ခေတ်ပြိုင်ရုပ်ပုံလွှာများ

( 0 မှတ်ချက်)

5000 (ကျပ်)

ဆရာမြသန်းတင့်သည့် ကလျာမဂ္ဂဇင်းတွင် ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ “အညတရ ရုပ်ပုံလွှာ များ”ခေါင်းစဉ်ဖြင့် ထိုခေတ်ထိုအခါ အောက်ခြေလူတန်းစားများ၏ ပကတိဘဝထိုထိုတို့ကို ဆောင်းပါးများခွဲကာ ရေးသားခဲ့သည်။ ၁၉၉၁ နောက်ပိုင်းတွင်မူ စာဖတ်ပရိသတ်များ၏ အကြံပြုချက်အရ အညတရတို့၏ ဇာတ်လမ်းများသာမက လူတန်းစား အလွှာစုံတို့၏ ဘဝဇာတ်လမ်းများကိုပါ ကျ ယ်ကျယ်ပြန့်ပြန့်ပါဝင်စေလိုသော ရည်ရွယ်ချက်ဖြင့် “ခေတ်ပြိုင်ရုပ်ပုံလွှာများ”ဟု အမည်ပြောင်းကာ ဆက်လက် ရေးသားခဲ့သည်။

ယခုစာအုပ်သည် “ခေတ်ပြိုင်ရုပ်ပုံလွှာများ”ခေါင်းစဉ်အောက်မှ ဆောင်းပါးများ စုစည်းမှုဖြစ်သည်။ ၁၉၉၁ ခုနှစ်မှသည် ဆရာကွယ်လွန်ချိန်အထိ ဆရာထိတွေ့ခဲ့ရသော ခေတ်တစ်ခေတ်၏ လူတန်းစားအလွှာစုံတို့၏ လက်တွေ့နေ့စဉ်ဘဝ လောကဇာတ်ခုံမှ ဇာတ်လမ်းများကို အများပြည်သူနှင့် ထိတွေ့ရင်းနှီးသော အရေးအသားဖြင့် ထိုခေတ်၏ လူနေမှုစရိုက်စုံကို ထဲထဲဝင်ဝင် ပီပီပြင်ပြင် ရေးသားထားပါသည်။

စာမျက်နှာ

400

စာအုပ်အရွယ်အစား

5.5 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

လရိပ်မွန်စာပေ၊ 2019 နိုဝင်ဘာလ (တ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခေတ်ပြိုင်ရုပ်ပုံလွှာများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ