဖြတ်သန်းမှုနှင့်၈၈ကျောင်းသားများရဲ့နိုင်ငံရေးပါဝင်လှုပ်ရှားမှုစတဲ့အကြောင်းအရာတွေစုံစုံလင်လင်ပါဝင်တာမို့ခေတ်တစ်ခေတ်ရဲ့သမိုင်းစာအုပ်တစ်အုပ်လို့တောင်ပြောချင်တယ်။ဒီစာအုပ်ထဲမှာဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့သတင်းစာသမားတစ်ယောက်ရဲ့ဘဝ၊နိုင်ငံရေးသမားတစ်ယောက်ရဲ့စိတ်ဓါတ်နဲ့လေးစားစရာကောင်းသောစွန့်လွှတ်အနစ်နာခံပေးဆပ်မှု့တို့ကိုအထင်အရှားတွေ့ရတယ်။ပြီးတော့စစ်ကြောရေးကာလအတွင်း ငရဲတမျှဆိုးရွားသော၊လူမဆန်သောညှင်းပန်းနှိပ်စက်မှု့အဖုံဖုံတို့ကိုရင်နင့်စွာဖတ်နေရင်းကကျွန်မတို့ခုရနေတဲ့ဒီမိုကရေစီ(၁၀၀%အပြည့်အဝမဟုတ်သေး)ဟာလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးဆိုတာကိုပိုပြီးသဘောပေါက်လာခဲ့တယ်။ဒါကြောင့်ကျွန်မတို့လူငယ်တွေလည်းခေတ်ဝန်ကိုထမ်းပြီးခေတ်လမ်းကိုလျှောက်နိုင်သောသူများဖြစ်နိုင်ကြစေဖို့ဆုတောင်းရင်းနဲ့ဒီစာအုပ်ကိုဖတ်ဖို့ Highly Recommanded လုပ်ပါရစေ။