ခေတ်သစ်ဗိသုကာစကားဝိုင်း

( 0 မှတ်ချက်)

4500 (ကျပ်)

ယခုစာအုပ်တွင် ဗိသုကာ နှင့် ပတ်သက်ပြီး အပိုင်း (၄) ပိုင်း ခွဲ ​တင်ပြထားပါသည်။

🔹 အပိုင်း (၁) တွင် ​​​(၂၀)ရာစု က​နေ ယ​နေ့​ခေတ် (၂၁)ရာစု အထိ ​ပေါ်​ပေါက်လာခဲ့ကြသည့် ဗိသုကာဟန်များ –
အိတ်က်စ်ပရက်စ် နစ်ဇင် (Expressionism)
ကွန်စထရပ်တ်တစ်ဗစ်ဇင် (Constructivism)
ဘော့ဟော့စ် (Bauhaus)
ဒယ်စတိုင်ရယ်လ် (De Stijl)
ဖန်ရှင်းနာလီဇဲင်မ် (Functionalism)
မင်န်နီမဲမ်လီဇဲင်မ် (Minimalism)
အင်တာနေရှင်နယ် (International)
ဒက်ဆာ့တ် မော်ဒန်နစ်ဇင် (Desert Modernism)
စထရပ်ခ်ချားလီဇဲင်မ် (Structuralism)
မက်တ်တာ ဘော်လီဇဲင်မ် (Metabolism)
ဟိုက်တက်ချ် (High Tech)
ဘရူတယ်လ်လစ်စ်ဇင် (Brutalism)
အော်ဂဲနစ် (Organic)
ပို့စ်မော်ဒန်နစ်ဇင် (Postmodernism)
ဒီကွန်စထရပ်တ်တစ်ဗစ်ဇင် (De constructivism)
ပါရာ မက်ထရစ်စင်ဇင် (Parametricism) အ​ကြောင်း ရှင်းပြထားပါသည်။ ထို့အပြင် ရိုးရာဟန် ဗိသုကာ (Vernacular Architecture) နှင့် ​ဂေါသစ်ခ် ဗိသုကာဟန် (Gothic Architecture) တို့ကို ထပ်​ပေါင်း ရှင်းပြထားပါသည်။

🔹 အပိုင်း (၂) တွင် ဆရာ၊တပည့် အပြန်အလှန် အ​မေးအ​ဖြေ သ​ဘော ​​အောက်ပါ အ​မေးများ အတွက် အ​ဖြေများ ​ဖြေ​ပေးထားပါသည်။ ​ခေတ်သစ် ဗိသုကာ အ​မေးအ​​ဖြေ ကဏ္ဍ ဖြစ်ပါသည်။

🔹 အပိုင်း (၃) တွင် မျက်မမြင် ဗိသုကာပညာရှင် ခရစ် ဒွန်နီ၊ ကမ္ဘာ့အချမ်းသာဆုံး သက်​တော်ရှည် ဗိသုကာပညာရှင်ကြီး ​​နော်မန်​ဖော်စတာ နှင့် ဆင်းရဲသား ပြည်သူများ အတွက် အိမ်ယာစီမံကိန်းများ တည်​ဆောက်​ပေးခဲ့သည့် မေတ္တာရှင် ​​အီဂျစ်ဗိသုကာပညာရှင်ကြီး ဟက်ဆန် ဖက်တီ တို့၏ ဘဝဖြတ်သန်းကြပုံများအ​ကြောင်း ​ရေးသားထားပါသည်။

🔹အပိုင်း (၄) တွင် ဂရိတိုင်လုံးကြီးများ (Classical Order)၊ ​ရောမ​ခေတ်က ​ရေချိုးခန်းများ (Roman Baths)၊ မီးထဲပြာထဲမှ ပြန်လည် ရှင်သန်ထ​မြောက်လာကြ​သည့် မြို့ကြီးများ၊ ဖုန်း​ရွှေ စွမ်းအားမြင့် အိပ်ခန်း ဒီဇိုင်း နှင့် အိမ်မက်ထဲက ဗိသုကာ ​ကျောင်း​တော် စသည့် အ​ထွေ​ထွေ ဗိသုကာ ဗဟုသုတ ​ဆောင်းပါးများကို ဖတ်ရှုရမှာပါ။

ရုပ်ပုံကားချပ်များ၊ နားလည်လွယ်စေဖို့ ​ဝေါဟာရဖြည့်စွက်ရှင်းလင်းချက်များနှင့်တကွ အပြည့်စုံဆုံး စာဖတ်သူတို့ဖတ်ရမှာပါ။

စာမျက်နှာ

231

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.5 inches

ပုံနှိပ်မှတ်တမ်း

အောင်သုတစာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခေတ်သစ်ဗိသုကာစကားဝိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဇော်ကိုကို(ဗိသုကာ) စာအုပ်များ